ပီအက်စ်ဂျီနည်းပြရာထူးအတွက် သတင်းထွက်နေစဉ် အလုပ်သစ်လက်ခံလိုက်တဲ့ ဇီဒန်း

ဇီဒန်းဟာပီအက်စ်ဂျီနည်းပြရာထူးအတွက်ရေပန်းစားနေစဉ်အတွင်းထင်မှတ်မထားဘဲအလုပ်သစ်လက်ခံလိုက်ပါတယ်။

ပြင်သစ်ဖော်မြူလာဝမ်းအသင်း Alpine က၂၀၂၃ခုနှစ်အတွက်ကားသစ်ကြေညာလာချိန်တွင်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဇီဒန်းကိုသံတမန်အဖြစ်ခန့်အပ်လိုက်ကြောင်းကြေညာလာတာလည်းဖြစ်ပါတယ်။

သူဟာဘောလုံးနည်းပြလောကသို့ပြန်လည်ဝင်ရောက်ရန်စိတ်အားထက်သန်နေဆဲဖြစ်ပေမဲ့လည်းငယ်ဘဝအိပ်မက်ပြည့်လာရေးအတွက် Alpine ရဲ့အလုပ်ကမ်းလှမ်းမှုကိုလက်ခံလိုက်တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာကြားရက်တုန်းကဘိုင်ယန်မြူးနစ်ကိုချန်ပီယံလိဂ်တွင်ရှုံးနိမ့်ပြီးနောက်နည်းပြခရစ္စတိုဖီဂယ်တီယာကိုရာထူးမှထုတ်ပယ်ပြီးဇီဒန်းကိုခန့်အပ်မယ်လို့သတင်းထွက်နေပါတယ်။

ပြင်သစ်မီဒီယာများရဲ့ဖော်ပြမှုအရပီအက်စ်ဂျီဟာမတ်လ၈ရက်နေ့တွင်ကစားမဲ့ဘိုင်ယန်မြူးနစ်နှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲအထိဂယ်တီယာကိုအခွင့်အရေးပေးထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကိုနှစ်ကြိမ်ကိုင်တွယ်ခဲ့ဖူးတဲ့ဇီဒန်းဟာရီးရဲလ်မက်ဒရစ်နှင့်အတူ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အထိချန်ပီယံလိဂ်ဖလား၃ကြိမ်ဆက်တိုက်ဆွတ်ခူးထားနိုင်တဲ့နည်းပြလည်းဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီနည္းျပရာထူးအတြက္ သတင္းထြက္ေနစဥ္ အလုပ္သစ္လက္ခံလိုက္တဲ့ ဇီဒန္း

ဇီဒန္းဟာပီအက္စ္ဂ်ီနည္းျပရာထူးအတြက္ေရပန္းစားေနစဥ္အတြင္းထင္မွတ္မထားဘဲအလုပ္သစ္လက္ခံလိုက္ပါတယ္။

ျပင္သစ္ေဖာ္ျမဴလာဝမ္းအသင္း Alpine က၂၀၂၃ခုႏွစ္အတြက္ကားသစ္ေၾကညာလာခ်ိန္တြင္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ဇီဒန္းကိုသံတမန္အျဖစ္ခန႔္အပ္လိုက္ေၾကာင္းေၾကညာလာတာလည္းျဖစ္ပါတယ္။

သူဟာေဘာလုံးနည္းျပေလာကသို႔ျပန္လည္ဝင္ေရာက္ရန္စိတ္အားထက္သန္ေနဆဲျဖစ္ေပမဲ့လည္းငယ္ဘဝအိပ္မက္ျပည့္လာေရးအတြက္ Alpine ရဲ႕အလုပ္ကမ္းလွမ္းမႈကိုလက္ခံလိုက္တာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာၾကားရက္တုန္းကဘိုင္ယန္ျမဴးနစ္ကိုခ်န္ပီယံလိဂ္တြင္ရႈံးနိမ့္ၿပီးေနာက္နည္းျပခရစၥတိုဖီဂယ္တီယာကိုရာထူးမွထုတ္ပယ္ၿပီးဇီဒန္းကိုခန႔္အပ္မယ္လို႔သတင္းထြက္ေနပါတယ္။

ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပမႈအရပီအက္စ္ဂ်ီဟာမတ္လ၈ရက္ေန႔တြင္ကစားမဲ့ဘိုင္ယန္ျမဴးနစ္ႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲအထိဂယ္တီယာကိုအခြင့္အေရးေပးထားပါတယ္။

ရီးရဲလ္မက္ဒရစ္ကိုႏွစ္ႀကိမ္ကိုင္တြယ္ခဲ့ဖူးတဲ့ဇီဒန္းဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူ၂၀၁၆ခုႏွစ္မွ၂၀၁၈ခုႏွစ္အထိခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ဆက္တိုက္ဆြတ္ခူးထားႏိုင္တဲ့နည္းျပလည္းျဖစ္ပါတယ္။