ပီအက်စ်ဂျီစူပါစတားဘက်ပေးအတွက် ယူရို ၁ ဘီလီယံသုံးရန် အသင့်ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာပီအက်စ်ဂျီနှင့်ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးကို ယူရို၁ဘီလီယံအထိအသုံးပြုကာခေါ်ယူရန်အသင့်ရှိနေကြောင်းသိရပါတယ်။

အသက်၂၄နှစ်တည်းသာရှိသေးတဲ့ကိုင်လီယန်ဘက်ပေးဟာ၅၆နှစ်အတွင်းကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ဟက်ထရစ်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာသလို ကမ္ဘာ့ဖလားရွှေဖိနပ်ဆုလည်းရယူနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်တုန်းက၄ဂိုးသွင်းခဲ့သလို၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း၈ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘက်ပေးကိုခေါ်ယူရန်စိတ်ဝင်စားလာခဲ့တာကြာမြင့်ပြီဖြစ်ပြီး ပြီးခဲ့တဲ့နွေတုန်းကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ်လို့ယူဆခဲ့ရပါတယ်။

ဒါပေမဲ့ဘက်ပေးဟာစိတ်ပြောင်းကာပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာလာမယ့်နွေရာသီမှာတော့ ဘက်ပေးအတွက်ပေါင်၈၇၇သန်း(ယူရို၁ဘီလီယံ)အသုံးပြုလာတော့မှာဖြစ်ကြောင်း La Gazzetta ကဖော်ပြလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘက်ပေးရဲ့လုပ်ခအတွက်ပေါင်၅၅၂သန်း၊ ပြောင်းရွှေ့ကြေးပေါင်၁၃၂သန်းအပြင်လက်မှတ်ထိုးကြေးနှင့်ကော်မရှင်ခများအသုံးပြုရန်အသင့်ရှိနေပါတယ်။

ဘက်ပေးရဲ့လက်ရှိပီအက်စ်ဂျီနှင့်စာချုပ်မှာ၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်နောက်ဆုံးနှစ်တွင်ထွက်ခွာနိုင်တဲ့အချက်ထည့်သွင်းချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ရီးရဲလ်မက်ဒရစ်ကတော့လာမယ့်နွေရာသီတွင်ယူရို၁ဘီလီယံအထိအသုံးပြုကာဘက်ပေးကိုခေါ်ယူရေးကြိုးပမ်းလာတော့မှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဂူတီကတော့ဘက်ပေးကိုခေါ်ယူရေးလုပ်ဆောင်နေတဲ့ရီးရဲလ်မက်ဒရစ်ရဲ့လုပ်ဆောင်မှုကိုအားပေးနေပါတယ်။

ဂူတီက “အကောင်းဆုံးကစားသမားတွေ ရီးရဲလ်မက်ဒရစ်မှာကစားရပါမယ်။ပီအက်စ်ဂျီမှာသူကစားတာမြင်ရတော့ဒေါသထွက်ရတယ်။ရီးရဲလ်အတွက်သာမကလာလီဂါအတွက်လည်းဒေါသထွက်ရတယ်။လာလီဂါမှာကမ္ဘာ့အကောင်းဆုံးကစားသမားတွေကစားရပါမယ်။ဘက်ပေးကရီးရဲလ်မှာကစားဖို့မွေးဖွားလာသူပါ။သူ့အနေနဲ့မက်ဆီနဲ့ရော်နယ်ဒိုလို လုပ်ပြချင်ရင်ရီးရဲလ်မက်ဒရစ်အတွက်ကစားရပါမယ်။ပီအက်စ်ဂျီမှာကစားနေလို့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး”လို့ဆိုသွားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီစူပါစတားဘက္ေပးအတြက္ ယူ႐ို ၁ ဘီလီယံသုံးရန္ အသင့္ျဖစ္ေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ဟာပီအက္စ္ဂ်ီႏွင့္ျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပးကို ယူ႐ို၁ဘီလီယံအထိအသုံးျပဳကာေခၚယူရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။

အသက္၂၄ႏွစ္တည္းသာရွိေသးတဲ့ကိုင္လီယန္ဘက္ေပးဟာ၅၆ႏွစ္အတြင္းကမာၻ႔ဖလားဗိုလ္လုပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာသလို ကမာၻ႔ဖလားေ႐ႊဖိနပ္ဆုလည္းရယူႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္တုန္းက၄ဂိုးသြင္းခဲ့သလို၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္း၈ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘက္ေပးကိုေခၚယူရန္စိတ္ဝင္စားလာခဲ့တာၾကာျမင့္ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြတုန္းကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မယ္လို႔ယူဆခဲ့ရပါတယ္။

ဒါေပမဲ့ဘက္ေပးဟာစိတ္ေျပာင္းကာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ဟာလာမယ့္ေႏြရာသီမွာေတာ့ ဘက္ေပးအတြက္ေပါင္၈၇၇သန္း(ယူ႐ို၁ဘီလီယံ)အသုံးျပဳလာေတာ့မွာျဖစ္ေၾကာင္း La Gazzetta ကေဖာ္ျပလာပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘက္ေပးရဲ႕လုပ္ခအတြက္ေပါင္၅၅၂သန္း၊ ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၃၂သန္းအျပင္လက္မွတ္ထိုးေၾကးႏွင့္ေကာ္မရွင္ခမ်ားအသုံးျပဳရန္အသင့္ရွိေနပါတယ္။

ဘက္ေပးရဲ႕လက္ရွိပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္မွာ၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္ေနာက္ဆုံးႏွစ္တြင္ထြက္ခြာႏိုင္တဲ့အခ်က္ထည့္သြင္းခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ရီးရဲလ္မက္ဒရစ္ကေတာ့လာမယ့္ေႏြရာသီတြင္ယူ႐ို၁ဘီလီယံအထိအသုံးျပဳကာဘက္ေပးကိုေခၚယူေရးႀကိဳးပမ္းလာေတာ့မွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ဂူတီကေတာ့ဘက္ေပးကိုေခၚယူေရးလုပ္ေဆာင္ေနတဲ့ရီးရဲလ္မက္ဒရစ္ရဲ႕လုပ္ေဆာင္မႈကိုအားေပးေနပါတယ္။

ဂူတီက “အေကာင္းဆုံးကစားသမားေတြ ရီးရဲလ္မက္ဒရစ္မွာကစားရပါမယ္။ပီအက္စ္ဂ်ီမွာသူကစားတာျမင္ရေတာ့ေဒါသထြက္ရတယ္။ရီးရဲလ္အတြက္သာမကလာလီဂါအတြက္လည္းေဒါသထြက္ရတယ္။လာလီဂါမွာကမာၻ႔အေကာင္းဆုံးကစားသမားေတြကစားရပါမယ္။ဘက္ေပးကရီးရဲလ္မွာကစားဖို႔ေမြးဖြားလာသူပါ။သူ႔အေနနဲ႔မက္ဆီနဲ႔ေရာ္နယ္ဒိုလို လုပ္ျပခ်င္ရင္ရီးရဲလ္မက္ဒရစ္အတြက္ကစားရပါမယ္။ပီအက္စ္ဂ်ီမွာကစားေနလို႔ဘာမွျဖစ္လာမွာမဟုတ္ပါဘူး”လို႔ဆိုသြားပါတယ္။