ပီအက်စ်ဂျီစူပါစတားအား ငွေပုံသုံး ခေါ်ယူရန် မန်စီးတီးကို အသင်းပိုင်ရှင်မန်ဆာခွင့်ပြုလိုက်ပြီ

မန်စီးတီးဟာပီအက်စ်ဂျီစူပါစတားကိုင်လီယန်ဘက်ပေးအားခေါ်ယူရေးအတွက် ရီးရဲလ်မက်ဒရစ်ရဲ့အဓိကပြိုင်ဘက်ဖြစ်လာဖို့သေချာနေပြီဖြစ်ပါတယ်။မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆာဟာပြင်သစ်လက်ရွေးစင်စတားအားခေါ်ယူရေးအတွက်အစွမ်းကုန်လုပ်ဆောင်ရန်မန်စီးတီးဘုတ်အဖွဲ့ကိုခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘက်ပေးအားခေါ်ယူရေးနှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ရီးရဲလ်မက်ဒရစ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာပေါင်၁၇၁.၇သန်းဖြင့်ကမ်းလှမ်းခဲ့တာပါ။

ပီအက်စ်ဂျီဟာယခုရာသီအကုန်တွင်ဘက်ပေးမှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်လည်းအသင်းတွင်ဆက်ထိန်းရန်ဆုံးဖြတ်ခဲ့တာပါ။

အသက်၂၂နှစ်ရှိဘက်ပေးဟာလာမယ့်၂၀၂၂ခုနှစ်၊ဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေသူဖြစ်ပါတယ်။

အစောပိုင်းတုန်းကဘက်ပေးကိုရီးရဲလ်မက်ဒရစ်ကအကြိုလက်မှတ်ထိုးနိုင်ဖို့အခွင့်အရေးသာနေခဲ့ပါတယ်။ဒါပေမယ့်ယခုအခါမန်စီးတီးကလည်းဘက်ပေးကိုခေါ်ယူရေးကြိုးပမ်းလာရာရီးရဲလ်မက်ဒရစ်အနေဖြင့်ယခင်ထက်ခက်ခဲလာဖို့ရှိနေပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းပိုင်ရှင်ရှိတ်မန်ဆာဟာမန်စီးတီးအသင်းတာဝန်ရှိသူများအား ကိုင်လီယန်ဘက်ပေးကိုခေါ်ယူနိုင်ရန်အတွက်မည်မျှအသုံးစရိတ်မဆိုအသုံးပြုရန်ခွင့်ပြုထားကြောင်းသိရပါတယ်။

ZawGyi






