ပီအက်စ်ဂျီမှဗာရက်တီကိုကွန်ဖူးကစ်ဖြင့်ကန်ခဲ့လို့အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ မာဆေးလ်ရဲ့ပါယက်

ဝက်စ်ဟမ်းစတားဟောင်းဒီမီထရီပါယက်ဟာမနေ့ညတုန်းကပီအက်စ်ဂျီကိုရှုံးနိမ့်တဲ့ပွဲမှာပီအက်စ်ဂျီစတားမာကို ဗာရက်တီကိုကွန်ဖူးကစ်ဖြင့်ကန်ခဲ့မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

မနေ့ညတုန်းကမာဆေးလ်ဟာအိမ်ကွင်းမှာခါးသီးတဲ့မဟာပြိုင်ဘက်မာဆေးလ်အသင်းကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ပါယက်ဟာပွဲပြီးခါနီးမှာဗာရက်တီရဲ့နံကြားကိုကန်ခဲ့မိတာလည်းဖြစ်ပါတယ်။ဒိုင်လူကြီးဟာလည်းပါယက်ကို ချက်ချင်းဘဲအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာပီအက်စ်ဂျီဟာပွဲအစမိနစ်၃၀အတွင်းမှာသွင်းယူတဲ့အမ်ဘက်ပီနှင့်မော်ရိုအိုင်ကာဒီတို့ရဲ့သွင်းဂိုးနှင့် အနိုင်ရရှိခဲ့ပါတယ်။

နည်းပြဘိုအာ့စ်နှင့်လမ်းခွဲခဲ့တဲ့မာဆေးလ်ဟာပီအက်စ်ဂျီရှုံးပွဲကြောင့်နောက်ဆုံးငါးပွဲမှာလေးပွဲရှုံးနိမ့်ခဲ့ပါတယ်။မာဆေးလ်ဟာကွင်းတွင်း/ကွင်းပြင်ပြဿနာရပ်များနှင့်ကြုံတွေ့နေရတဲ့ကလပ်ဖြစ်ပါတယ်။

မကြာသေးမီတုန်းကလည်းမာဆေးလ်ပရိသတ်များဟာအသင်းရဲ့လေ့ကျင့်ရေးကွင်းသို့ထိုးဖောက်ဝင်ကာ မီးရှို့မှုပြုလုပ်ခဲ့ကြပါတယ်။

ZawGyi






