ပီအက်စ်ဂျီနဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ အဆင့်မြင့်စိတ်ဓာတ်ကို ပြသခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီအသင်းနှင့်ပြုလုပ်တဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာသူ့ကြီးကျယ်မြင့်မားလာတဲ့စိတ်ဓာတ်ပိုင်းကိုပြသခဲ့ပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားတဲ့လီယွန်နယ်မက်ဆီဟာဗုဒ္ဓဟူးနေ့တုန်းကပီအက်စ်ဂျီကစားသမားအဖြစ်မိတ်ဆက်ခဲ့ပြီးကမ္ဘာ့မီဒီယာစာမျက်နှာကိုလွှမ်းမိုးခဲ့ပါတယ်။

ယင်းနောက်သူဟာကြာသပတေးနေ့မှာတော့ပီအက်စ်ဂျီသို့ရောက်လာပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ကစားဖော်သစ်များနှင့်အတူစတင်လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာတစ်ကိုယ်တော်လေ့ကျင့်ခန်းဆင်းမှုအချို့ပြုလုပ်ခဲ့တဲ့အပြင်ကစားဖော်များနှင့်လည်းပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။

Marca သတင်းစာရဲ့ဖော်ပြချက်အရ မက်ဆီဟာပီအက်စ်ဂျီလေ့ကျင့်ခန်းအစီအစဉ်သို့ သတ်မှတ်ချိန်ထက်နှစ်နာရီနီးပါးစောပြီး၉နာရီ၊၁၅မိနစ်မှာရောက်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာနေ့လည်၁၁နာရီအချိန်မှာမှလေ့ကျင့်ခန်းစတင်ခဲ့တာပါ။ဒါပေမယ့်မက်ဆီဟာကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပေမယ့်လည်းပထမဆုံးတွေ့ဆုံချိန်မှာဘဲအားလုံးအထင်ကြီးလေးစားလာအောင်လုပ်ပြခဲ့ပါတယ်။သူဟာနည်းပြအဖွဲ့ဝင်များနှင့်တရင်းတနှီးစကားပြောခဲ့သလိုလေ့ကျင့်ခန်းအစီအစဉ်မှာအားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပါတယ်။

မက်ဆီဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်လုပ်ဆောင်ခဲ့ခြင်းမရှိတာနဲ့အညီပွဲကစားဖို့ကြံ့ခိုင်မှုအပြည့်အဝမရှိသေးတာကြောင့်ယခုအပတ်စထရာဘော့နှင့်ပွဲစဉ်မှာပါဝင်လာဦးမှာမဟုတ်ပါဘူး။

ဒါပေမယ့်မက်ဆီဟာစက်တင်ဘာလမှာကစားရမယ့်နိုင်ငံတကာပွဲစဉ်များမတိုင်မီပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုကစားနိုင်ဖို့ရှိနေပါတယ်။မက်ဆီဟာဩဂုတ်လ၂၉ရက်နေ့မှာရိမ်းစ်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲမှာပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုကစားနိုင်ဖို့မျှော်လင့်နေပါတယ်။

ZawGyi

ပီအက္စ္ဂ်ီနဲ႔ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာ အဆင့္ျမင့္စိတ္ဓာတ္ကို ျပသခဲ့တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီအသင္းႏွင့္ျပဳလုပ္တဲ့ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာသူ႔ႀကီးက်ယ္ျမင့္မားလာတဲ့စိတ္ဓာတ္ပိုင္းကိုျပသခဲ့ပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားတဲ့လီယြန္နယ္မက္ဆီဟာဗုဒၶဟူးေန႔တုန္းကပီအက္စ္ဂ်ီကစားသမားအျဖစ္မိတ္ဆက္ခဲ့ၿပီးကမာၻ႔မီဒီယာစာမ်က္ႏွာကိုလႊမ္းမိုးခဲ့ပါတယ္။

ယင္းေနာက္သူဟာၾကာသပေတးေန႔မွာေတာ့ပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ကစားေဖာ္သစ္မ်ားႏွင့္အတူစတင္ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာတစ္ကိုယ္ေတာ္ေလ့က်င့္ခန္းဆင္းမႈအခ်ိဳ႕ျပဳလုပ္ခဲ့တဲ့အျပင္ကစားေဖာ္မ်ားႏွင့္လည္းပူးေပါင္းေလ့က်င့္ခဲ့ပါတယ္။

Marca သတင္းစာရဲ႕ေဖာ္ျပခ်က္အရ မက္ဆီဟာပီအက္စ္ဂ်ီေလ့က်င့္ခန္းအစီအစဥ္သို႔ သတ္မွတ္ခ်ိန္ထက္ႏွစ္နာရီနီးပါးေစာၿပီး၉နာရီ၊၁၅မိနစ္မွာေရာက္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာေန႔လည္၁၁နာရီအခ်ိန္မွာမွေလ့က်င့္ခန္းစတင္ခဲ့တာပါ။ဒါေပမယ့္မက္ဆီဟာကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ေပမယ့္လည္းပထမဆုံးေတြ႕ဆုံခ်ိန္မွာဘဲအားလုံးအထင္ႀကီးေလးစားလာေအာင္လုပ္ျပခဲ့ပါတယ္။သူဟာနည္းျပအဖြဲ႕ဝင္မ်ားႏွင့္တရင္းတႏွီးစကားေျပာခဲ့သလိုေလ့က်င့္ခန္းအစီအစဥ္မွာအားသြန္ခြန္စိုက္လုပ္ေဆာင္ခဲ့ပါတယ္။

မက္ဆီဟာရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္လုပ္ေဆာင္ခဲ့ျခင္းမရွိတာနဲ႔အညီပြဲကစားဖို႔ႀကံ့ခိုင္မႈအျပည့္အဝမရွိေသးတာေၾကာင့္ယခုအပတ္စထရာေဘာ့ႏွင့္ပြဲစဥ္မွာပါဝင္လာဦးမွာမဟုတ္ပါဘူး။

ဒါေပမယ့္မက္ဆီဟာစက္တင္ဘာလမွာကစားရမယ့္ႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုကစားႏိုင္ဖို႔ရွိေနပါတယ္။မက္ဆီဟာဩဂုတ္လ၂၉ရက္ေန႔မွာရိမ္းစ္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲမွာပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုကစားႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။