ပီအက်စ်ဂျီနှင့်အတူ ချန်ပီယံလိဂ်ဖလားယူပြီးလျှင် ဘာကာသို့ ပြန်မယ့် မက်ဆီ

ဂျူအန်ရိုမန်ရီကွဲလ်မီးကလီယွန်နယ်မက်ဆီမှာပီအက်စ်ဂျီနှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးပြီးပါကအသင်းဟောင်းဘာစီလိုနာသို့ပြန်ကာကစားသမားဘဝမှအနားယူလိမ့်မည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဘာစီလိုနာကစားသမားဟောင်းရီကွဲလ်မီးကမက်ဆီရဲ့ဘာစီလိုနာနှင့်ရေးသားနေတဲ့စာမျက်နှာများမှာပြီးဆုံးခြင်းမရှိသေးကြောင်းဆိုသွားပါတယ်။

မက်ဆီဟာဘာစီလိုနာနှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရယူနိုင်ခဲ့သော်လည်းကလပ်ဘက်ကငွေကြေးပြဿနာရှိနေမှုနဲ့အတူစာချုပ်သစ်မချုပ်နိုင်ဘဲပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခဲ့ရပါတယ်။

ဘိုကာဂျူနီယာဒုဥက္ကဌရီကွဲလ်မီးက “ပဲရစ်မှာမက်ဆီဆက်ပျော်နေဖို့မျှော်လင့်ပါတယ်။ဒါကထူးဆန်းလားလို့တော့မသိပါဘူး။ဒါပေမယ့်သူ့ကိုနေမာ၊ဘက်ပေးတို့နဲ့အတူတွေ့ရမှာဖြစ်လို့စိတ်လှုပ်ရှားရပါတယ်။အခုလိုအချိန်မျိုးမှာတောင်သူတို့(ပီအက်စ်ဂျီ)ချန်ပီယံလိဂ်ဖလားမရရင်နောက်ဘယ်တော့မှရမှာမဟုတ်ပါဘူး။မက်ဆီဟာပီအက်စ်ဂျီနဲ့အတူချန်ပီယံလိဂ်ဖလားရမယ်လို့ထင်ပါတယ်။ပြီးရင်သူဟာဘာစီလိုနာမှာအနားယူပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာဘာစီလိုနာအတွက်၇၇၈ပွဲကစားခဲ့ရာမှာ၆၇၂ဂိုးသွင်းယူပြီး၃၀၅ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။သူဟာလာလီဂါဖလား၁၀ကြိမ်၊ကိုပါဒယ်ရေးဖလား၇ကြိမ်၊ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီႏွင့္အတူ ခ်န္ပီယံလိဂ္ဖလားယူၿပီးလွ်င္ ဘာကာသို႔ ျပန္မယ့္ မက္ဆီ

ဂ်ဴအန္႐ိုမန္ရီကြဲလ္မီးကလီယြန္နယ္မက္ဆီမွာပီအက္စ္ဂ်ီႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးၿပီးပါကအသင္းေဟာင္းဘာစီလိုနာသို႔ျပန္ကာကစားသမားဘဝမွအနားယူလိမ့္မည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘာစီလိုနာကစားသမားေဟာင္းရီကြဲလ္မီးကမက္ဆီရဲ႕ဘာစီလိုနာႏွင့္ေရးသားေနတဲ့စာမ်က္ႏွာမ်ားမွာၿပီးဆုံးျခင္းမရွိေသးေၾကာင္းဆိုသြားပါတယ္။

မက္ဆီဟာဘာစီလိုနာႏွင့္ငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရယူႏိုင္ခဲ့ေသာ္လည္းကလပ္ဘက္ကေငြေၾကးျပႆနာရွိေနမႈနဲ႔အတူစာခ်ဳပ္သစ္မခ်ဳပ္ႏိုင္ဘဲပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခဲ့ရပါတယ္။

ဘိုကာဂ်ဴနီယာဒုဥကၠဌရီကြဲလ္မီးက “ပဲရစ္မွာမက္ဆီဆက္ေပ်ာ္ေနဖို႔ေမွ်ာ္လင့္ပါတယ္။ဒါကထူးဆန္းလားလို႔ေတာ့မသိပါဘူး။ဒါေပမယ့္သူ႔ကိုေနမာ၊ဘက္ေပးတို႔နဲ႔အတူေတြ႕ရမွာျဖစ္လို႔စိတ္လႈပ္ရွားရပါတယ္။အခုလိုအခ်ိန္မ်ိဳးမွာေတာင္သူတို႔(ပီအက္စ္ဂ်ီ)ခ်န္ပီယံလိဂ္ဖလားမရရင္ေနာက္ဘယ္ေတာ့မွရမွာမဟုတ္ပါဘူး။မက္ဆီဟာပီအက္စ္ဂ်ီနဲ႔အတူခ်န္ပီယံလိဂ္ဖလားရမယ္လို႔ထင္ပါတယ္။ၿပီးရင္သူဟာဘာစီလိုနာမွာအနားယူပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာဘာစီလိုနာအတြက္၇၇၈ပြဲကစားခဲ့ရာမွာ၆၇၂ဂိုးသြင္းယူၿပီး၃၀၅ႀကိမ္ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။သူဟာလာလီဂါဖလား၁၀ႀကိမ္၊ကိုပါဒယ္ေရးဖလား၇ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။