ပီအက်စ်ဂျီတွင် အံ့ဩစရာ စာချုပ်ပါအချက်ကြောင့် တစ်လလျှင် အပိုဆုကြေး ယူရို ၅၀၀၀၀၀ ရရှိနေတဲ့ နေမာ

နေမာဟာကမ္ဘာ့ဘောလုံးလောကမှာဒုတိယလုပ်ခအများဆုံးကစားသမားဖြစ်ပါတယ်။နေမာဟာပီအက်စ်ဂျီမှာအလွန်မြင့်မားတဲ့လုပ်ခရရှိနေတဲ့အပြင်အံ့ဩစရာကောင်းလောက်အောင်အပိုဆုကြေးငွေတွေလည်းရရှိနေသူဖြစ်ပါတယ်။

နေမာဟာ၂၀၁၇ခုနှစ်တုန်းကဘာစီလိုနာမှပီအက်စ်ဂျီသို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း၂၂၀ဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာလက်ရှိအချိန်မှာကစားဖော်မက်ဆီပြီးလျှင်ကမ္ဘာ့လုပ်ခအများဆုံးကစားသမား ဖြစ်ပါတယ်။

သူဟာပီအက်စ်ဂျီမှာတစ်ပတ်လုပ်ခယူရို၇သိန်းနီးပါးရရှိနေပါတယ်။ယင်းလုပ်ခထဲမှာအပိုဆုကြေးမပါဝင်ပါဘူး။ယင်းပမာဏကလုပ်ခသက်သက်ဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိနေမာရဲ့စာချုပ်ထဲမှာအပိုဆုကြေးများစွာရရှိမယ့်အံ့ဩစရာကောင်းတဲ့အချက်တစ်ခုလည်းပါဝင်ပါတယ်။ယင်းစာချုပ်ပါအချက်ကြောင့်နေမာဟာတစ်လလျှင်အပိုဆုကြေးယူရို၅သိန်းကျော်ရရှိနေကာတစ်နှစ်လျှင်ယူရို၆.၅သန်းရရှိပါမယ်။

နေမာအတွက်အပိုဆုကြေးများစွာရရှိမယ့်စာချုပ်ပါအချက်ကလည်းအံ့ဩစရာကောင်းပါတယ်။နေမာအနေဖြင့်ပွဲမတိုင်ခင်နှင့်ပွဲပြီးချိန်တို့မှာပရိသတ်များကိုနှုတ်ဆက်ခြင်းပြုလုပ်ရမှာဖြစ်ပါတယ်။ဒါ့အပြင်နေမာဟာအနေဖြင့်နည်းပြရဲ့နည်းစနစ်ပိုင်းကို ဝေဖန်ခြင်း၊ကလပ်နဲ့ပတ်သက်ပြီးဝေဖန်မှုမပြုလုပ်ရခြင်းစတဲ့အချက်တွေပဲဖြစ်ပါတယ်။

ပိုပြီးတော့အံ့ဩဖို့ကောင်းတာကတော့နေမာဟာမေလတုန်းကပီအက်စ်ဂျီနှင့်ချုပ်ဆိုလိုက်တဲ့စာချုပ်တန်ဖိုးကယူရိုသန်း၅၀၀ကျော်တန်ဖိုးရှိနေတာဖြစ်ပါတယ်။သူဟာ၂၀၂၅ခုနှစ်အထိပီအက်စ်ဂျီတွင်ရှိနေမယ့်စာချုပ်သစ်ကနေ ယူရို၅၀၅၅၆၁၁၇ရရှိပါမယ်။နေမာဟာယခင်စာချုပ်ဟောင်းတုန်းကလည်းအခွန်မဆောင်မီယူရို၄၃၃၃၄၄၀၀ ရရှိခဲ့သူဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီတြင္ အံ့ဩစရာ စာခ်ဳပ္ပါအခ်က္ေၾကာင့္ တစ္လလွ်င္ အပိုဆုေၾကး ယူ႐ို ၅၀၀၀၀၀ ရရွိေနတဲ့ ေနမာ

