ပီအက်စ်ဂျီကို အနိုင်ရတဲ့ပွဲမှာ ဂျီးဆပ်စ်အနိုင်ဂိုးသွင်းနိုင်အောင် ဖန်တီးရာမှာ မှော်ဆန်တဲ့အခိုက်အတန့် ဖန်တီးခဲ့တဲ့ ဆေးလ်ဗား

ဘာနာဒိုဆေးလ်ဗားမနေ့ညတုန်းကမန်စီးတီးကပီအက်စ်ဂျီကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဂါဘရီရယ်ဂျီးဆပ်စ်အနိုင်ဂိုးသွင်းနိုင်အောင် ပီအက်စ်ဂျီခံစစ်ကိုလှည့်ကွက်သုံးပြီးဖန်တီးခဲ့ပါတယ်။

မန်စီးတီးဟာကီဗင်ဒီဘရိုင်း၊ဖီးလ်ဖိုဒန်၊ဂျက်ဂရဲလ်လစ်ရှ်တို့မပါဝင်ပေမယ့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၅မှာပီအက်စ်ဂျီကိုအနိုင်ယူပြီးအုပ်စုထိပ်ဆုံးနေရာကိုရယူခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာပထမပိုင်းမှာပီအက်စ်ဂျီကိုတိုက်စစ်အသာနဲ့ကစားခဲ့ရပေမယ့်ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။

ဒုတိယပိုင်းမှာခံစစ်ကစားနေရတဲ့ပီအက်စ်ဂျီကဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ကိုင်လီယန်ဘက်ပေးကပီအက်စ်ဂျီအတွက်ဦးဆောင်ဂိုးသွင်းခဲ့တာပါ။

ဒါပေမယ့်စတာလင်းကမန်စီးတီးအတွက်ချေပဂိုးသွင်းခဲ့ပြီးပွဲပြီးဖို့၁၄မိနစ်အလိုမှာဂျီးဆပ်စ်ကအနိုင်ဂိုးသွင်းခဲ့ပါတယ်။

ရီယက်မရာ့ဇ်ကဆေးလ်ဗားထံသို့တိကျတဲ့ပေးပို့မှုပြုလုပ်ခဲ့ပါတယ်။ပေါ်တူဂီအလယ်တန်းကစားသမားဟာမရာ့ဇ်ပေးပို့လိုက်တဲ့ဘောလုံးကို တိုက်ရိုက်ကန်မလိုလုပ်ပြီးပီအက်စ်ဂျီခံစစ်ကိုအထိတ်တလန့်ဖြစ်အောင်လုပ်ခဲ့ပါတယ်။

ဒါပေမယ့်ဆေးလ်ဗားဟာမကန်ဘဲဂျီးဆပ်စ်ကိုအသာပေးပို့လိုက်ပါတယ်။ဘရာဇီးတိုက်စစ်မှူးကယင်းကိုအပိုင်ကန်မန်စီးတီးအတွက်အနိုင်ဂိုးသွင်းခဲ့ပါတယ်။

မန်စီးတီးဟာပီအက်စ်ဂျီကိုအနိုင်ရရှိခဲ့မှုနဲ့အတူချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီကို အႏိုင္ရတဲ့ပြဲမွာ ဂ်ီးဆပ္စ္အႏိုင္ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးရာမွာ ေမွာ္ဆန္တဲ့အခိုက္အတန႔္ ဖန္တီးခဲ့တဲ့ ေဆးလ္ဗား

ဘာနာဒိုေဆးလ္ဗားမေန႔ညတုန္းကမန္စီးတီးကပီအက္စ္ဂ်ီကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဂါဘရီရယ္ဂ်ီးဆပ္စ္အႏိုင္ဂိုးသြင္းႏိုင္ေအာင္ ပီအက္စ္ဂ်ီခံစစ္ကိုလွည့္ကြက္သုံးၿပီးဖန္တီးခဲ့ပါတယ္။

မန္စီးတီးဟာကီဗင္ဒီဘ႐ိုင္း၊ဖီးလ္ဖိုဒန္၊ဂ်က္ဂရဲလ္လစ္ရွ္တို႔မပါဝင္ေပမယ့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္၅မွာပီအက္စ္ဂ်ီကိုအႏိုင္ယူၿပီးအုပ္စုထိပ္ဆုံးေနရာကိုရယူခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာပထမပိုင္းမွာပီအက္စ္ဂ်ီကိုတိုက္စစ္အသာနဲ႔ကစားခဲ့ရေပမယ့္ဂိုးေပါက္ရွာမေတြ႕ခဲ့ပါဘူး။

ဒုတိယပိုင္းမွာခံစစ္ကစားေနရတဲ့ပီအက္စ္ဂ်ီကဦးေဆာင္ဂိုးရသြားခဲ့ပါတယ္။ကိုင္လီယန္ဘက္ေပးကပီအက္စ္ဂ်ီအတြက္ဦးေဆာင္ဂိုးသြင္းခဲ့တာပါ။

ဒါေပမယ့္စတာလင္းကမန္စီးတီးအတြက္ေခ်ပဂိုးသြင္းခဲ့ၿပီးပြဲၿပီးဖို႔၁၄မိနစ္အလိုမွာဂ်ီးဆပ္စ္ကအႏိုင္ဂိုးသြင္းခဲ့ပါတယ္။

ရီယက္မရာ့ဇ္ကေဆးလ္ဗားထံသို႔တိက်တဲ့ေပးပို႔မႈျပဳလုပ္ခဲ့ပါတယ္။ေပၚတူဂီအလယ္တန္းကစားသမားဟာမရာ့ဇ္ေပးပို႔လိုက္တဲ့ေဘာလုံးကို တိုက္႐ိုက္ကန္မလိုလုပ္ၿပီးပီအက္စ္ဂ်ီခံစစ္ကိုအထိတ္တလန႔္ျဖစ္ေအာင္လုပ္ခဲ့ပါတယ္။

ဒါေပမယ့္ေဆးလ္ဗားဟာမကန္ဘဲဂ်ီးဆပ္စ္ကိုအသာေပးပို႔လိုက္ပါတယ္။ဘရာဇီးတိုက္စစ္မႉးကယင္းကိုအပိုင္ကန္မန္စီးတီးအတြက္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။

မန္စီးတီးဟာပီအက္စ္ဂ်ီကိုအႏိုင္ရရွိခဲ့မႈနဲ႔အတူခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ၿပီျဖစ္ပါတယ္။