ပီအက်စ်ဂျီမှ ထွက်ခွာမယ်ဆိုပေမဲ့ ဘာစီလိုနာသို့ ပြောင်းရန် မက်ဆီသဘောတူညီမှုမရသေး

လီယွန်နယ်မက်ဆီဟာစာချုပ်သက်တမ်းကုန်ဆုံးမယ့်လာမယ့်နွေရာသီမှာပီအက်စ်ဂျီမှထွက်ခွာလာမှာဖြစ်ပေမဲ့ အသင်းဟောင်းဘာစီလိုနာသို့ပြောင်းရွှေ့ရေးအတွက်သဘောတူညီမှုရရှိထားခြင်းမရှိသေးကြောင်းအပြောင်းအရွှေ့ဂုရုဖဘရီဇီယိုရိုမာနိုကပြောကြားလာပါတယ်။

အာဂျင်တီးနားမီဒီယာများကမက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်၂၀၂၃ခုနှစ်၊ဇူလိုင်လ၁ရက်နေ့တွင်အသင်းဟောင်းဘာစီလိုနာသို့ပြောင်းမယ်လို့ အကျယ်တဝင့်ရေးသားဖော်ပြနေကြပါတယ်။

ဒါပေမဲ့အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်ပြီးနာမည်ကြီးတဲ့ရိုမာနိုက အထက်ပါသတင်းမှာသတင်းမှားမျှသာဖြစ်ပြီး ဘာစီလိုနာမှာမက်ဆီကိုခေါ်ယူရေးအတွက်တရားဝင်ချဉ်းကပ်မှုပင်မပြုလုပ်ရသေးကြောင်းဆိုသွားပါတယ်။

အစောပိုင်းတုန်းကစပိန်မီဒီယာများကလည်းမက်ဆီမှာဘာစီလိုနာဥက္ကဌလာပေါ်တာရဲ့သစ္စာဖောက်မှုခံရကာနူးကမ့်မှထွက်ခွာခဲ့ရတာလို့ယုံကြည်နေပြီးအသင်းဟောင်းဘာစီလိုနာသို့မပြောင်းရန်ဆုံးဖြတ်ထားကြောင်းဖော်ပြခဲ့ကြပါတယ်။

လက်ရှိအချိန်တွင်မက်ဆီရဲ့အနာဂတ်နှင့်ပတ်သက်ပြီးသတင်းများစွာထွက်ပေါ်နေပေမဲ့လည်းတကယ်တမ်းမှာတော့မက်ဆီဟာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဇန်နဝါရီလတွင်မှအနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားလာဖို့ရှိနေပါတယ်။မက်ဆီအနေဖြင့်လာမယ့်ဇန်နဝါရီလတွင်နိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးပြီးအကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။

ZawGyi

ပီအက္စ္ဂ်ီမွ ထြက္ခြာမယ္ဆိုေပမဲ့ ဘာစီလိုနာသို႔ ေျပာင္းရန္ မက္ဆီသေဘာတူညီမႈမရေသး

လီယြန္နယ္မက္ဆီဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လာမယ့္ေႏြရာသီမွာပီအက္စ္ဂ်ီမွထြက္ခြာလာမွာျဖစ္ေပမဲ့ အသင္းေဟာင္းဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေရးအတြက္သေဘာတူညီမႈရရွိထားျခင္းမရွိေသးေၾကာင္းအေျပာင္းအေ႐ႊ႕ဂု႐ုဖဘရီဇီယို႐ိုမာႏိုကေျပာၾကားလာပါတယ္။

အာဂ်င္တီးနားမီဒီယာမ်ားကမက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္၂၀၂၃ခုႏွစ္၊ဇူလိုင္လ၁ရက္ေန႔တြင္အသင္းေဟာင္းဘာစီလိုနာသို႔ေျပာင္းမယ္လို႔ အက်ယ္တဝင့္ေရးသားေဖာ္ျပေနၾကပါတယ္။

ဒါေပမဲ့အေျပာင္းအေ႐ႊ႕သတင္းမ်ားႏွင့္ပတ္သက္ၿပီးနာမည္ႀကီးတဲ့႐ိုမာႏိုက အထက္ပါသတင္းမွာသတင္းမွားမွ်သာျဖစ္ၿပီး ဘာစီလိုနာမွာမက္ဆီကိုေခၚယူေရးအတြက္တရားဝင္ခ်ဥ္းကပ္မႈပင္မျပဳလုပ္ရေသးေၾကာင္းဆိုသြားပါတယ္။

အေစာပိုင္းတုန္းကစပိန္မီဒီယာမ်ားကလည္းမက္ဆီမွာဘာစီလိုနာဥကၠဌလာေပၚတာရဲ႕သစၥာေဖာက္မႈခံရကာႏူးကမ့္မွထြက္ခြာခဲ့ရတာလို႔ယုံၾကည္ေနၿပီးအသင္းေဟာင္းဘာစီလိုနာသို႔မေျပာင္းရန္ဆုံးျဖတ္ထားေၾကာင္းေဖာ္ျပခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္တြင္မက္ဆီရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးသတင္းမ်ားစြာထြက္ေပၚေနေပမဲ့လည္းတကယ္တမ္းမွာေတာ့မက္ဆီဟာလာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ဇန္နဝါရီလတြင္မွအနာဂတ္ႏွင့္ပတ္သက္ၿပီးစဥ္းစားလာဖို႔ရွိေနပါတယ္။မက္ဆီအေနျဖင့္လာမယ့္ဇန္နဝါရီလတြင္ႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးၿပီးအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။