ပီအက်စ်ဂျီမှ အထုတ်ခံရပြီးနောက် Survivor ရုပ်သံအစီအစဉ်မှာ ပါဝင်လာမယ့် ဂျီးစ်ရိုဒရီဂွက်ဇ်

တစ်ချိန်တုန်းကရီးရဲလ်မက်ဒရစ်မှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ခြေရာကိုဆက်ခံမယ်လို့သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဂျီးစ်ရိုဒရီဂွက်ဇ်ဟာဘောလုံးလောကကိုအပြီးပိုင်စွန့်လွှတ်ပြီးအနုပညာလောကသို့အပြီးသတ်ဝင်ရောက်ဖို့ပြင်နေ ပြီဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိဂျီးစ်ရိုဒရီဂွက်ဇ်ဟာစပိန်ဗားရှင်းရုပ်သံအစီအစဉ် Survivor မှာပါဝင်လာတော့မှာ ဖြစ်ပါတယ်။

စပိန်သတင်းဝက်ဘ်ဆိုက် Mundo Deportivo ရဲ့ဖော်ပြချက်အရ ဂျီးစ်ရိုဒရီဂွက်ဇ်ဟာ ဘောလုံးလောကကို စွန့်ခွာဟာအနုပညာလောကသို့ခြေစုံပစ်ဝင်တော့မှာလည်းဖြစ်ပါတယ်။

ရိုဒရီဂွက်ဇ်ဟာယခင်ကတည်းကအဆိုတော်လုပ်ရန်ကြိုးပမ်းလာခဲ့သူဖြစ်ပြီးမကြာသေးမီတုန်းက Your Favourite အမည်ရှိသီချင်းတစ်ပုဒ်ကို ထုတ်လွှင့်ခဲ့ပါသေးတယ်။

ရိုဒရီဂွက်ဇ်ဟာဒီဇင်ဘာလတုန်းကကွင်းပြင်ပပြဿနာများကြောင့်ပီအက်စ်ဂျီရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။သူဟာခရစ္စမတ်မတိုင်မီတုန်းကအတူတွဲနေတဲ့ချစ်သူအူရာရုဇ်ရဲ့ကွယ်ရာမှာသူငယ်ချင်းမော်ဒယ်ရိုစီယိုအေမာနှင့်ဖောက်ပြန်ခဲ့မှုကြောင့်စာချုပ်ကုန်ဆုံးဖို့ခြောက်လအလိုမှာဖျက်သိမ်းခံခဲ့ရတလည်းဖြစ်ပါတယ်။

သူဟာယခုရာသီမှာပီအက်စ်ဂျီအတွက်၂၂မိနစ်တည်းသာကစားခွင့်ရထားပြီးကွင်းပြင်ပပြဿနာများနှင့်တောက်လျှောက်ကြုံလာရတဲ့သူလည်းဖြစ်ပါတယ်။

သူဟာအူရာရုဇ်နဲ့ရထားတဲ့ကလေးကိုတာဝန်ယူမှုပျက်ကွက်မှုကြောင့်ပြဿနာတက်ကာ၂၀၁၈ခုနှစ်၊ဇန်နဝါရီလတုန်းကလမ်းခွဲခဲ့ကြပေမယ့်နောက်ပိုင်းမှာပြန်လည်ပေါင်းစည်းခဲ့ကြပါတယ်။ဒါပေမယ့်မကြာသေးမီတုန်းကမော်ဒယ်ရိုစီယိုအေမာနဲ့ကြိတ်ပုန်းခုတ်မှုနဲ့အတူသူတို့အကြားတကယ်တမ်းကွဲလာဖို့သေချာနေပြီဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီမွ အထုတ္ခံရၿပီးေနာက္ Survivor ႐ုပ္သံအစီအစဥ္မွာ ပါဝင္လာမယ့္ ဂ်ီးစ္႐ိုဒရီဂြက္ဇ္

တစ္ခ်ိန္တုန္းကရီးရဲလ္မက္ဒရစ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေျခရာကိုဆက္ခံမယ္လို႔သတ္မွတ္ျခင္းခံခဲ့ရတဲ့ ဂ်ီးစ္႐ိုဒရီဂြက္ဇ္ဟာေဘာလုံးေလာကကိုအၿပီးပိုင္စြန႔္လႊတ္ၿပီးအႏုပညာေလာကသို႔အၿပီးသတ္ဝင္ေရာက္ဖို႔ျပင္ေန ၿပီျဖစ္ပါတယ္။

အသက္၂၇ႏွစ္ရွိဂ်ီးစ္႐ိုဒရီဂြက္ဇ္ဟာစပိန္ဗားရွင္း႐ုပ္သံအစီအစဥ္ Survivor မွာပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။

စပိန္သတင္းဝက္ဘ္ဆိုက္ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရ ဂ်ီးစ္႐ိုဒရီဂြက္ဇ္ဟာ ေဘာလုံးေလာကကို စြန႔္ခြာဟာအႏုပညာေလာကသို႔ေျခစုံပစ္ဝင္ေတာ့မွာလည္းျဖစ္ပါတယ္။

႐ိုဒရီဂြက္ဇ္ဟာယခင္ကတည္းကအဆိုေတာ္လုပ္ရန္ႀကိဳးပမ္းလာခဲ့သူျဖစ္ၿပီးမၾကာေသးမီတုန္းက Your Favourite အမည္ရွိသီခ်င္းတစ္ပုဒ္ကို ထုတ္လႊင့္ခဲ့ပါေသးတယ္။

႐ိုဒရီဂြက္ဇ္ဟာဒီဇင္ဘာလတုန္းကကြင္းျပင္ပျပႆနာမ်ားေၾကာင့္ပီအက္စ္ဂ်ီရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။သူဟာခရစၥမတ္မတိုင္မီတုန္းကအတူတြဲေနတဲ့ခ်စ္သူအူရာ႐ုဇ္ရဲ႕ကြယ္ရာမွာသူငယ္ခ်င္းေမာ္ဒယ္႐ိုစီယိုေအမာႏွင့္ေဖာက္ျပန္ခဲ့မႈေၾကာင့္စာခ်ဳပ္ကုန္ဆုံးဖို႔ေျခာက္လအလိုမွာဖ်က္သိမ္းခံခဲ့ရတလည္းျဖစ္ပါတယ္။

သူဟာယခုရာသီမွာပီအက္စ္ဂ်ီအတြက္၂၂မိနစ္တည္းသာကစားခြင့္ရထားၿပီးကြင္းျပင္ပျပႆနာမ်ားႏွင့္ေတာက္ေလွ်ာက္ႀကဳံလာရတဲ့သူလည္းျဖစ္ပါတယ္။

သူဟာအူရာ႐ုဇ္နဲ႔ရထားတဲ့ကေလးကိုတာဝန္ယူမႈပ်က္ကြက္မႈေၾကာင့္ျပႆနာတက္ကာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတုန္းကလမ္းခြဲခဲ့ၾကေပမယ့္ေနာက္ပိုင္းမွာျပန္လည္ေပါင္းစည္းခဲ့ၾကပါတယ္။ဒါေပမယ့္မၾကာေသးမီတုန္းကေမာ္ဒယ္႐ိုစီယိုေအမာနဲ႔ႀကိတ္ပုန္းခုတ္မႈနဲ႔အတူသူတို႔အၾကားတကယ္တမ္းကြဲလာဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။