ပီအက်စ်ဂျီတွင် ကြုံတွေ့ရမယ့် စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီဟု ဒွန်နာရမ်မာပြောကြား

ပီအက်စ်ဂျီဂိုးသမားသစ်ဂီယန်လူဂီဒွန်နာရမ်မာကပီအက်စ်ဂျီတွင်ကြုံတွေ့လာရမယ့်စိန်ခေါ်မှုအသစ်များအတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းကြုံးဝါးလိုက်ပါတယ်။

အသက်၂၂နှစ်ရှိဒွန်နာရမ်မာဟာပြီးခဲ့တဲ့ဇွန်လ၃၀ရက်နေ့တွင်အေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့တာဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာပီအက်စ်ဂျီနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးတစ်နှစ်လုပ်ခယူရို၁၂သန်းမျှရရှိလာဖို့ရှိပါတယ်။

ဒွန်နာရမ်မာဟာတနင်္ဂနွေနေ့တုန်းကအီတလီကိုယူရို၂၀၂၀ချန်ပီယံဖြစ်အောင်ကူညီပြီးနောက်ရက်အနည်းငယ်အကြာတွင်ပဲရစ်သို့သွားရောက်ကာစာချုပ်ကိစ္စအပြီးသတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒွန်နာရမ်မာက “ဒီကလပ်ကြီးရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်ခွင့်ရလို့ဝမ်းသာပါတယ်။စိန်ခေါ်မှုအသစ်ကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီလို့ထင်ပါတယ်။ဆက်ပြီးတော့ပဲရစ်မှာပိုကောင်းအောင်လုပ်သွားပါမယ်။ပဲရစ်နဲ့အတူအောင်မြင်မှုတွေရယူနိုင်သမျှရယူဖို့ကြိုးစားပြီးပရိသတ်တွေဆီသို့အပျော်တွေဆောင်ယူလာပါမယ်”လို့ပြောကြားသွားပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၅ခုနှစ်တုန်းကအသက်၁၆နှစ်အရွယ်တွင်အေစီမီလန်စီနီယာအသင်းတွင်ကစားခွင့်ရရှိပြီးနောက်အေစီမီလန်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၅၁ပွဲကစားပေးခဲ့သူလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာရီးရဲလ်မက်ဒရစ်ဂန္ထဝင်နောက်ခံလူဆာဂျီယိုရာမို့စ်နှင့်အင်တာမီလန်နောက်ခံလူဟာကီမီတို့ကိုလည်းခေါ်ယူအားဖြည့်ထားပြီးဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီတြင္ ႀကဳံေတြ႕ရမယ့္ စိန္ေခၚမႈအသစ္အတြက္ အဆင္သင့္ျဖစ္ေနၿပီဟု ဒြန္နာရမ္မာေျပာၾကား

ပီအက္စ္ဂ်ီဂိုးသမားသစ္ဂီယန္လူဂီဒြန္နာရမ္မာကပီအက္စ္ဂ်ီတြင္ႀကဳံေတြ႕လာရမယ့္စိန္ေခၚမႈအသစ္မ်ားအတြက္အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းႀကဳံးဝါးလိုက္ပါတယ္။

အသက္၂၂ႏွစ္ရွိဒြန္နာရမ္မာဟာၿပီးခဲ့တဲ့ဇြန္လ၃၀ရက္ေန႔တြင္ေအစီမီလန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးကာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့တာျဖစ္ပါတယ္။

ဒြန္နာရမ္မာဟာပီအက္စ္ဂ်ီႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးတစ္ႏွစ္လုပ္ခယူ႐ို၁၂သန္းမွ်ရရွိလာဖို႔ရွိပါတယ္။

ဒြန္နာရမ္မာဟာတနဂၤေႏြေန႔တုန္းကအီတလီကိုယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ေအာင္ကူညီၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ပဲရစ္သို႔သြားေရာက္ကာစာခ်ဳပ္ကိစၥအၿပီးသတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒြန္နာရမ္မာက “ဒီကလပ္ႀကီးရဲ႕အစိတ္အပိုင္းအျဖစ္ပါဝင္ခြင့္ရလို႔ဝမ္းသာပါတယ္။စိန္ေခၚမႈအသစ္ကိုရင္ဆိုင္ဖို႔အသင့္ျဖစ္ေနၿပီလို႔ထင္ပါတယ္။ဆက္ၿပီးေတာ့ပဲရစ္မွာပိုေကာင္းေအာင္လုပ္သြားပါမယ္။ပဲရစ္နဲ႔အတူေအာင္ျမင္မႈေတြရယူႏိုင္သမွ်ရယူဖို႔ႀကိဳးစားၿပီးပရိသတ္ေတြဆီသို႔အေပ်ာ္ေတြေဆာင္ယူလာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၅ခုႏွစ္တုန္းကအသက္၁၆ႏွစ္အ႐ြယ္တြင္ေအစီမီလန္စီနီယာအသင္းတြင္ကစားခြင့္ရရွိၿပီးေနာက္ေအစီမီလန္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၅၁ပြဲကစားေပးခဲ့သူလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာရီးရဲလ္မက္ဒရစ္ဂႏၴဝင္ေနာက္ခံလူဆာဂ်ီယိုရာမို႔စ္ႏွင့္အင္တာမီလန္ေနာက္ခံလူဟာကီမီတို႔ကိုလည္းေခၚယူအားျဖည့္ထားၿပီးျဖစ္ပါတယ္။