
ပီအက်စ်ဂျီစူပါစတားဆာဂျီယိုရာမို့စ်ဟာစနေနေ့တုန်းကပွဲစဉ်မှအနီကတ်ကြောင့်၇ပွဲအထိပွဲပယ်ခံရနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။
ရာမို့စ်ဟာစနေနေ့တုန်းကရိမ်းစ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်ရဲ့ပွဲချိန်၂၈မိနစ်တွင်စက္ကန့်၃၀အတွင်းနှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရပြီးကစားသမားဘဝတစ်လျှောက်၂၈ကြိမ်မြောက်အနီကတ်နှင့်ကြုံခဲ့ရပါတယ်။
ရာမို့စ်ဟာကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်အဝါကတ်ပြသခံရမှုကိုစောဒကတက်ခဲ့ရာမှာ ချက်ချင်းဆိုသလိုအဝါကတ်ထပ်မံပြသခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါကြောင့်ပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရရာမို့စ်ဟာဒိုင်လူကြီးကိုပြင်းထန်ရိုင်းစိုင်းရဲ့အသုံးအနှုန်းဖြင့်ဆဲဆိုပြောဆိုမှုပြုလုပ်ခဲ့မှုကြောင့် ပြင်းထန်တဲ့အရေးမှုခံလာရဖို့ရှိနေကြောင်းသိရပါတယ်။
Canal Plus ကရာမို့စ်ဟာ ဒိုင်လူကြီးကို မအေယိုးဟုအဓိပ္ပါယ်ရတဲ့ပြင်သစ်ဘာသာစကားဖြင့်ဆဲဆိုမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ရာမို့စ်ဟာပီအက်စ်ဂျီတွင်ကစားတဲ့ပထမရာသီတုန်းကဒဏ်ရာပြဿနာများကြောင့်ရုန်းကန်ခဲ့ရပေမဲ့လည်းယခုရာသီမှာ၁၄ပွဲကစားကာ၁ဂိုးသွင်းယူထားနိုင်ပါတယ်။
ZawGyi
ပီအက္စ္ဂ်ီစတားဆာဂ်ီယိုရာမို႔စ္ ၇ ပြဲအထိ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိေန
ပီအက္စ္ဂ်ီစူပါစတားဆာဂ်ီယိုရာမို႔စ္ဟာစေနေန႔တုန္းကပြဲစဥ္မွအနီကတ္ေၾကာင့္၇ပြဲအထိပြဲပယ္ခံရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။
ရာမို႔စ္ဟာစေနေန႔တုန္းကရိမ္းစ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္ရဲ႕ပြဲခ်ိန္၂၈မိနစ္တြင္စကၠန႔္၃၀အတြင္းႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရၿပီးကစားသမားဘဝတစ္ေလွ်ာက္၂၈ႀကိမ္ေျမာက္အနီကတ္ႏွင့္ႀကဳံခဲ့ရပါတယ္။
ရာမို႔စ္ဟာၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္အဝါကတ္ျပသခံရမႈကိုေစာဒကတက္ခဲ့ရာမွာ ခ်က္ခ်င္းဆိုသလိုအဝါကတ္ထပ္မံျပသခံခဲ့ရတာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရရာမို႔စ္ဟာဒိုင္လူႀကီးကိုျပင္းထန္႐ိုင္းစိုင္းရဲ႕အသုံးအႏႈန္းျဖင့္ဆဲဆိုေျပာဆိုမႈျပဳလုပ္ခဲ့မႈေၾကာင့္ ျပင္းထန္တဲ့အေရးမႈခံလာရဖို႔ရွိေနေၾကာင္းသိရပါတယ္။
Canal Plus ကရာမို႔စ္ဟာ ဒိုင္လူႀကီးကို မေအယိုးဟုအဓိပၸါယ္ရတဲ့ျပင္သစ္ဘာသာစကားျဖင့္ဆဲဆိုမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။
ရာမို႔စ္ဟာပီအက္စ္ဂ်ီတြင္ကစားတဲ့ပထမရာသီတုန္းကဒဏ္ရာျပႆနာမ်ားေၾကာင့္႐ုန္းကန္ခဲ့ရေပမဲ့လည္းယခုရာသီမွာ၁၄ပြဲကစားကာ၁ဂိုးသြင္းယူထားႏိုင္ပါတယ္။