ပီအက်စ်ဂျီတွင် ကစားဖော်များရဲ့ ဝိုင်းကျဉ်ခြင်းခံရကာ အထီးကျန်လာတဲ့ ဘက်ပေး

ကိုင်လီယန်အမ်ဘက်ပေးဟာရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့မယ်လို့သတင်းများထွက်ပေါ်နေမှုနဲ့အတူပီအက်စ်ဂျီလေ့ကျင့်ခန်းအစီအစဉ်တွင်ကစားဖော်များရဲ့ဝိုင်းကျဉ်ခြင်းခံနေရပြီးအထီးကျန်လျက်ရှိကြောင်းသိရပါတယ်။

ပြင်သစ်စူပါစတားဘက်ပေးဟာယခုနွေရာသီအစောပိုင်းကတည်းကရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ်လို့သတင်းထွက်လာခဲ့သူလည်းဖြစ်ပါတယ်။ယခုအခါပီအက်စ်ဂျီသို့မက်ဆီရောက်လာမှုနဲ့ဘက်ပေးဟာရီးရဲလ်မက်ဒရစ်သို့ပိုမိုပြောင်းလိုနေတယ်လို့မီဒီယာများရဲ့ဖော်ပြခြင်းခံလာရပါတယ်။

သူဟာပြီးခဲ့တဲ့အပတ်တုန်းကစထရာဘော့နှင့်လီဂူး၁ပွဲစဉ်မတိုင်မီပီအက်စ်ဂျီပရိသတ်များရဲ့လှောင်ပြောင်မှုနဲ့ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။

ယခုအခါသူဟာပီအက်စ်ဂျီအသင်းတွင်ကစားဖော်များရဲ့ဝိုင်းကျဉ်ခြင်းခံလာရတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီလေ့ကျင့်ခန်းအစီအစဉ်တွင်ကျန်ကစားဖော်များကအတူတကွရယ်ရယ်မောမောနဲ့ရှိနေချိန်တွင်ကိုင်လီယန်ဘက်ပေးမှာတစ်ဦးတည်းအထီးကျန်လျက်ရှိနေကြောင်းသိရပါတယ်။

ပီအက်စ်ဂျီနည်းပြပိုချက်တီနိုကတော့ကိုင်လီယန်ဘက်ပေးမှာပီအက်စ်ဂျီတွင်ပျော်ရွှင်လျက်ရှိပြီးရာသီကောင်းတစ်ခုပိုင်ဆိုင်နိုင်ရန်အတွက်စိတ်အားထက်သန်နေကြောင်းပြောကြားသွားပါတယ်။

ဘက်ပေးဟာပီအက်စ်ဂျီနှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီတြင္ ကစားေဖာ္မ်ားရဲ႕ ဝိုင္းက်ဥ္ျခင္းခံရကာ အထီးက်န္လာတဲ့ ဘက္ေပး

ကိုင္လီယန္အမ္ဘက္ေပးဟာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕မယ္လို႔သတင္းမ်ားထြက္ေပၚေနမႈနဲ႔အတူပီအက္စ္ဂ်ီေလ့က်င့္ခန္းအစီအစဥ္တြင္ကစားေဖာ္မ်ားရဲ႕ဝိုင္းက်ဥ္ျခင္းခံေနရၿပီးအထီးက်န္လ်က္ရွိေၾကာင္းသိရပါတယ္။

ျပင္သစ္စူပါစတားဘက္ေပးဟာယခုေႏြရာသီအေစာပိုင္းကတည္းကရီးရဲလ္မက္ဒရစ္သို႔ေျပာင္းမယ္လို႔သတင္းထြက္လာခဲ့သူလည္းျဖစ္ပါတယ္။ယခုအခါပီအက္စ္ဂ်ီသို႔မက္ဆီေရာက္လာမႈနဲ႔ဘက္ေပးဟာရီးရဲလ္မက္ဒရစ္သို႔ပိုမိုေျပာင္းလိုေနတယ္လို႔မီဒီယာမ်ားရဲ႕ေဖာ္ျပျခင္းခံလာရပါတယ္။

သူဟာၿပီးခဲ့တဲ့အပတ္တုန္းကစထရာေဘာ့ႏွင့္လီဂူး၁ပြဲစဥ္မတိုင္မီပီအက္စ္ဂ်ီပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ခဲ့ရသူလည္းျဖစ္ပါတယ္။

ယခုအခါသူဟာပီအက္စ္ဂ်ီအသင္းတြင္ကစားေဖာ္မ်ားရဲ႕ဝိုင္းက်ဥ္ျခင္းခံလာရတာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီေလ့က်င့္ခန္းအစီအစဥ္တြင္က်န္ကစားေဖာ္မ်ားကအတူတကြရယ္ရယ္ေမာေမာနဲ႔ရွိေနခ်ိန္တြင္ကိုင္လီယန္ဘက္ေပးမွာတစ္ဦးတည္းအထီးက်န္လ်က္ရွိေနေၾကာင္းသိရပါတယ္။

ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုကေတာ့ကိုင္လီယန္ဘက္ေပးမွာပီအက္စ္ဂ်ီတြင္ေပ်ာ္႐ႊင္လ်က္ရွိၿပီးရာသီေကာင္းတစ္ခုပိုင္ဆိုင္ႏိုင္ရန္အတြက္စိတ္အားထက္သန္ေနေၾကာင္းေျပာၾကားသြားပါတယ္။

ဘက္ေပးဟာပီအက္စ္ဂ်ီႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။