ပီအက်စ်ဂျီနှင့်ပွဲမှာ နှစ်ကိုက်အကွာမှ အပိုင်ဂိုးကို လွဲခဲ့လို့ ဝါနာဆေးလ်ဗားလို့ အခေါ်ခံနေရတဲ့ ဆေးလ်ဗား

ဘာနာဒိုဆေးလ်ဗားဟာမနေ့ညတုန်းကပီအက်စ်ဂျီကိုမန်စီးတီးက၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာမန်စီးတီးအတွက် သေချာပေါက်ချေပဂိုးရရှိမယ့်ရွှေအခွင့်အရေးကြီးကိုဖြုန်းတီးပစ်ခဲ့ပါတယ်။

ယင်းပွဲမှာပီအက်စ်ဂျီဟာပွဲအစ၈မိနစ်မှာအိုင်ဒရေဆာဂူယီဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးဆေးလ်ဗားကချေပဂိုးရမယ့်အခွင့်အရေးကြုံခဲ့ပါတယ်။

ပွဲချိန်၂၅မိနစ်ကီဗင်ဒီဘရိုင်းရဲ့ဖြတ်တင်ဘောကနေစတာလင်းရဲ့ခေါင်းတိုက်ချက်အပေါ်ဘားထိပြီးပြန်ထံလာရကနေ ဘာနာဒိုဆေးလ်ဗားဟာနှစ်ကိုက်ခန့်အကွာကနေ အပိုင်ကန်ခွင့်ရခဲ့ပေမယ့်လည်းအပေါ်ဘားကိုထပ်မံထိသွားခဲ့လို့နစ်နာခဲ့ရပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာနှစ်ကိုက်အကွာမှအပိုင်ဂိုးကိုဖြုန်းတီးခဲ့မှုနဲ့အတူတီမိုဝါနာနှင့်ခိုင်းနှိုင်းခြင်းခံထားရပြီးတီမိုဆေးလ်ဗားလို့ခေါ်ဝေါ်ခြင်းခံနေရပါတယ်။

ယင်းပွဲမှာပီအက်စ်ဂျီအတွက်ဒုတိယအနိုင်ဂိုးကိုလီယွန်နယ်မက်ဆီကဘက်ပေးနှင့်ဝမ်းတူးရိုက်ကာပင်နယ်တီဧရိယာအစပ်ကနေလှလှပပကန်သွင်းယူခဲ့ပါတယ်။ယင်းဂိုးဟာမက်ဆီအတွက်ပီအက်စ်ဂျီအတွက်ပထမဆုံးသွင်းယူတဲ့ဂိုးဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီႏွင့္ပြဲမွာ ႏွစ္ကိုက္အကြာမွ အပိုင္ဂိုးကို လြဲခဲ့လို႔ ဝါနာေဆးလ္ဗားလို႔ အေခၚခံေနရတဲ့ ေဆးလ္ဗား

ဘာနာဒိုေဆးလ္ဗားဟာမေန႔ညတုန္းကပီအက္စ္ဂ်ီကိုမန္စီးတီးက၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာမန္စီးတီးအတြက္ ေသခ်ာေပါက္ေခ်ပဂိုးရရွိမယ့္ေ႐ႊအခြင့္အေရးႀကီးကိုျဖဳန္းတီးပစ္ခဲ့ပါတယ္။

ယင္းပြဲမွာပီအက္စ္ဂ်ီဟာပြဲအစ၈မိနစ္မွာအိုင္ဒေရဆာဂူယီဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးေဆးလ္ဗားကေခ်ပဂိုးရမယ့္အခြင့္အေရးႀကဳံခဲ့ပါတယ္။

ပြဲခ်ိန္၂၅မိနစ္ကီဗင္ဒီဘ႐ိုင္းရဲ႕ျဖတ္တင္ေဘာကေနစတာလင္းရဲ႕ေခါင္းတိုက္ခ်က္အေပၚဘားထိၿပီးျပန္ထံလာရကေန ဘာနာဒိုေဆးလ္ဗားဟာႏွစ္ကိုက္ခန႔္အကြာကေန အပိုင္ကန္ခြင့္ရခဲ့ေပမယ့္လည္းအေပၚဘားကိုထပ္မံထိသြားခဲ့လို႔နစ္နာခဲ့ရပါတယ္။

ဘာနာဒိုေဆးလ္ဗားဟာႏွစ္ကိုက္အကြာမွအပိုင္ဂိုးကိုျဖဳန္းတီးခဲ့မႈနဲ႔အတူတီမိုဝါနာႏွင့္ခိုင္းႏႈိင္းျခင္းခံထားရၿပီးတီမိုေဆးလ္ဗားလို႔ေခၚေဝၚျခင္းခံေနရပါတယ္။

ယင္းပြဲမွာပီအက္စ္ဂ်ီအတြက္ဒုတိယအႏိုင္ဂိုးကိုလီယြန္နယ္မက္ဆီကဘက္ေပးႏွင့္ဝမ္းတူး႐ိုက္ကာပင္နယ္တီဧရိယာအစပ္ကေနလွလွပပကန္သြင္းယူခဲ့ပါတယ္။ယင္းဂိုးဟာမက္ဆီအတြက္ပီအက္စ္ဂ်ီအတြက္ပထမဆုံးသြင္းယူတဲ့ဂိုးျဖစ္ပါတယ္။