ပီအက်စ်ဂျီမှနုတ်ထွက်ကာ မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ရန် အသင့်ဖြစ်နေတဲ့ ပိုချက်တီနို

မော်ရီစီယိုပိုချက်တီနိုဟာပီအက်စ်ဂျီမှထွက်ခွာရန်အသင့်ရှိနေပြီးအထုတ်ခံရတဲ့အိုလီဂန်းနားဆိုးလ်ရှားနေရာတွင်အစားထိုးတာဝန်ရှိရန်အသင့်ရှိနေကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်တနင်္ဂနွေနေ့တုန်းကရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

မန်ယူဟာထုတ်ပယ်လိုက်တဲ့ဆိုးလ်ရှားနေရာမှာယာယီနည်းပြအဖြစ် လက်ထောက်နည်းပြမိုက်ကယ်ကာရစ်ကိုခန့်အပ်ထားပါတယ်။

မန်ယူဘုတ်အဖွဲ့ဝင်များဟာဆိုးလ်ရှားနေရာတွင်အစားထိုးခန့်အပ်ရန်အတွက်ထိပ်တန်းနည်းပြများစွာကိုပစ်မှတ်ထားနေပြီးယင်းအထဲတွင် မော်ရီစီယိုပိုချက်တီနိုမှာအဓိကပစ်မှတ်ဖြစ်ကြောင်းသိရပါတယ်။

ယနေ့မှာ Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ အာဂျင်တီးနားလူမျိုးနည်းပြပိုချက်တီနိုဟာလည်းရာသီဝက်ကာလသို့ရောက်နေသည့်တိုင်အောင် မန်ယူအသင်းကိုကိုင်တွယ်ကာအင်္ဂလန်ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်လိုနေပါတယ်။

ပိုချက်တီနိုဟာယခုနှစ်အစောပိုင်းတုန်းကပီအက်စ်ဂျီနည်းပြရာထူးကိုရယူခဲ့သူဖြစ်ပြီးဇူလိုင်လတုန်းက၂၀၂၃ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်းပိုချက်တီနိုဟာမန်ယူအသင်းကိုကိုင်တွယ်နိုင်မယ့်အခွင့်အရေးကြီးရရှိလာမည်ဆိုပါကပီအက်စ်ဂျီမှနုတ်ထွက်ရန်အသင့်ရှိနေကြောင်းသိရပါတယ်။

အသက်၄၉နှစ်ရှိပိုချက်တီနိုရဲ့မိသားစုဝင်များဟာလန်ဒန်တွင်နေထိုင်ဆဲဖြစ်ပါတယ်။သူဟာပီအက်စ်ဂျီကိုကိုင်တွယ်စဉ်အတွင်း အိမ်ငှားရမ်းနေထိုင်ခြင်းမပြုဘဲဟိုတယ်တွင်ပင်နေထိုင်သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၈ခုနှစ်ဒီဇင်ဘာလတုန်းကမော်ရင်ဟိုထုတ်ပယ်ခံရစဉ်တုန်းကလည်းမန်ယူနည်းပြရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားခဲ့သူတစ်ဦးဖြစ်ပါတယ်။

အထူးသဖြင့်မန်ယူဂန္ထဝင်နည်းပြပိုချက်တီနိုဟာလစ်လပ်နေတဲ့မန်ယူနည်းပြရာထူးအတွက်ပိုချက်တီနိုကိုဇီဒန်း၊ဘရန်ဒန်ရော်ဂျာ၊အဲရစ်တင်ဟက်၊ရေးဖ်ရန်နစ်ခ်တို့ထက်ပိုမိုနှစ်သက်သဘောကျနေပါတယ်။

ZawGyi

ပီအက္စ္ဂ်ီမွႏုတ္ထြက္ကာ မန္ခ်က္စတာယူႏိုက္တက္ကို ကိုင္တြယ္ရန္ အသင့္ျဖစ္ေနတဲ့ ပိုခ်က္တီႏို

ေမာ္ရီစီယိုပိုခ်က္တီႏိုဟာပီအက္စ္ဂ်ီမွထြက္ခြာရန္အသင့္ရွိေနၿပီးအထုတ္ခံရတဲ့အိုလီဂန္းနားဆိုးလ္ရွားေနရာတြင္အစားထိုးတာဝန္ရွိရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။

ဆိုးလ္ရွားဟာဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္တနဂၤေႏြေန႔တုန္းကရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

မန္ယူဟာထုတ္ပယ္လိုက္တဲ့ဆိုးလ္ရွားေနရာမွာယာယီနည္းျပအျဖစ္ လက္ေထာက္နည္းျပမိုက္ကယ္ကာရစ္ကိုခန႔္အပ္ထားပါတယ္။

မန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာဆိုးလ္ရွားေနရာတြင္အစားထိုးခန႔္အပ္ရန္အတြက္ထိပ္တန္းနည္းျပမ်ားစြာကိုပစ္မွတ္ထားေနၿပီးယင္းအထဲတြင္ ေမာ္ရီစီယိုပိုခ်က္တီႏိုမွာအဓိကပစ္မွတ္ျဖစ္ေၾကာင္းသိရပါတယ္။

ယေန႔မွာ Daily Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အာဂ်င္တီးနားလူမ်ိဳးနည္းျပပိုခ်က္တီႏိုဟာလည္းရာသီဝက္ကာလသို႔ေရာက္ေနသည့္တိုင္ေအာင္ မန္ယူအသင္းကိုကိုင္တြယ္ကာအဂၤလန္ေဘာလုံးေလာကသို႔ျပန္လည္ဝင္ေရာက္လိုေနပါတယ္။

ပိုခ်က္တီႏိုဟာယခုႏွစ္အေစာပိုင္းတုန္းကပီအက္စ္ဂ်ီနည္းျပရာထူးကိုရယူခဲ့သူျဖစ္ၿပီးဇူလိုင္လတုန္းက၂၀၂၃ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္းပိုခ်က္တီႏိုဟာမန္ယူအသင္းကိုကိုင္တြယ္ႏိုင္မယ့္အခြင့္အေရးႀကီးရရွိလာမည္ဆိုပါကပီအက္စ္ဂ်ီမွႏုတ္ထြက္ရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။

အသက္၄၉ႏွစ္ရွိပိုခ်က္တီႏိုရဲ႕မိသားစုဝင္မ်ားဟာလန္ဒန္တြင္ေနထိုင္ဆဲျဖစ္ပါတယ္။သူဟာပီအက္စ္ဂ်ီကိုကိုင္တြယ္စဥ္အတြင္း အိမ္ငွားရမ္းေနထိုင္ျခင္းမျပဳဘဲဟိုတယ္တြင္ပင္ေနထိုင္သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္ဒီဇင္ဘာလတုန္းကေမာ္ရင္ဟိုထုတ္ပယ္ခံရစဥ္တုန္းကလည္းမန္ယူနည္းျပရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားခဲ့သူတစ္ဦးျဖစ္ပါတယ္။

အထူးသျဖင့္မန္ယူဂႏၴဝင္နည္းျပပိုခ်က္တီႏိုဟာလစ္လပ္ေနတဲ့မန္ယူနည္းျပရာထူးအတြက္ပိုခ်က္တီႏိုကိုဇီဒန္း၊ဘရန္ဒန္ေရာ္ဂ်ာ၊အဲရစ္တင္ဟက္၊ေရးဖ္ရန္နစ္ခ္တို႔ထက္ပိုမိုႏွစ္သက္သေဘာက်ေနပါတယ္။