ေနမာဟာကမာၻ႔ေဘာလုံးေလာကမွာဒုတိယလုပ္ခအမ်ားဆုံးကစားသမားျဖစ္ပါတယ္။ေနမာဟာပီအက္စ္ဂ်ီမွာအလြန္ျမင့္မားတဲ့လုပ္ခရရွိေနတဲ့အျပင္အံ့ဩစရာေကာင္းေလာက္ေအာင္အပိုဆုေၾကးေငြေတြလည္းရရွိေနသူျဖစ္ပါတယ္။

ေနမာဟာ၂၀၁၇ခုႏွစ္တုန္းကဘာစီလိုနာမွပီအက္စ္ဂ်ီသို႔ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၂၂၀ျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာလက္ရွိအခ်ိန္မွာကစားေဖာ္မက္ဆီၿပီးလွ်င္ကမာၻ႔လုပ္ခအမ်ားဆုံးကစားသမား ျဖစ္ပါတယ္။

သူဟာပီအက္စ္ဂ်ီမွာတစ္ပတ္လုပ္ခယူ႐ို၇သိန္းနီးပါးရရွိေနပါတယ္။ယင္းလုပ္ခထဲမွာအပိုဆုေၾကးမပါဝင္ပါဘူး။ယင္းပမာဏကလုပ္ခသက္သက္ျဖစ္ပါတယ္။

အသက္၂၉ႏွစ္ရွိေနမာရဲ႕စာခ်ဳပ္ထဲမွာအပိုဆုေၾကးမ်ားစြာရရွိမယ့္အံ့ဩစရာေကာင္းတဲ့အခ်က္တစ္ခုလည္းပါဝင္ပါတယ္။ယင္းစာခ်ဳပ္ပါအခ်က္ေၾကာင့္ေနမာဟာတစ္လလွ်င္အပိုဆုေၾကးယူ႐ို၅သိန္းေက်ာ္ရရွိေနကာတစ္ႏွစ္လွ်င္ယူ႐ို၆.၅သန္းရရွိပါမယ္။

ေနမာအတြက္အပိုဆုေၾကးမ်ားစြာရရွိမယ့္စာခ်ဳပ္ပါအခ်က္ကလည္းအံ့ဩစရာေကာင္းပါတယ္။ေနမာအေနျဖင့္ပြဲမတိုင္ခင္ႏွင့္ပြဲၿပီးခ်ိန္တို႔မွာပရိသတ္မ်ားကိုႏႈတ္ဆက္ျခင္းျပဳလုပ္ရမွာျဖစ္ပါတယ္။ဒါ့အျပင္ေနမာဟာအေနျဖင့္နည္းျပရဲ႕နည္းစနစ္ပိုင္းကို ေဝဖန္ျခင္း၊ကလပ္နဲ႔ပတ္သက္ၿပီးေဝဖန္မႈမျပဳလုပ္ရျခင္းစတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

ပိုၿပီးေတာ့အံ့ဩဖို႔ေကာင္းတာကေတာ့ေနမာဟာေမလတုန္းကပီအက္စ္ဂ်ီႏွင့္ခ်ဳပ္ဆိုလိုက္တဲ့စာခ်ဳပ္တန္ဖိုးကယူ႐ိုသန္း၅၀၀ေက်ာ္တန္ဖိုးရွိေနတာျဖစ္ပါတယ္။သူဟာ၂၀၂၅ခုႏွစ္အထိပီအက္စ္ဂ်ီတြင္ရွိေနမယ့္စာခ်ဳပ္သစ္ကေန ယူ႐ို၅၀၅၅၆၁၁၇ရရွိပါမယ္။ေနမာဟာယခင္စာခ်ဳပ္ေဟာင္းတုန္းကလည္းအခြန္မေဆာင္မီယူ႐ို၄၃၃၃၄၄၀၀ ရရွိခဲ့သူျဖစ္ပါတယ္။