ပီအက်စ်ဂျီနှင့် ပွဲစဉ်တွင် ဘာစီလိုနာနောက်ခံလူပီကေး ပါဝင်နိုင်ဖွယ်ရှိ

ဘာစီလိုနာနောက်ခံလူဂါရတ်ပီကေးဟာမနက်ဖြန်ညတွင်နျူးကမ့်တွင်ပီအက်စ်ဂျီအားဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်ဘာစီလိုနာအတွက်ပြန်လည်ကစားပေးလာနိုင်ဖွယ်ရှိနေကြောင်းသိရပါတယ်။

စပိန်လက်ရွေးစင်နောက်ခံလူဟောင်းဟာပြီးခဲ့တဲ့အပတ်မှစတင်ကာဘာစီလိုနာနှင့်လေ့ကျင့်ခန်းအပြည့်အဝဆင်း လာနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာနိုဝင်ဘာလတုန်းကဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက်အနားယူလာခဲ့ရသူ လည်းဖြစ်ပါတယ်။

မာကာသတင်းစာရဲ့ဖော်ပြချက်အရကိုးမန်းကအသက်၃၄နှစ်ရှိမန်ယူနောက်ခံလူဟောင်းမှာပီအက်စ်ဂျီနှင့်ပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာမယ်လို့ယုံကြည်နေကြောင်းဖော်ပြသွားပါတယ်။

ဘာစီလိုနာဟာရော်နယ်အရူဂျာဒဏ်ရာကြောင့်အနားယူနေရမှု၊အုမ်တီတီခြေစွမ်းပြနိုင်ရန်ရုန်းကန်ရမှုတို့ကြောင့် ဗဟိုကွင်းလယ်လူဒီဂျောင်ကိုဗဟိုခံစစ်မှာလင်ဂလက်နှင့်တွဲဖက်အသုံးပြုနေပါတယ်။

ZawGyi

ပီအက္စ္ဂ်ီႏွင့္ ပြဲစဥ္တြင္ ဘာစီလိုနာေနာက္ခံလူပီေကး ပါဝင္ႏိုင္ဖြယ္ရွိ

ဘာစီလိုနာေနာက္ခံလူဂါရတ္ပီေကးဟာမနက္ျဖန္ညတြင္န်ဴးကမ့္တြင္ပီအက္စ္ဂ်ီအားဧည့္ခံကစားရမယ့္ ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ဘာစီလိုနာအတြက္ျပန္လည္ကစားေပးလာႏိုင္ဖြယ္ရွိေနေၾကာင္းသိရပါတယ္။

စပိန္လက္ေ႐ြးစင္ေနာက္ခံလူေဟာင္းဟာၿပီးခဲ့တဲ့အပတ္မွစတင္ကာဘာစီလိုနာႏွင့္ေလ့က်င့္ခန္းအျပည့္အဝဆင္း လာႏိုင္ခဲ့သူျဖစ္ပါတယ္။သူဟာႏိုဝင္ဘာလတုန္းကဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးေနာက္အနားယူလာခဲ့ရသူ လည္းျဖစ္ပါတယ္။

မာကာသတင္းစာရဲ႕ေဖာ္ျပခ်က္အရကိုးမန္းကအသက္၃၄ႏွစ္ရွိမန္ယူေနာက္ခံလူေဟာင္းမွာပီအက္စ္ဂ်ီႏွင့္ပြဲစဥ္အမီ ႀကံ့ခိုင္မႈျပည့္ဝလာမယ္လို႔ယုံၾကည္ေနေၾကာင္းေဖာ္ျပသြားပါတယ္။

ဘာစီလိုနာဟာေရာ္နယ္အ႐ူဂ်ာဒဏ္ရာေၾကာင့္အနားယူေနရမႈ၊အုမ္တီတီေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ရမႈတို႔ေၾကာင့္ ဗဟိုကြင္းလယ္လူဒီေဂ်ာင္ကိုဗဟိုခံစစ္မွာလင္ဂလက္ႏွင့္တြဲဖက္အသုံးျပဳေနပါတယ္။