ပီအက်စ်ဂျီတွင် ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပေမယ့် အိုးထရက်ဖို့ဒ်သို့ မသွားလို့မပြောခဲ့တဲ့ ပိုချက်တီနို

မော်ရီစီယိုပိုချက်တီနိုကပီအက်စ်ဂျီတွင်အလွန်ပျော်ရွှင်နေကြောင်းပြောကြားကာမန်ယူကိုကိုင်တွယ်မယ့်သတင်းများထွက်ပေါ်များကိုတုံ့ပြန်ခဲ့ပါတယ်။ဒါပေမယ့်အာဂျင်တီးနားလူမျိုးဟာအိုးထရက်ဖို့ဒ်သို့မသွားလို့ပြောကြားရန်ငြင်းဆိုသွားပါတယ်.

မန်ယူဟာဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်မန်ယူယာယီနည်းပြအဖြစ်မိုက်ကယ်ကာရစ်ကတာဝန်ယူနေပြီးမန်ယူအသင်းတာဝန်ရှိသူများဟာရာသီအကုန်အထိကိုင်တွယ်ရန်ယာယီနည်းပြသစ်ရှာဖွေနေပါတယ်။

အစောပိုင်းသတင်းများအရပိုချက်တီနိုဟာဇန်နဝါရီလတွင်ပီအက်စ်ဂျီကိုကိုင်တွယ်ပြီးနောက်ဟိုတယ်တွင်တစ်ကိုယ်တော်နေထိုင်ရမှုကြောင့်အထီးကျန်နေကာပဲရစ်တွင်မပျော်ရွှင်တော့ဘဲမန်ယူအသင်းကိုကိုင်တွယ်ရန်အသင့်ရှိနေကြောင်းသတင်းထွက်ခဲ့ပါတယ်။ပိုချက်တီနိုရဲ့မိသားစုဝင်များဟာလန်ဒန်တွင်နေထိုင်နေတုန်းဘဲလို့ယုံကြည်ရပါတယ်။

ဒါပေမယ့်ပိုချက်တီနိုက “ဘောလုံးအပေါ်မှာဘဲအာရုံစိုက်နေပါတယ်။ကျွန်တော်ကကလေးတစ်ယောက်မဟုတ်တော့ပါဘူး။ကျွန်တော့်တစ်ဘဝလုံးကိုဘောလုံးကစားပြီးတော့ကုန်ဆုံးခဲ့တာပါ။နည်းပြတစ်ဦးအဖြစ်လည်းကျင်လည်လာတာ၁၂နှစ်ရှိပါပြီ။ကောလာဟလတွေကအမြဲရှိနေပါတယ်။တစ်ခါတစ်လေအပြုသဘောဆောင်ပြီးတစ်ခါတစ်လေအပြုသဘောမဆောင်ပါဘူး။ဒါပေမယ့်ကောလာဟလကကိုယ့်ကိုထိခိုက်ခွင့်ပေးလို့မရပါဘူး။ဒါကဘောလုံးပါ။အသင်းအပေါ်မှာဘဲအကောင်းဆုံးရလဒ်ရယူဖို့အာရုံစိုက်ပါတယ်။ဒီတော့ဒါနဲ့ပတ်သက်ပြီးပြောလို့မရပါဘူး။ကျွန်တော့်ကလပ်ပီအက်စ်ဂျီကိုလေးစားပါတယ်။အခြားကလပ်တွေလုပ်နေတာကျွန်တော့်ပြဿနာမဟုတ်ပါဘူး။ကျွန်တော့်အနေနဲ့ပီအက်စ်ဂျီအပေါ်မှာဘဲအာရုံစိုက်ရပါမယ်။ဒီမှာကစားသမးတစ်ဦးအဖြစ်ကစားခဲ့တယ်။ဒီကလပ်နဲ့ပရိသတ်ကိုချစ်တယ်။ဒီကလပ်မှာနည်းပြအဖြစ်လုပ်ခွင့်ရတာစိတ်လှုပ်ရှားဖို့အချိန်ပါ။ဘောလုံးမှာပစ္စုပ္ပန်ကိုပဲအာရုံစိုက်ရပါမယ်။မနက်ဖြန်အတွက်အာရုံစိုက်နေလို့မရပါဘူး။ဘောလုံးမှာရလဒ်ကအရေးအကြီးဆုံးပါ။လွန်ခဲ့တဲ့နှစ်နှစ်တုန်းကစပါးစ်ကထွက်ခွာလာခဲ့တယ်။ရက်သတ္တပတ်အနည်းငယ်ကြာတော့ကျွန်တော်တို့နဲ့ပတ်သက်ပြီးသတင်းတွေအများကြီးထွက်ခဲ့တယ်။ဒီလိုပဲပဲ။အရေးအကြီးဆုံးကအနိုင်ရဖို့ပါ။ရလဒ်ကအရေးအကြီးဆုံးပါ။ကျွန်တော့်စာချုပ်က၂၀၂၃ခုနှစ်အထိပါ။ဒီရာသီအပြင်နောက်တစ်ရာသီကျန်သေးတယ်။ကျန်တာမပြောပါဘူး။ပဲရစ်မှာပျော်တယ်။ဒါကအရေးကြီးတဲ့အချက်ပါ။ကျွန်တော်ပဲရစ်မှာပျော်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီတြင္ ေပ်ာ္႐ႊင္ေနတယ္လို႔ ေျပာခဲ့ေပမယ့္ အိုးထရက္ဖို႔ဒ္သို႔ မသြားလို႔မေျပာခဲ့တဲ့ ပိုခ်က္တီႏို

ေမာ္ရီစီယိုပိုခ်က္တီႏိုကပီအက္စ္ဂ်ီတြင္အလြန္ေပ်ာ္႐ႊင္ေနေၾကာင္းေျပာၾကားကာမန္ယူကိုကိုင္တြယ္မယ့္သတင္းမ်ားထြက္ေပၚမ်ားကိုတုံ႔ျပန္ခဲ့ပါတယ္။ဒါေပမယ့္အာဂ်င္တီးနားလူမ်ိဳးဟာအိုးထရက္ဖို႔ဒ္သို႔မသြားလို႔ေျပာၾကားရန္ျငင္းဆိုသြားပါတယ္.

