ပီအက်စ်ဂျီစတားကို ခေါ်ယူဖို့ စပါးစ်၊ဂျူဗင်တပ်နှင့် အပြိုင်ကြဲမယ့် နယူးကာဆယ်

နယူးကာဆယ်ဟာ Suadi Public Investment Fund ရဲ့လက်အောက်သို့ ရောက်ရှိပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာအကြီးအကျယ်လှုပ်ရှားဖို့အားယူနေပါတယ်။

နယူးကာဆယ်ပိုင်ရှင်သစ်များကိုယ်တိုင်ကအသင်းကိုနယူးကာဆယ်သို့ကမ္ဘာ့အကောင်းဆုံကစားသမားများခေါ်ဆောင်ကာကမ္ဘာ့အကောင်းဆုံးကလပ်တစ်ခုဖြစ်အောင်တည်ဆောက်မယ်လို့ဆိုထားပါတယ်။

ပြီးခဲ့ရက်များအတွင်းနယူးကာဆယ်ကခေါ်ဆောင်လာနိုင်တဲ့ကစားသမားများရဲ့အမည်ထွက်ပေါ်ခဲ့ပါတယ်။ယခုနယူးကာဆယ်လိုက်နေတဲ့နောက်ဆုံးတစ်ယောက်ကတော့ ပီအက်စ်ဂျီစတားမော်ရိုအိုင်ကာဒီဖြစ်ပါတယ်။

The Daily Mail ရဲ့ဖော်ပြချက်အရနယူးကာဆယ်ရဲ့အဝယ်စာရင်းထဲမှာပီအက်စ်ဂျီတွင်နေရာရရှိရန်ရုန်းကန်နေရတဲ့မော်ရိုအိုင်ကာဒီအားပါဝင်နေကြောင်းသိရပါတယ်။အာဂျင်တီးနားတိုက်စစ်မှူးကိုခေါ်ယူရန်စပါးစ်နှင့်ဂျူဗင်တပ်တို့ကလည်းစိတ်ဝင်စားနေပါတယ်။

အိုင်ကာဒီဟာပြီးခဲ့တဲ့နွေရာသီမှာမက်ဆီရောက်လာပြီးနောက်ပီအက်စ်ဂျီပွဲထွက်လူစာရင်းမှာပါဝင်ဖို့ရုန်းကန်လာခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာဘက်ပေးမှာအသင်းပြောင်းတော့မှာဖြစ်လို့မဝေးတော့တဲ့ကာလအတွင်းမှာနေရာပုံမှန်ရလာဖို့တော့ရှိပါတယ်။

လတ်တလောအချိန်မှာတော့သူဟာ Supersub အဖြစ်သာကစားခွင့်ရရှိနေပြီးပုံမှန်ကစားခွင့်ရရှိမယ့်အသင်းတစ်သင်းသို့ပြောင်းလိုနေပါတယ်။

အသက်၂၈နှစ်ရှိအိုင်ကာဒီဟာအင်တာမီလန်အတွက်၁၈၈ပွဲတွင်၁၁၁ဂိုးသွင်းယူပြီးနောက်၂၀၂၀ခုနှစ်တွင်ယူရိုသန်း၅၀ဖြင့်ပီအက်စ်ဂျီသို့ပြောင်းခဲ့သူဖြစ်ပါတယ်။

နယူးကာဆယ်ဟာဇန်နဝါရီအပြာင်းအရွှေ့ဈေးကွက်တွင်ကစားသမားများစွာခေါ်ယူအားဖြည့်လာမယ်လို့ယုံကြည်ရပြီးမန်ယူမှဗန်ဒီဘိခ်၊ဂျက်စီလင်ဂတ်၊မာရှယ်၊အဲရစ်ဘိုင်လီ၊ဂျူဗင်တပ်မှအာရွန်ရမ်ဆေး၊ဘန်လေမှတာကော့စကီးတို့ကိုလည်းစိတ်ဝင်စားနေပါတယ်။

