ပီအက်စ်ဂျီထက် ပိုအရေးပါတယ်လို့ ထင်နေတဲ့ ဘက်ပေးကို ဟင်နရီ ပြစ်ပြစ်နှစ်နှစ်ဝေဖန်

သီယာရီဟင်နရီဟာ ပီအက်စ်ဂျီတွင်ကစားနေရတဲ့နေရာနှင့်ပတ်သက်ပြီးစောဒကတက်မှုပြုလုပ်လာတဲ့ ကိုင်လီယန်ဘက်ပေးကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်လာပါတယ်။

ကိုင်လီယန်ဘက်ပေးဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၂ဂိုးသွင်းယူထားပါတယ်။

ဒါပေမဲ့သူဟာတနင်္ဂနွေနေ့တုန်းကရိမ်းစ်နှင့်ဂိုးမရှိသရေကျပြီးနောက် ဆိုရှယ်မီဒီယာတွင် ကိုယ့်ဓာတ်ပုံကိုတင်ပြီး Pivot Gang ဆိုပြီးရေးသားတင်ခဲ့ပါတယ်။

ဘက်ပေးဟာရိမ်းစ်နှင့်တွင်တိုက်စစ်ထောက်ပံ့မှုတစုံတရာမရရှိဘဲအထောင်တိုက်စစ်မှူးအဖြစ်ကစားရမှုအပေါ်စောဒတက်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာယင်းပို့စ်ကိုမကြာမီတွင်ပြန်ဖျက်ခဲ့ပါတယ်။ဒါပေမဲ့အင်္ဂါနေ့မှာတော့ကိုင်လီယန်ဘက်ပေးဟာပီအက်စ်ဂျီဘက်ကသူ့ကိုပေးထားတဲ့ကတိကိုချိုးဖောက်တယ်လို့ယုံကြည်ကာဇန်နဝါရီအပြောင်းအရွှေ့တွင်ပင်အသင်းပြောင်းလိုနေကြောင်းသတင်းများကျယ်ပြန့်စွာထွက်ပေါ်လာခဲ့ပါတယ်။

ယခုအခါ ဘက်ပေးကဲ့သို့ပင်မိုနာကိုလူငယ်စီမံကိန်းမှထွက်ပေါ်လာခဲ့တဲ့ ဟင်နရီဟာပြင်သစ်စူပါစတားကိုဝေဖန်မှုပြုလုပ်လာပါတယ်။

ဟင်နရီက၎င်းမှာဘာစီလိုနာမှာတုန်းကမက်ဆီနှင့်လိုက်လျောညီထွေစွာကစားနိုင်ရေးအတွက် မတူညီတဲ့နေရာများတွင်ကစားခဲ့ရကြောင်းဆိုလာပါတယ်။

ဟင်နရီက “မင်းမကောင်းတဲ့နေရာမှာဘယ်သူကမှမင်းကိုကစားစေချင်မှာမဟုတ်ဘူး။မင်းကအဲဒီနေရာကိုမကြိုက်ရုံသာပဲရှိပါလိမ့်မယ်။ဒါပေမဲ့အဲဒီမှာ ကိုယ့်ကိုယ်ကိုယ်အရာအရာထက်ကြီးတယ်လို့ထင်မှတ်တာပါတယ်။ကလပ်ထက်ရောပေါ့။ဒါပေမဲ့သူတို့ကပဲသူ့ကိုကလပ်ကအရေးအကြီးဆုံးအရာ(သို့မဟုတ်)ကလပ်ထက် သူကပိုအရေးကြီးတယ်လို့ခံစားရစေအောင်လုပ်ထားသလားမသိပါဘူး။ကိုယ့်ဇာတ်လမ်းကိုယ်ပြောပြပါမယ်။ဘာစီလိုနာမှာတုန်းကကျွန်တော် တောင်ပံထွက်ပြီးမကစားချင်ဘူး။အောက်သို့ဆင်းမကစားချင်ဘူး။အဲဒီလိုကစားရတာမုန်းတယ်။ဒါပေမဲ့အသင်းအတွက်ကစားခဲ့ရတယ်။ပွဲတစ်ရာကစားပြီးတဲ့အချိန်မှာတောင်မကြိုက်ဘူး။ပြင်သစ်အတွက်ကျွန်တော်ဂိုးဘယ်လောက်သွင်းခဲ့လဲမသိတော့ဘူး။ဒါပေမဲ့ဘယ်ခြမ်းသို့ထွက်ကစားရတယ်။ဂိုးသွင်းနည်းပြီးပွဲနည်းတဲ့ကစားသမားကိုငဲ့ပြီးဘယ်သို့ထွက်ကစားပေးတယ်လို့လည်းဘယ်သူကမှမချီးကျူးကြဘူး။စည်းမျဉ်းကတစ်ခုပဲရှိတယ်။နည်းပြကမင်းကိုတစ်ခုခုလုပ်စေချင်တယ်ဆိုပါရင် အသင်းအတွက်ကောင်းမယ်ဆိုရင် လုပ်ရပါမယ်။အသင်းအတွက်မကောင်းဘူးဆိုရင်တော့ငြင်းရခုန်ရမယ်”လို့ပြောကြားသွားပါတယ်။