မန္ယူဟာဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူယာယီနည္းျပအျဖစ္မိုက္ကယ္ကာရစ္ကတာဝန္ယူေနၿပီးမန္ယူအသင္းတာဝန္ရွိသူမ်ားဟာရာသီအကုန္အထိကိုင္တြယ္ရန္ယာယီနည္းျပသစ္ရွာေဖြေနပါတယ္။

အေစာပိုင္းသတင္းမ်ားအရပိုခ်က္တီႏိုဟာဇန္နဝါရီလတြင္ပီအက္စ္ဂ်ီကိုကိုင္တြယ္ၿပီးေနာက္ဟိုတယ္တြင္တစ္ကိုယ္ေတာ္ေနထိုင္ရမႈေၾကာင့္အထီးက်န္ေနကာပဲရစ္တြင္မေပ်ာ္႐ႊင္ေတာ့ဘဲမန္ယူအသင္းကိုကိုင္တြယ္ရန္အသင့္ရွိေနေၾကာင္းသတင္းထြက္ခဲ့ပါတယ္။ပိုခ်က္တီႏိုရဲ႕မိသားစုဝင္မ်ားဟာလန္ဒန္တြင္ေနထိုင္ေနတုန္းဘဲလို႔ယုံၾကည္ရပါတယ္။

ဒါေပမယ့္ပိုခ်က္တီႏိုက “ေဘာလုံးအေပၚမွာဘဲအာ႐ုံစိုက္ေနပါတယ္။ကြၽန္ေတာ္ကကေလးတစ္ေယာက္မဟုတ္ေတာ့ပါဘူး။ကြၽန္ေတာ့္တစ္ဘဝလုံးကိုေဘာလုံးကစားၿပီးေတာ့ကုန္ဆုံးခဲ့တာပါ။နည္းျပတစ္ဦးအျဖစ္လည္းက်င္လည္လာတာ၁၂ႏွစ္ရွိပါၿပီ။ေကာလာဟလေတြကအၿမဲရွိေနပါတယ္။တစ္ခါတစ္ေလအျပဳသေဘာေဆာင္ၿပီးတစ္ခါတစ္ေလအျပဳသေဘာမေဆာင္ပါဘူး။ဒါေပမယ့္ေကာလာဟလကကိုယ့္ကိုထိခိုက္ခြင့္ေပးလို႔မရပါဘူး။ဒါကေဘာလုံးပါ။အသင္းအေပၚမွာဘဲအေကာင္းဆုံးရလဒ္ရယူဖို႔အာ႐ုံစိုက္ပါတယ္။ဒီေတာ့ဒါနဲ႔ပတ္သက္ၿပီးေျပာလို႔မရပါဘူး။ကြၽန္ေတာ့္ကလပ္ပီအက္စ္ဂ်ီကိုေလးစားပါတယ္။အျခားကလပ္ေတြလုပ္ေနတာကြၽန္ေတာ့္ျပႆနာမဟုတ္ပါဘူး။ကြၽန္ေတာ့္အေနနဲ႔ပီအက္စ္ဂ်ီအေပၚမွာဘဲအာ႐ုံစိုက္ရပါမယ္။ဒီမွာကစားသမးတစ္ဦးအျဖစ္ကစားခဲ့တယ္။ဒီကလပ္နဲ႔ပရိသတ္ကိုခ်စ္တယ္။ဒီကလပ္မွာနည္းျပအျဖစ္လုပ္ခြင့္ရတာစိတ္လႈပ္ရွားဖို႔အခ်ိန္ပါ။ေဘာလုံးမွာပစၥဳပၸန္ကိုပဲအာ႐ုံစိုက္ရပါမယ္။မနက္ျဖန္အတြက္အာ႐ုံစိုက္ေနလို႔မရပါဘူး။ေဘာလုံးမွာရလဒ္ကအေရးအႀကီးဆုံးပါ။လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကစပါးစ္ကထြက္ခြာလာခဲ့တယ္။ရက္သတၱပတ္အနည္းငယ္ၾကာေတာ့ကြၽန္ေတာ္တို႔နဲ႔ပတ္သက္ၿပီးသတင္းေတြအမ်ားႀကီးထြက္ခဲ့တယ္။ဒီလိုပဲပဲ။အေရးအႀကီးဆုံးကအႏိုင္ရဖို႔ပါ။ရလဒ္ကအေရးအႀကီးဆုံးပါ။ကြၽန္ေတာ့္စာခ်ဳပ္က၂၀၂၃ခုႏွစ္အထိပါ။ဒီရာသီအျပင္ေနာက္တစ္ရာသီက်န္ေသးတယ္။က်န္တာမေျပာပါဘူး။ပဲရစ္မွာေပ်ာ္တယ္။ဒါကအေရးႀကီးတဲ့အခ်က္ပါ။ကြၽန္ေတာ္ပဲရစ္မွာေပ်ာ္တယ္”လို႔ေျပာၾကားသြားပါတယ္။