ပီအက်စ်ဂျီက တစ်ပတ်လုပ်ခပေါင် ၇ သိန်းအထိ တိုးပေးလာပေမဲ့ မက်ဆီကို ခေါ်ယူနိုင်ရန် ဒေးဗစ်ဘက်ဟမ်းမျှော်လင့်နေဆဲ

ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီဟာလီယွန်နယ်မက်ဆီကိုခေါ်ယူရန်မျှော်လင့်ထားတုန်းဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်မေဂျာလိဂ်ကလပ်ဟာပြီးခဲ့တဲ့နိုဝင်ဘာလကတည်းကပီအက်စ်ဂျီနှင့်အာဂျင်တီးနားစူပါစတားကိုခေါ်ယူနိုင်ရန်သဘောတူညီမှုရလုနီးပါးအနေအထားမျိုးတွင်ရှိနေခဲ့တာဖြစ်ပါတယ်။

၎င်းတို့ဟာလီယွန်နယ်မက်ဆီကိုအမေရိကန်ဘောလုံးသမိုင်းတွင်အမြင့်မားဆုံးလုပ်ခအထိပေးရန်အသင့်ရှိနေပါတယ်။

ဒါပေမဲ့အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်နီးစပ်နေပါတယ်။

မက်ဆီဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ပီအက်စ်ဂျီဘက်ကစာချုပ်သက်တမ်းတိုးချုပ်ဆိုလိုနေပါတယ်။

ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီကိုတစ်ပတ်လုပ်ခပေါင်၇၀၀၀၀၀အထိလည်းတိုးမြှင့်ပေးသွားရန်အသင့်ရှိနေပါတယ်။

ဒါပေမဲ့ဒေးဗစ်ဘက်ဟမ်းကတော့လီယွန်နယ်မက်ဆီကိုအမေရိကန်မေဂျာလိဂ်သို့ခေါ်ယူနိုင်ရေးအတွက်နောက်ဆုံးအချိန်အထိမျှော်လင့်ခြင်းထားနေပါတယ်။

အင်တာမီယာမီအသင်းခေါင်းဆောင်ဂရီဂေါ်ရီကလည်းတကယ်လို့သာမက်ဆီကိုသာခေါ်ယူနိုင်မည်ဆိုပါကအမေရိကန်ဘောလုံးလောကအကြီးအကျယ်ပြောင်းလဲလာမယ်လို့ပြောကြားသွားပါတယ်။

ဂရီဂေါ်ရီက “ဘာလို့မဖြစ်နိုင်ရမှာလဲ။ဖြစ်လာနိုင်တယ်လို့ယုံကြည်တယ်။တစ်ကမ္ဘာလုံးကကစားသမားတွေကအမေရိကန်မေဂျာလိဂ်ကိုလိဂ်ကောင်းတစ်ခုလို့မြင်ကြပါတယ်။မက်ဆီရောက်လာရင်ကမ္ဘာ့အကောင်းဆုံးတစ်ဦးနဲ့တွဲကစားရမှာဖြစ်လို့ပျော်ပါတယ်။သူ့ဆီကအများကြီးသင်ယူနိုင်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီက တစ္ပတ္လုပ္ခေပါင္ ၇ သိန္းအထိ တိုးေပးလာေပမဲ့ မက္ဆီကို ေခၚယူႏိုင္ရန္ ေဒးဗစ္ဘက္ဟမ္းေမွ်ာ္လင့္ေနဆဲ

ေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီဟာလီယြန္နယ္မက္ဆီကိုေခၚယူရန္ေမွ်ာ္လင့္ထားတုန္းျဖစ္ေၾကာင္းသိရပါတယ္။

အေမရိကန္ေမဂ်ာလိဂ္ကလပ္ဟာၿပီးခဲ့တဲ့ႏိုဝင္ဘာလကတည္းကပီအက္စ္ဂ်ီႏွင့္အာဂ်င္တီးနားစူပါစတားကိုေခၚယူႏိုင္ရန္သေဘာတူညီမႈရလုနီးပါးအေနအထားမ်ိဳးတြင္ရွိေနခဲ့တာျဖစ္ပါတယ္။

၎တို႔ဟာလီယြန္နယ္မက္ဆီကိုအေမရိကန္ေဘာလုံးသမိုင္းတြင္အျမင့္မားဆုံးလုပ္ခအထိေပးရန္အသင့္ရွိေနပါတယ္။

ဒါေပမဲ့အသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္နီးစပ္ေနပါတယ္။

မက္ဆီဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမဲ့ပီအက္စ္ဂ်ီဘက္ကစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုေနပါတယ္။

ပီအက္စ္ဂ်ီဟာလီယြန္နယ္မက္ဆီကိုတစ္ပတ္လုပ္ခေပါင္၇၀၀၀၀၀အထိလည္းတိုးျမႇင့္ေပးသြားရန္အသင့္ရွိေနပါတယ္။

ဒါေပမဲ့ေဒးဗစ္ဘက္ဟမ္းကေတာ့လီယြန္နယ္မက္ဆီကိုအေမရိကန္ေမဂ်ာလိဂ္သို႔ေခၚယူႏိုင္ေရးအတြက္ေနာက္ဆုံးအခ်ိန္အထိေမွ်ာ္လင့္ျခင္းထားေနပါတယ္။

အင္တာမီယာမီအသင္းေခါင္းေဆာင္ဂရီေဂၚရီကလည္းတကယ္လို႔သာမက္ဆီကိုသာေခၚယူႏိုင္မည္ဆိုပါကအေမရိကန္ေဘာလုံးေလာကအႀကီးအက်ယ္ေျပာင္းလဲလာမယ္လို႔ေျပာၾကားသြားပါတယ္။

ဂရီေဂၚရီက “ဘာလို႔မျဖစ္ႏိုင္ရမွာလဲ။ျဖစ္လာႏိုင္တယ္လို႔ယုံၾကည္တယ္။တစ္ကမာၻလုံးကကစားသမားေတြကအေမရိကန္ေမဂ်ာလိဂ္ကိုလိဂ္ေကာင္းတစ္ခုလို႔ျမင္ၾကပါတယ္။မက္ဆီေရာက္လာရင္ကမာၻ႔အေကာင္းဆုံးတစ္ဦးနဲ႔တြဲကစားရမွာျဖစ္လို႔ေပ်ာ္ပါတယ္။သူ႔ဆီကအမ်ားႀကီးသင္ယူႏိုင္မယ္”လို႔ေျပာၾကားသြားပါတယ္။