ပီအက်စ်ဂျီတွင် မက်ဆီ အနားယူမည်မဟုတ်၊ နောက်အပြောင်းအရွှေ့အတွက် ဆွေးနွေးထားပြီးပြီ

မက်ဆီဟာပီအက်စ်ဂျီမှာကစားသမားဘဝအဆုံးသတ်သွားမှာမဟုတ်ပါဘူး။အမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီပူးတွဲပိုင်ရှင်ဒေးဗစ်ဘက်ဟမ်းဟာဘာစီလိုနာဂန္ထဝင်ကစားသမားအားခေါ်ယူရန်ဆွေးနွေးထားပြီးပြီလည်းဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိအာဂျင်တီးနားစူပါစတားဟာယခုနွေရာသီတွင်ဘာစီလိုနာမှထွက်ခွာလာပြီးနောက်ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပါတယ်။

မက်ဆီဟာဘာစီလိုနာနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားပြီးဖြစ်ပေမယ့်ကလပ်ဘက်ကဘဏ္ဍာရေးပြဿနာရှိနေမှုကြောင့်စာချုပ်မချုပ်ဆိုနိုင်မှုနဲ့အတူထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

မက်ဆီဟာပီအက်စ်ဂျီအသင်းနှင့်၂နှစ်စာချုပ်ချုပ်ဆိုထားပြီးယင်းစာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးချုပ်ဆိုနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမယ့်အင်္ဂလန်နှင့်မန်ယူဂန္ထဝင်ကစားသမားဖြစ်တဲ့အင်တာမီယာမီဥက္ကဌဒေးဗစ်ဘက်ဟမ်းဟာလီယွန်နယ်မက်ဆီအားတစ်ချိန်တွင်အသင်းသို့ခေါ်ယူနိုင်ရေးအတွက်အချိန်မဆိုင်းဘဲပြုလုပ်ထားပြီးဖြစ်ပါတယ်။

The Daily Mail ရဲ့ဖော်ပြချက်အရမက်ဆီဟာလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းကခြောက်ထပ်အဆောက်အဦတစ်ခုကိုဝယ်ယူခဲ့ပါတယ်။

ဒါကိုကြည့်ရင်မက်ဆီဟာပီအက်စ်ဂျီမှာကစားပြီးရင်ဘက်ဟမ်းရဲ့အင်တာမီယာမီကကမ်းလှမ်းလာလျှင်လက်ခံဖို့အဆင်သင့်အနေအထားဖြစ်အောင်လုပ်ဆောင်ထားတာလို့ယူဆရပါတယ်။

ဒေးဗစ်ဘက်ဟမ်းကိုယ်တိုင်ကလည်းခရစ္စတီယာနိုရော်နယ်ဒို၊မက်ဆီကဲ့သို့စူပါစတားကစားသမားများကိုအင်တာမီယာမီသို့ခေါ်ယူလိုကြောင်းဖွင့်ဟဖူးပြီးဖြစ်ပါတယ်။

ဘက်ဟမ်းက “အခုကျွန်တော်တို့မှာရှိတဲ့ဘလာစီ(မာတူဒီ)နဲ့ဂွန်ဇာလို(ဟီဂူယင်)တို့က ကလပ်သို့ခေါ်ယူဖို့လိုတယ်ယုံကြည်လို့၊ကလပ်ကဘယ်လောက်စွဲမက်ဖို့ကောင်းတယ်ဆိုတာပြသဖို့ခေါ်ယူခဲ့တာပါ။ရှေ့မှာလည်းအခွင့်အရေးရမယ်ဆိုရင်နာမည်ကျော်တွေကိုခေါ်ယူချင်ပါတယ်။ခင်ဗျားပြောခဲ့သလိုလီယိုနဲ့ခရစ္စတီယာနိုတို့ပေါ့။သူတို့ကအလုပ်အရမ်းကြိုးစားလို့ဘောလုံးလောကရဲ့ထိပ်ဆုံးမှာ၁၅နှစ်တိုင်တိုင်ရပ်တည်လာကြတာပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အင်တာမီယာမီပူးတွဲပိုင်ရှင်ဂျော့မက်စ်ကလည်း “အင်တာမီယာမီအင်္ကျီကိုမက်ဆီဝတ်ဆင်ကစားလာမယ်လို့ကျွန်တော်ကတော့အမြဲအကောင်းမြင်ပါတယ်။သူကကျွန်တော်တို့မျိုးဆက်မှာအကြီးကျယ်ဆုံးကစားသမားဖြစ်တာကြောင့်အပြီးပြည့်စုံဆုံးဖြစ်လာပါမယ်။အင်တာမီယာမီပိုင်ရှင်တွေကလည်းကမ္ဘာ့အဆင့်အသင်းကိုတည်ဆောက်လိုတာကြောင့်ပိုင်ရှင်တွေရဲ့ရည်မှန်းချက်နဲ့လည်းကိုက်ညီပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီတြင္ မက္ဆီ အနားယူမည္မဟုတ္၊ ေနာက္အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးထားၿပီးၿပီ

