
မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာပီအက်စ်ဂျီနှင့်ပွဲစဉ်တွင်မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းအနီကတ်ပြထုတ်ပယ်ခြင်းမခံရမှုအတွက်ယူအီးအက်ဖ်အေအပြင်းအထန်ဝေဖန်နေကြပါတယ်။
အသက်၃၀နှစ်ရှိကီဗင်ဒီဘရိုင်းဟာမနေ့ညတုန်းကပီအက်စ်ဂျီကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာအိုင်ဒရက်စ်ဆာဂူယီရဲ့ခြေသလုံးကိုတက်နင်းပြီးကြမ်းတမ်းစွာကစားခဲ့ပေမယ့်အနီကတ်ပြသခြင်းမခံရဘဲအဝါကတ်သာပြသခြင်းခံခဲ့ရပါတယ်။
မန်ယူနောက်ခံလူအေရွန်ဝန်ဘစ်ဆာခါဟာယန်းဘွိုင်းစ်နှင့်ပွဲစဉ်မှာကီဗင်ဒီဘရိုင်းကဲ့သို့ဖျက်ထုတ်မှုလုပ်ခဲ့ပေမယ့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ကီဗင်ဒီဘရိုင်းရဲ့ဖြစ်ရပ်ကို VAR ကစစ်ဆေးမှုပြုလုပ်ခဲ့ပေမယ့်လည်းအနီကတ်ပြသခြင်းမခံခဲ့ရဘဲအဝါကတ်သာပြသခံခဲ့ရတာပါ။
ဒါကြောင့်လည်းမန်ယူပရိသတ်များဟာယူအီးအက်ဖ်အေရဲ့ဘက်လိုက်ဆုံးဖြတ်မှုများအပေါ်ဒေါသထွက်နေကြတာဖြစ်ပါတယ်။
မန်ယူပရိသတ်တစ်ဦးက “ဒီဘရိုင်းကျဘာလို့အထုတ်မခံရတာလဲ။ဝန်ဘစ်ဆာခါရဲ့ဖျက်ထုတ်မှုနဲ့ဘာမှမကွာဘူး”လို့ဆိုသွားပါတယ်။
အခြားမန်ယူပရိသတ်တစ်ဦးကလည်း “ဝန်ဘစ်ဆာခါကျအထုတ်ခံရပြီးဒီဘရိုင်းကျဘာလို့မထုတ်မခံရတာလဲ။သမာသမတ်ကျမှုဘယ်မှာလဲ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “VAR ကမျှတမှုမရှိဘူး။ဒီလိုမျိုးဖျက်ထုတ်မှုအတွက်ဝန်ဘစ်ဆာခါအထုတ်ခံခဲ့ရတယ်။မေးခွန်းတောင်မေးခွင့်မရှိဘူး။တကယ့်ကိုမယုံနိုင်စရာဘဲ”လို့ဆိုသွားပါတယ်။
ZawGyi
ပီအက္စ္ဂ်ီႏွင့္ပြဲတြင္ မန္စီးတီးရဲ႕ဒီဘ႐ိုင္း အနီကတ္ျပသမခံရမႈအတြက္ သရဲနီပရိသတ္မ်ား ေပါက္ကြဲ
မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာပီအက္စ္ဂ်ီႏွင့္ပြဲစဥ္တြင္မန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းအနီကတ္ျပထုတ္ပယ္ျခင္းမခံရမႈအတြက္ယူအီးအက္ဖ္ေအအျပင္းအထန္ေဝဖန္ေနၾကပါတယ္။
အသက္၃၀ႏွစ္ရွိကီဗင္ဒီဘ႐ိုင္းဟာမေန႔ညတုန္းကပီအက္စ္ဂ်ီကို၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာအိုင္ဒရက္စ္ဆာဂူယီရဲ႕ေျခသလုံးကိုတက္နင္းၿပီးၾကမ္းတမ္းစြာကစားခဲ့ေပမယ့္အနီကတ္ျပသျခင္းမခံရဘဲအဝါကတ္သာျပသျခင္းခံခဲ့ရပါတယ္။
မန္ယူေနာက္ခံလူေအ႐ြန္ဝန္ဘစ္ဆာခါဟာယန္းဘြိဳင္းစ္ႏွင့္ပြဲစဥ္မွာကီဗင္ဒီဘ႐ိုင္းကဲ့သို႔ဖ်က္ထုတ္မႈလုပ္ခဲ့ေပမယ့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
ကီဗင္ဒီဘ႐ိုင္းရဲ႕ျဖစ္ရပ္ကို VAR ကစစ္ေဆးမႈျပဳလုပ္ခဲ့ေပမယ့္လည္းအနီကတ္ျပသျခင္းမခံခဲ့ရဘဲအဝါကတ္သာျပသခံခဲ့ရတာပါ။
ဒါေၾကာင့္လည္းမန္ယူပရိသတ္မ်ားဟာယူအီးအက္ဖ္ေအရဲ႕ဘက္လိုက္ဆုံးျဖတ္မႈမ်ားအေပၚေဒါသထြက္ေနၾကတာျဖစ္ပါတယ္။
မန္ယူပရိသတ္တစ္ဦးက “ဒီဘ႐ိုင္းက်ဘာလို႔အထုတ္မခံရတာလဲ။ဝန္ဘစ္ဆာခါရဲ႕ဖ်က္ထုတ္မႈနဲ႔ဘာမွမကြာဘူး”လို႔ဆိုသြားပါတယ္။
အျခားမန္ယူပရိသတ္တစ္ဦးကလည္း “ဝန္ဘစ္ဆာခါက်အထုတ္ခံရၿပီးဒီဘ႐ိုင္းက်ဘာလို႔မထုတ္မခံရတာလဲ။သမာသမတ္က်မႈဘယ္မွာလဲ”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “VAR ကမွ်တမႈမရွိဘူး။ဒီလိုမ်ိဳးဖ်က္ထုတ္မႈအတြက္ဝန္ဘစ္ဆာခါအထုတ္ခံခဲ့ရတယ္။ေမးခြန္းေတာင္ေမးခြင့္မရွိဘူး။တကယ့္ကိုမယုံႏိုင္စရာဘဲ”လို႔ဆိုသြားပါတယ္။