ကိုင်လီယန်ဘက်ပေးဟာနွေရာသီတွင်ပီအက်စ်ဂျီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာကာရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ်လို့ယူဆခဲ့ရပါတယ်။ဒါပေမဲ့သူဟာမေလမှာတော့ပီအက်စ်ဂျီနှင့်သုံးနှစ်စာချုပ်သစ်ချုပ်ဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရကိုင်လီယန်ဘက်ပေးနှင့်ပီအက်စ်ဂျီတို့အကြားဆက်ဆံရေးမှာ လုံးဝပျက်စီးသွားပြီဖြစ်ကြောင်းသိရပါတယ်။

လတ်တလောတွင်ပီအက်စ်ဂျီဟာအသင်းအတွက်၁၈၃ဂိုးသွင်းယူထားတဲ့ ကျောနံပါတ်၇ကစားသမားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၃၅၀သတ်မှတ်ထားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီထက္ ပိုအေရးပါတယ္လို႔ ထင္ေနတဲ့ ဘက္ေပးကို ဟင္နရီ ျပစ္ျပစ္ႏွစ္ႏွစ္ေဝဖန္

သီယာရီဟင္နရီဟာ ပီအက္စ္ဂ်ီတြင္ကစားေနရတဲ့ေနရာႏွင့္ပတ္သက္ၿပီးေစာဒကတက္မႈျပဳလုပ္လာတဲ့ ကိုင္လီယန္ဘက္ေပးကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္လာပါတယ္။

ကိုင္လီယန္ဘက္ေပးဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၂ဂိုးသြင္းယူထားပါတယ္။

ဒါေပမဲ့သူဟာတနဂၤေႏြေန႔တုန္းကရိမ္းစ္ႏွင့္ဂိုးမရွိသေရက်ၿပီးေနာက္ ဆိုရွယ္မီဒီယာတြင္ ကိုယ့္ဓာတ္ပုံကိုတင္ၿပီး Pivot Gang ဆိုၿပီးေရးသားတင္ခဲ့ပါတယ္။

ဘက္ေပးဟာရိမ္းစ္ႏွင့္တြင္တိုက္စစ္ေထာက္ပံ့မႈတစုံတရာမရရွိဘဲအေထာင္တိုက္စစ္မႉးအျဖစ္ကစားရမႈအေပၚေစာဒတက္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာယင္းပို႔စ္ကိုမၾကာမီတြင္ျပန္ဖ်က္ခဲ့ပါတယ္။ဒါေပမဲ့အဂၤါေန႔မွာေတာ့ကိုင္လီယန္ဘက္ေပးဟာပီအက္စ္ဂ်ီဘက္ကသူ႔ကိုေပးထားတဲ့ကတိကိုခ်ိဳးေဖာက္တယ္လို႔ယုံၾကည္ကာဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ပင္အသင္းေျပာင္းလိုေနေၾကာင္းသတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚလာခဲ့ပါတယ္။