မက္ဆီဟာပီအက္စ္ဂ်ီမွာကစားသမားဘဝအဆုံးသတ္သြားမွာမဟုတ္ပါဘူး။အေမရိကန္ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီပူးတြဲပိုင္ရွင္ေဒးဗစ္ဘက္ဟမ္းဟာဘာစီလိုနာဂႏၴဝင္ကစားသမားအားေခၚယူရန္ေဆြးေႏြးထားၿပီးၿပီလည္းျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစူပါစတားဟာယခုေႏြရာသီတြင္ဘာစီလိုနာမွထြက္ခြာလာၿပီးေနာက္ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

မက္ဆီဟာဘာစီလိုနာႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ေပမယ့္ကလပ္ဘက္ကဘ႑ာေရးျပႆနာရွိေနမႈေၾကာင့္စာခ်ဳပ္မခ်ဳပ္ဆိုႏိုင္မႈနဲ႔အတူထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီအသင္းႏွင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးယင္းစာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးခ်ဳပ္ဆိုႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဒါေပမယ့္အဂၤလန္ႏွင့္မန္ယူဂႏၴဝင္ကစားသမားျဖစ္တဲ့အင္တာမီယာမီဥကၠဌေဒးဗစ္ဘက္ဟမ္းဟာလီယြန္နယ္မက္ဆီအားတစ္ခ်ိန္တြင္အသင္းသို႔ေခၚယူႏိုင္ေရးအတြက္အခ်ိန္မဆိုင္းဘဲျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

The Daily Mail ရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာလြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ခန႔္တုန္းကေျခာက္ထပ္အေဆာက္အဦတစ္ခုကိုဝယ္ယူခဲ့ပါတယ္။

ဒါကိုၾကည့္ရင္မက္ဆီဟာပီအက္စ္ဂ်ီမွာကစားၿပီးရင္ဘက္ဟမ္းရဲ႕အင္တာမီယာမီကကမ္းလွမ္းလာလွ်င္လက္ခံဖို႔အဆင္သင့္အေနအထားျဖစ္ေအာင္လုပ္ေဆာင္ထားတာလို႔ယူဆရပါတယ္။

ေဒးဗစ္ဘက္ဟမ္းကိုယ္တိုင္ကလည္းခရစၥတီယာႏိုေရာ္နယ္ဒို၊မက္ဆီကဲ့သို႔စူပါစတားကစားသမားမ်ားကိုအင္တာမီယာမီသို႔ေခၚယူလိုေၾကာင္းဖြင့္ဟဖူးၿပီးျဖစ္ပါတယ္။

ဘက္ဟမ္းက “အခုကြၽန္ေတာ္တို႔မွာရွိတဲ့ဘလာစီ(မာတူဒီ)နဲ႔ဂြန္ဇာလို(ဟီဂူယင္)တို႔က ကလပ္သို႔ေခၚယူဖို႔လိုတယ္ယုံၾကည္လို႔၊ကလပ္ကဘယ္ေလာက္စြဲမက္ဖို႔ေကာင္းတယ္ဆိုတာျပသဖို႔ေခၚယူခဲ့တာပါ။ေရွ႕မွာလည္းအခြင့္အေရးရမယ္ဆိုရင္နာမည္ေက်ာ္ေတြကိုေခၚယူခ်င္ပါတယ္။ခင္ဗ်ားေျပာခဲ့သလိုလီယိုနဲ႔ခရစၥတီယာႏိုတို႔ေပါ့။သူတို႔ကအလုပ္အရမ္းႀကိဳးစားလို႔ေဘာလုံးေလာကရဲ႕ထိပ္ဆုံးမွာ၁၅ႏွစ္တိုင္တိုင္ရပ္တည္လာၾကတာပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အင္တာမီယာမီပူးတြဲပိုင္ရွင္ေဂ်ာ့မက္စ္ကလည္း “အင္တာမီယာမီအက်ႌကိုမက္ဆီဝတ္ဆင္ကစားလာမယ္လို႔ကြၽန္ေတာ္ကေတာ့အၿမဲအေကာင္းျမင္ပါတယ္။သူကကြၽန္ေတာ္တို႔မ်ိဳးဆက္မွာအႀကီးက်ယ္ဆုံးကစားသမားျဖစ္တာေၾကာင့္အၿပီးျပည့္စုံဆုံးျဖစ္လာပါမယ္။အင္တာမီယာမီပိုင္ရွင္ေတြကလည္းကမာၻ႔အဆင့္အသင္းကိုတည္ေဆာက္လိုတာေၾကာင့္ပိုင္ရွင္ေတြရဲ႕ရည္မွန္းခ်က္နဲ႔လည္းကိုက္ညီပါတယ္”လို႔ေျပာၾကားသြားပါတယ္။