
လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားသူရဲကောင်းဟာပြီးခဲ့တဲ့နှစ်တုန်းကပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးလာမယ့်ဇန်နဝါရီလမှစတင်ကာ နိုင်ငံခြားကလပ်တစ်ခုနှင့်အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေသူဖြစ်ပါတယ်။
ဒါပေမဲ့အပြောင်းအရွှေ့ဂုရုဖာဘရီဇီယိုရိုမာနိုကမက်ဆီဟာစာချုပ်သက်တမ်းတိုးချုပ်ဆိုရန်ပီအက်စ်ဂျီကိုနှုတ်ကတိပေးထားပြီးဖြစ်ကြောင်းသိရပါတယ်။
ကစားသမားနှင့်ကလပ်တို့ဟာစာချုပ်သက်တမ်းနှင့်လုပ်ခတို့ကိုသာဆွေးနွေးရန်ကျန်ပါတော့တယ်။
အစောပိုင်းတုန်းကလီယွန်နယ်မက်ဆီဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီမှထွက်ခွာလိမ့်မယ်လို့လည်းသတင်းများထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
မက်ဆီပြောင်းရွှေ့နိုင်ဆုံးကလပ်အဖြစ် ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမီယာမီကထိပ်ဆုံးကရေပန်းစားနေပါတယ်။
မက်ဆီဟာအသင်းဟောင်းဘာစီလိုနာသို့ပြန်လည်ပြောင်းရွှေ့လိုပေမဲ့လည်း ဆွေးနွေးတဲ့အနေအထားသို့မရောက်မီမှာဘဲပျက်ပြယ်သွားခဲ့ရပြီးဖြစ်ပါတယ်။
ZawGyi
ပီအက္စ္ဂ်ီႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့ လီယြန္နယ္မက္ဆီ
လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။
အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားသူရဲေကာင္းဟာၿပီးခဲ့တဲ့ႏွစ္တုန္းကပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီးလာမယ့္ဇန္နဝါရီလမွစတင္ကာ ႏိုင္ငံျခားကလပ္တစ္ခုႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနသူျဖစ္ပါတယ္။
ဒါေပမဲ့အေျပာင္းအေ႐ႊ႕ဂု႐ုဖာဘရီဇီယို႐ိုမာႏိုကမက္ဆီဟာစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုရန္ပီအက္စ္ဂ်ီကိုႏႈတ္ကတိေပးထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။
ကစားသမားႏွင့္ကလပ္တို႔ဟာစာခ်ဳပ္သက္တမ္းႏွင့္လုပ္ခတို႔ကိုသာေဆြးေႏြးရန္က်န္ပါေတာ့တယ္။
အေစာပိုင္းတုန္းကလီယြန္နယ္မက္ဆီဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီမွထြက္ခြာလိမ့္မယ္လို႔လည္းသတင္းမ်ားထြက္ေပၚခဲ့သူျဖစ္ပါတယ္။
မက္ဆီေျပာင္းေ႐ႊ႕ႏိုင္ဆုံးကလပ္အျဖစ္ ေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့ အင္တာမီယာမီကထိပ္ဆုံးကေရပန္းစားေနပါတယ္။
မက္ဆီဟာအသင္းေဟာင္းဘာစီလိုနာသို႔ျပန္လည္ေျပာင္းေ႐ႊ႕လိုေပမဲ့လည္း ေဆြးေႏြးတဲ့အေနအထားသို႔မေရာက္မီမွာဘဲပ်က္ျပယ္သြားခဲ့ရၿပီးျဖစ္ပါတယ္။