ယခုအခါ ဘက္ေပးကဲ့သို႔ပင္မိုနာကိုလူငယ္စီမံကိန္းမွထြက္ေပၚလာခဲ့တဲ့ ဟင္နရီဟာျပင္သစ္စူပါစတားကိုေဝဖန္မႈျပဳလုပ္လာပါတယ္။

ဟင္နရီက၎မွာဘာစီလိုနာမွာတုန္းကမက္ဆီႏွင့္လိုက္ေလ်ာညီေထြစြာကစားႏိုင္ေရးအတြက္ မတူညီတဲ့ေနရာမ်ားတြင္ကစားခဲ့ရေၾကာင္းဆိုလာပါတယ္။

ဟင္နရီက “မင္းမေကာင္းတဲ့ေနရာမွာဘယ္သူကမွမင္းကိုကစားေစခ်င္မွာမဟုတ္ဘူး။မင္းကအဲဒီေနရာကိုမႀကိဳက္႐ုံသာပဲရွိပါလိမ့္မယ္။ဒါေပမဲ့အဲဒီမွာ ကိုယ့္ကိုယ္ကိုယ္အရာအရာထက္ႀကီးတယ္လို႔ထင္မွတ္တာပါတယ္။ကလပ္ထက္ေရာေပါ့။ဒါေပမဲ့သူတို႔ကပဲသူ႔ကိုကလပ္ကအေရးအႀကီးဆုံးအရာ(သို႔မဟုတ္)ကလပ္ထက္ သူကပိုအေရးႀကီးတယ္လို႔ခံစားရေစေအာင္လုပ္ထားသလားမသိပါဘူး။ကိုယ့္ဇာတ္လမ္းကိုယ္ေျပာျပပါမယ္။ဘာစီလိုနာမွာတုန္းကကြၽန္ေတာ္ ေတာင္ပံထြက္ၿပီးမကစားခ်င္ဘူး။ေအာက္သို႔ဆင္းမကစားခ်င္ဘူး။အဲဒီလိုကစားရတာမုန္းတယ္။ဒါေပမဲ့အသင္းအတြက္ကစားခဲ့ရတယ္။ပြဲတစ္ရာကစားၿပီးတဲ့အခ်ိန္မွာေတာင္မႀကိဳက္ဘူး။ျပင္သစ္အတြက္ကြၽန္ေတာ္ဂိုးဘယ္ေလာက္သြင္းခဲ့လဲမသိေတာ့ဘူး။ဒါေပမဲ့ဘယ္ျခမ္းသို႔ထြက္ကစားရတယ္။ဂိုးသြင္းနည္းၿပီးပြဲနည္းတဲ့ကစားသမားကိုငဲ့ၿပီးဘယ္သို႔ထြက္ကစားေပးတယ္လို႔လည္းဘယ္သူကမွမခ်ီးက်ဴးၾကဘူး။စည္းမ်ဥ္းကတစ္ခုပဲရွိတယ္။နည္းျပကမင္းကိုတစ္ခုခုလုပ္ေစခ်င္တယ္ဆိုပါရင္ အသင္းအတြက္ေကာင္းမယ္ဆိုရင္ လုပ္ရပါမယ္။အသင္းအတြက္မေကာင္းဘူးဆိုရင္ေတာ့ျငင္းရခုန္ရမယ္”လို႔ေျပာၾကားသြားပါတယ္။

ကိုင္လီယန္ဘက္ေပးဟာေႏြရာသီတြင္ပီအက္စ္ဂ်ီမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာကာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းမယ္လို႔ယူဆခဲ့ရပါတယ္။ဒါေပမဲ့သူဟာေမလမွာေတာ့ပီအက္စ္ဂ်ီႏွင့္သုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းအရကိုင္လီယန္ဘက္ေပးႏွင့္ပီအက္စ္ဂ်ီတို႔အၾကားဆက္ဆံေရးမွာ လုံးဝပ်က္စီးသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။

လတ္တေလာတြင္ပီအက္စ္ဂ်ီဟာအသင္းအတြက္၁၈၃ဂိုးသြင္းယူထားတဲ့ ေက်ာနံပါတ္၇ကစားသမားအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၅၀သတ္မွတ္ထားပါတယ္။