ZawGyi

ပီအက္စ္ဂ်ီစတားကို ေခၚယူဖို႔ စပါးစ္၊ဂ်ဴဗင္တပ္ႏွင့္ အၿပိဳင္ႀကဲမယ့္ နယူးကာဆယ္

နယူးကာဆယ္ဟာ Suadi Public Investment Fund ရဲ႕လက္ေအာက္သို႔ ေရာက္ရွိၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာအႀကီးအက်ယ္လႈပ္ရွားဖို႔အားယူေနပါတယ္။

နယူးကာဆယ္ပိုင္ရွင္သစ္မ်ားကိုယ္တိုင္ကအသင္းကိုနယူးကာဆယ္သို႔ကမာၻ႔အေကာင္းဆုံကစားသမားမ်ားေခၚေဆာင္ကာကမာၻ႔အေကာင္းဆုံးကလပ္တစ္ခုျဖစ္ေအာင္တည္ေဆာက္မယ္လို႔ဆိုထားပါတယ္။

ၿပီးခဲ့ရက္မ်ားအတြင္းနယူးကာဆယ္ကေခၚေဆာင္လာႏိုင္တဲ့ကစားသမားမ်ားရဲ႕အမည္ထြက္ေပၚခဲ့ပါတယ္။ယခုနယူးကာဆယ္လိုက္ေနတဲ့ေနာက္ဆုံးတစ္ေယာက္ကေတာ့ ပီအက္စ္ဂ်ီစတားေမာ္႐ိုအိုင္ကာဒီျဖစ္ပါတယ္။

The Daily Mail ရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္ရဲ႕အဝယ္စာရင္းထဲမွာပီအက္စ္ဂ်ီတြင္ေနရာရရွိရန္႐ုန္းကန္ေနရတဲ့ေမာ္႐ိုအိုင္ကာဒီအားပါဝင္ေနေၾကာင္းသိရပါတယ္။အာဂ်င္တီးနားတိုက္စစ္မႉးကိုေခၚယူရန္စပါးစ္ႏွင့္ဂ်ဴဗင္တပ္တို႔ကလည္းစိတ္ဝင္စားေနပါတယ္။

အိုင္ကာဒီဟာၿပီးခဲ့တဲ့ေႏြရာသီမွာမက္ဆီေရာက္လာၿပီးေနာက္ပီအက္စ္ဂ်ီပြဲထြက္လူစာရင္းမွာပါဝင္ဖို႔႐ုန္းကန္လာခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာဘက္ေပးမွာအသင္းေျပာင္းေတာ့မွာျဖစ္လို႔မေဝးေတာ့တဲ့ကာလအတြင္းမွာေနရာပုံမွန္ရလာဖို႔ေတာ့ရွိပါတယ္။

လတ္တေလာအခ်ိန္မွာေတာ့သူဟာ Supersub အျဖစ္သာကစားခြင့္ရရွိေနၿပီးပုံမွန္ကစားခြင့္ရရွိမယ့္အသင္းတစ္သင္းသို႔ေျပာင္းလိုေနပါတယ္။

အသက္၂၈ႏွစ္ရွိအိုင္ကာဒီဟာအင္တာမီလန္အတြက္၁၈၈ပြဲတြင္၁၁၁ဂိုးသြင္းယူၿပီးေနာက္၂၀၂၀ခုႏွစ္တြင္ယူ႐ိုသန္း၅၀ျဖင့္ပီအက္စ္ဂ်ီသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

နယူးကာဆယ္ဟာဇန္နဝါရီအျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားမ်ားစြာေခၚယူအားျဖည့္လာမယ္လို႔ယုံၾကည္ရၿပီးမန္ယူမွဗန္ဒီဘိခ္၊ဂ်က္စီလင္ဂတ္၊မာရွယ္၊အဲရစ္ဘိုင္လီ၊ဂ်ဴဗင္တပ္မွအာ႐ြန္ရမ္ေဆး၊ဘန္ေလမွတာေကာ့စကီးတို႔ကိုလည္းစိတ္ဝင္စားေနပါတယ္။