ပီအက်စ်ဂျီရဲ့စာချုပ်သစ်ကို ပယ်ချပြီးနောက် ဟာရီရာရဲ့မွေးနေ့ပါတီသို့ ဘက်ပေး မတက်ခဲ့

ပီအက်စ်ဂျီအသင်းရဲ့ပထမကစားသမားအားလုံးနီးပါးတို့ဟာပြီးခဲ့တဲ့အပတ်ကအလယ်တန်းကစားသမားအင်ဒါဟာရီရာရဲ့မွေးနေ့ပါတီပွဲသို့တက်ရောက်ခဲ့ကြပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီစတားကိုင်လီယန်ဘက်ပေးကတော့မတက်ရောက်ခဲ့ပါဘူး။

မန်ယူကွင်းလယ်ကစားသမားဟာစနေနေ့တုန်းကစနေနေ့တုန်းကစထာရာဘော့ကို၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့လီဂူး၁ပွဲစဉ်အပြီးမှာအသက်၃၂နှစ်ပြည့်မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။

ဟာရီရာရဲ့မွေးနေ့ပါတီပွဲသို့ကစားသမားသစ်များဖြစ်ကြတဲ့လီယွန်နယ်မက်ဆီ၊ဟာကီမီ၊ဆာဂျီယိုရာမို့စ်တို့တက်ရောက်ခဲ့သလိုပီအက်စ်ဂျီရဲ့အဓိကကစားသမားအားလုံးနီးပါးတက်ခဲ့ပါတယ်။

ဒါပေမယ့်လည်းကိုင်လီယန်ဘက်ပေးကတော့မတက်ရောက်ခဲ့ပါဘူး။ကိုင်လီယန်ဘက်ပေးဟာ၂၀၂၂ခုနှစ်၊နွေရာသီမှာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးယင်းကဲ့သို့မွေးနေ့ပါတီပွဲသို့မတက်ရောက်မှုနဲ့အတူသူ့အနာဂတ်နဲ့ပတ်သက်ပြီးသတင်းများထပ်မံထွက်ပေါ်လာပါတယ်။

သူဟာပီအက်စ်ဂျီရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားသူဖြစ်ပြီးရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ်လို့သတင်းများထွက်နေပါတယ်။

ပီအက်စ်ဂျီအနေဖြင့်အသက်၂၂နှစ်ရှိကစားသမားအားယခုနွေတွင်မရောင်းပါကလာမယ့်နှစ်တွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆုံးရှုံးရနိုင်ခြေရှိနေပါတယ်။

ဘက်ပေးဟာပြီးခဲ့တဲ့စနေနေ့တုန်းကစထရာဘော့နှင့်လီဂူး၁ပွဲစဉ်မတိုင်မီပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီရဲ႕စာခ်ဳပ္သစ္ကို ပယ္ခ်ၿပီးေနာက္ ဟာရီရာရဲ႕ေမြးေန႔ပါတီသို႔ ဘက္ေပး မတက္ခဲ့

ပီအက္စ္ဂ်ီအသင္းရဲ႕ပထမကစားသမားအားလုံးနီးပါးတို႔ဟာၿပီးခဲ့တဲ့အပတ္ကအလယ္တန္းကစားသမားအင္ဒါဟာရီရာရဲ႕ေမြးေန႔ပါတီပြဲသို႔တက္ေရာက္ခဲ့ၾကပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီစတားကိုင္လီယန္ဘက္ေပးကေတာ့မတက္ေရာက္ခဲ့ပါဘူး။

မန္ယူကြင္းလယ္ကစားသမားဟာစေနေန႔တုန္းကစေနေန႔တုန္းကစထာရာေဘာ့ကို၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့လီဂူး၁ပြဲစဥ္အၿပီးမွာအသက္၃၂ႏွစ္ျပည့္ေမြးေန႔ပြဲက်င္းပခဲ့ပါတယ္။

ဟာရီရာရဲ႕ေမြးေန႔ပါတီပြဲသို႔ကစားသမားသစ္မ်ားျဖစ္ၾကတဲ့လီယြန္နယ္မက္ဆီ၊ဟာကီမီ၊ဆာဂ်ီယိုရာမို႔စ္တို႔တက္ေရာက္ခဲ့သလိုပီအက္စ္ဂ်ီရဲ႕အဓိကကစားသမားအားလုံးနီးပါးတက္ခဲ့ပါတယ္။

ဒါေပမယ့္လည္းကိုင္လီယန္ဘက္ေပးကေတာ့မတက္ေရာက္ခဲ့ပါဘူး။ကိုင္လီယန္ဘက္ေပးဟာ၂၀၂၂ခုႏွစ္၊ေႏြရာသီမွာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးယင္းကဲ့သို႔ေမြးေန႔ပါတီပြဲသို႔မတက္ေရာက္မႈနဲ႔အတူသူ႔အနာဂတ္နဲ႔ပတ္သက္ၿပီးသတင္းမ်ားထပ္မံထြက္ေပၚလာပါတယ္။

သူဟာပီအက္စ္ဂ်ီရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ထားသူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္သို႔ေျပာင္းမယ္လို႔သတင္းမ်ားထြက္ေနပါတယ္။

ပီအက္စ္ဂ်ီအေနျဖင့္အသက္၂၂ႏွစ္ရွိကစားသမားအားယခုေႏြတြင္မေရာင္းပါကလာမယ့္ႏွစ္တြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးရႏိုင္ေျခရွိေနပါတယ္။

ဘက္ေပးဟာၿပီးခဲ့တဲ့စေနေန႔တုန္းကစထရာေဘာ့ႏွင့္လီဂူး၁ပြဲစဥ္မတိုင္မီပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ႀကဳံခဲ့ရသူလည္းျဖစ္ပါတယ္။