ပီအက်စ်ဂျီနှင့် ပေါင်သန်း ၅၀ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုသွားတော့မယ့် ဒွန်နာရမ်မာ

ပီအက်စ်ဂျီအသင်းဟာဂျီယန်လူဂီဒွန်နာရမ်မာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

အေစီမီလန်တွင်၈ရာသီကြာကစားလာခဲ့တဲ့ဒွန်နာရမ်မာဟာယခုလအကုန်တွင်အေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံကာထွက်ခွာပါမယ်။

ယခုအခါအသက်၂၂နှစ်ရှိအီတလီလက်ရွေးစင်ဂိုးသမားဟာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းတော့မှာဖြစ်ပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရပီအက်စ်ဂျီနှင့်ဒွန်နာရမ်မာတို့ဟာတစ်နှစ်လုပ်ခပေါင်၁၀တန်ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။ယင်းစာချုပ်ကြောင့်ဒွန်နာရမ်မာဟာဂိုးသမားတွေထဲမှာလုပ်ခအများဆုံးဂိုးသမားများထဲမှတစ်ဦးဖြစ်လာမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီဟာဒွန်နာရမ်မာကိုအီတလီကလပ်တစ်ခုသို့အငှားချသွားဦးမှာဖြစ်ပါတယ်။၎င်းတို့ဟာနံပါတ်တစ်ဂိုးသမားကိုင်လီနာဗက်စ်အား၂၀၂၄ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုထားမှုနဲ့အတူအငှားချဖို့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဒွန်နာရမ်မာအားခေါ်ယူဖို့အခြေအနေအကောင်းဆုံးဖြစ်နေတာကတော့မော်ရင်ဟိုရဲ့ရိုးမားဖြစ်ပါတယ်။မော်ရင်ဟိုဟာဂိုးသမားတစ်ဦးရှာဖွေနေပြီးအသက်၂၂နှစ်ရှိဂိုးသမားအားကိုယ်တိုင်ဖုန်းဆက်ကာလာကစားရန်ဖျောင်းဖျထားပြီးလည်းဖြစ်ပါတယ်။

အေစီမီလန်ဟာအသင်းမှထွက်ခွာမယ့်ဒွန်နာရမ်မာရဲ့နေရာမှာလိုင်လီအားလီဂူး၁ချန်ပီယံဖြစ်အောင်ကူညီထားတဲ့မိုက်မိုင်ဂန်အားအစားထိုးခေါ်ယူထားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီႏွင့္ ေပါင္သန္း ၅၀ တန္ဖိုးရွိ စာခ်ဳပ္ခ်ဳပ္ဆိုသြားေတာ့မယ့္ ဒြန္နာရမ္မာ

ပီအက္စ္ဂ်ီအသင္းဟာဂ်ီယန္လူဂီဒြန္နာရမ္မာကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေအစီမီလန္တြင္၈ရာသီၾကာကစားလာခဲ့တဲ့ဒြန္နာရမ္မာဟာယခုလအကုန္တြင္ေအစီမီလန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံကာထြက္ခြာပါမယ္။

ယခုအခါအသက္၂၂ႏွစ္ရွိအီတလီလက္ေ႐ြးစင္ဂိုးသမားဟာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေတာ့မွာျဖစ္ပါတယ္။

Sky Sports ရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီႏွင့္ဒြန္နာရမ္မာတို႔ဟာတစ္ႏွစ္လုပ္ခေပါင္၁၀တန္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ယင္းစာခ်ဳပ္ေၾကာင့္ဒြန္နာရမ္မာဟာဂိုးသမားေတြထဲမွာလုပ္ခအမ်ားဆုံးဂိုးသမားမ်ားထဲမွတစ္ဦးျဖစ္လာမွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီဟာဒြန္နာရမ္မာကိုအီတလီကလပ္တစ္ခုသို႔အငွားခ်သြားဦးမွာျဖစ္ပါတယ္။၎တို႔ဟာနံပါတ္တစ္ဂိုးသမားကိုင္လီနာဗက္စ္အား၂၀၂၄ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားမႈနဲ႔အတူအငွားခ်ဖို႔ဆုံးျဖတ္ထားတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဒြန္နာရမ္မာအားေခၚယူဖို႔အေျခအေနအေကာင္းဆုံးျဖစ္ေနတာကေတာ့ေမာ္ရင္ဟိုရဲ႕႐ိုးမားျဖစ္ပါတယ္။ေမာ္ရင္ဟိုဟာဂိုးသမားတစ္ဦးရွာေဖြေနၿပီးအသက္၂၂ႏွစ္ရွိဂိုးသမားအားကိုယ္တိုင္ဖုန္းဆက္ကာလာကစားရန္ေဖ်ာင္းဖ်ထားၿပီးလည္းျဖစ္ပါတယ္။

ေအစီမီလန္ဟာအသင္းမွထြက္ခြာမယ့္ဒြန္နာရမ္မာရဲ႕ေနရာမွာလိုင္လီအားလီဂူး၁ခ်န္ပီယံျဖစ္ေအာင္ကူညီထားတဲ့မိုက္မိုင္ဂန္အားအစားထိုးေခၚယူထားပါတယ္။