ပီအက်စ်ဂျီတွင် မပျော်မရွှင်ဖြစ်နေပြီး စပါးစ်သို့ ပြန်ရန် ပိုချက်တီနို စဉ်းစားနေ

မော်ရိုစီယိုပိုချက်တီနိုဟာပြင်သစ်တွင်မပျော်မရွှင်ဖြစ်နေပြီးစပါးစ်သို့ပြန်လည်ရောက်လာနိုင်ကြောင်းသိရပါတယ်။

အခြားတစ်ဖက်တွင်စပါးစ်ဥက္ကဌလီဗိုင်းကလည်းနည်းပြဟောင်းပိုချက်တီနိုအားနည်းပြရာထူးအတွက်ပြန်လည်ကမ်းလှမ်းမှုပြုလုပ်ရန်စဉ်းစားနေပါတယ်။

အကယ်၍ပိုချက်တီနိုသာရောက်လာမည်ဆိုပါကအသင်းမှထွက်ခွာရန်စီစဉ်နေတဲ့တိုက်စစ်မှူးဟယ်ရီကိန်းကိုလည်းအသင်းတွင်ထိန်းထားနိုင်ရန်မျှော်လင့်ချက်ရှိနေပါတယ်။

ပိုချက်တီနိုဟာစပါးစ်ကိုငါးနှစ်ကြာကိုင်တွယ်ပြီးနောက်၂၀၁၉ခုနှစ်၊နိုဝင်ဘာလတုန်းကနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာဇန်နဝါရီလတုန်းကပီအက်စ်ဂျီကိုကိုင်တွယ်ခဲ့ပြီးလီဂူး၁ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

စပါးစ်ဟာပိုချက်တီနိုနေရာတွင်မော်ရင်ဟိုကိုအစားထိုးခန့်အပ်ခဲ့သော်လည်းပြီးခဲ့တဲ့ဧပြီလတုန်းကကာရာဘောင်းဖလားဗိုလ်လုပွဲမတိုင်မီရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းက၎င်းမှာမလိုအပ်ဘဲပိုချက်တီနိုကိုထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်ပိုချက်တီနိုအားထုတ်ပယ်ခဲ့မှုအတွက်နောင်တရကြောင်းဝန်ခံခဲ့ဖူးပါတယ်။

အခြားတစ်ဖက်တွင်စပါးစ်ကိုချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်ပေးခဲ့တဲ့အာဂျင်တီးနားလူမျိုးနည်းပြဟာစပါးစ်အသင်းပရိသတ်များရဲ့ချစ်ခင်မှုကိုလည်းရရှိနေဆဲနည်းပြဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီတြင္ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး စပါးစ္သို႔ ျပန္ရန္ ပိုခ်က္တီႏို စဥ္းစားေန

ေမာ္႐ိုစီယိုပိုခ်က္တီႏိုဟာျပင္သစ္တြင္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးစပါးစ္သို႔ျပန္လည္ေရာက္လာႏိုင္ေၾကာင္းသိရပါတယ္။

အျခားတစ္ဖက္တြင္စပါးစ္ဥကၠဌလီဗိုင္းကလည္းနည္းျပေဟာင္းပိုခ်က္တီႏိုအားနည္းျပရာထူးအတြက္ျပန္လည္ကမ္းလွမ္းမႈျပဳလုပ္ရန္စဥ္းစားေနပါတယ္။

အကယ္၍ပိုခ်က္တီႏိုသာေရာက္လာမည္ဆိုပါကအသင္းမွထြက္ခြာရန္စီစဥ္ေနတဲ့တိုက္စစ္မႉးဟယ္ရီကိန္းကိုလည္းအသင္းတြင္ထိန္းထားႏိုင္ရန္ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။

ပိုခ်က္တီႏိုဟာစပါးစ္ကိုငါးႏွစ္ၾကာကိုင္တြယ္ၿပီးေနာက္၂၀၁၉ခုႏွစ္၊ႏိုဝင္ဘာလတုန္းကနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

သူဟာဇန္နဝါရီလတုန္းကပီအက္စ္ဂ်ီကိုကိုင္တြယ္ခဲ့ၿပီးလီဂူး၁ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးႏိုင္ခဲ့ျခင္းမရွိပါဘူး။

စပါးစ္ဟာပိုခ်က္တီႏိုေနရာတြင္ေမာ္ရင္ဟိုကိုအစားထိုးခန႔္အပ္ခဲ့ေသာ္လည္းၿပီးခဲ့တဲ့ဧၿပီလတုန္းကကာရာေဘာင္းဖလားဗိုလ္လုပြဲမတိုင္မီရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

စပါးစ္ဥကၠဌလီဗိုင္းက၎မွာမလိုအပ္ဘဲပိုခ်က္တီႏိုကိုထုတ္ပယ္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ပိုခ်က္တီႏိုအားထုတ္ပယ္ခဲ့မႈအတြက္ေနာင္တရေၾကာင္းဝန္ခံခဲ့ဖူးပါတယ္။

အျခားတစ္ဖက္တြင္စပါးစ္ကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးခဲ့တဲ့အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာစပါးစ္အသင္းပရိသတ္မ်ားရဲ႕ခ်စ္ခင္မႈကိုလည္းရရွိေနဆဲနည္းျပျဖစ္ပါတယ္။