ပီအက်စ်ဂျီသို့ပြောင်းရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးနေတဲ့ ပေါလ်ပေါ့ဘာ

ပီအက်စ်ဂျီဟာပေါလ်ပေါ့ဘာရဲ့အနာဂတ်နှင့်ပတ်သက်ပြီးမန်ယူကိုကြီးမားတဲ့အခက်အခဲကျရောက်အောင်လုပ်ဆောင်လာပြီဖြစ်ပါတယ်။

၂၀၁၈ကမ္ဘာ့ဖလားဆုရှင်ရဲ့အေးဂျင့်မီနိုရိုင်အိုလာဟာပြင်သစ်ထိပ်သီးကလပ်သို့ပြောင်းရေးအတွက်ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များသဘောတူညီမှုရရှိအောင်ဆွေးနွေးနေပြီဖြစ်ပါတယ်။

တကယ်လို့ပီအက်စ်ဂျီနှင့်ပေါ့ဘာတို့အကြားသဘောတူညီမှုရရှိလာမယ်ဆိုရင်တော့မန်ယူအနေနဲ့အသက်၂၆နှစ်ရှိပြင်သစ်စတားကိုထိန်းသိမ်းနိုင်ရေးအလွန်ခက်ခဲလာတော့မှာဖြစ်ပါတယ်။

ပေါ့ဘာဟာမန်ယူတွင်တစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ရရှိနေသူဖြစ်ပြီးစာချုပ်သက်တမ်းမှာ၁၂လသာကျန်ပါတော့တယ်။လက်ရှိအချိန်အထိပေါ့ဘာဘက်ကမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုလိုကြောင်းပြသလာခြင်းမရှိသေးပါဘူး။

မန်ယူအနေဖြင့်လာမယ့်နွေရာသီတွင်ပြင်သစ်စတားကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမှာဖြစ်တာကြောင့်ယခုနွေတွင်လျှော့ဈေးဖြင့်ရောင်းချရတော့မှာဖြစ်ပါတယ်။

ပေါ့ဘာဟာ၂၀၁၂ခုနှစ်တုန်းကမန်ယူကိုစွန့်ခွာပြီးဂျူဗင်တပ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခဲ့ဖူးပါတယ်။ထိုစဉ်ကမန်ယူဟာပေါ့ဘာအတွက်ပြုစုပျိုးထောင်စရိတ်ပေါင်၈၀၀၀၀၀ တည်းသာရရှိခဲ့ပါတယ်။ယင်းနောက်မန်ယူဟာ၂၀၁၆ခုနှစ်မှာပေါ့ဘာကိုပေါင်၈၉သန်းအထိပေးကာပြန်ဝယ်ခဲ့ရပါတယ်။

ပေါ့ဘာဟာမန်ယူသို့ပြန်ရောက်လာပြီးနောက်ဆက်တိုက်ခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရပါတယ်။

ပြင်သစ်အသင်းနှင့်ကစားစဉ်တိုင်းခြေစွမ်းပြနိုင်တဲ့ပေါ့ဘာရဲ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးပီအက်စ်ဂျီနှင့်မန်ယူအကြားမှာတစ်စုံတစ်ရာဆွေးနွေးခြင်းမရှိသေးပါဘူး။တစ်ဖက်တွင်ရီးရဲလ်မက်ဒရစ်ကလည်းပေါ့ဘာရဲ့အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါတယ်။

ဒါပေမယ့်လက်ရှိအနေအထားအရပေါ့ဘာဟာမွေးရပ်မြေပဲရစ်သို့ပြန်ရန်အလွန်အခွင့်အရေးများနေပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာယခုနွေရာသီမှာဆာဂျီယိုရာမို့စ်၊ဒွန်နာရမ်မာ၊ဟာကီမီ၊ဝီနယ်ဒမ်တို့အားခေါ်ယူအားဖြည့်ထားပြီးဖြစ်တဲ့အသင်းဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီသို႔ေျပာင္းရန္ ပုဂၢိဳလ္ေရးဆိုင္ရာ ေဆြးေႏြးေနတဲ့ ေပါလ္ေပါ့ဘာ

ပီအက္စ္ဂ်ီဟာေပါလ္ေပါ့ဘာရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးမန္ယူကိုႀကီးမားတဲ့အခက္အခဲက်ေရာက္ေအာင္လုပ္ေဆာင္လာၿပီျဖစ္ပါတယ္။

၂၀၁၈ကမာၻ႔ဖလားဆုရွင္ရဲ႕ေအးဂ်င့္မီႏို႐ိုင္အိုလာဟာျပင္သစ္ထိပ္သီးကလပ္သို႔ေျပာင္းေရးအတြက္ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္မ်ားသေဘာတူညီမႈရရွိေအာင္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

တကယ္လို႔ပီအက္စ္ဂ်ီႏွင့္ေပါ့ဘာတို႔အၾကားသေဘာတူညီမႈရရွိလာမယ္ဆိုရင္ေတာ့မန္ယူအေနနဲ႔အသက္၂၆ႏွစ္ရွိျပင္သစ္စတားကိုထိန္းသိမ္းႏိုင္ေရးအလြန္ခက္ခဲလာေတာ့မွာျဖစ္ပါတယ္။

ေပါ့ဘာဟာမန္ယူတြင္တစ္ပတ္လုပ္ခေပါင္၂၉၀၀၀၀ရရွိေနသူျဖစ္ၿပီးစာခ်ဳပ္သက္တမ္းမွာ၁၂လသာက်န္ပါေတာ့တယ္။လက္ရွိအခ်ိန္အထိေပါ့ဘာဘက္ကမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေၾကာင္းျပသလာျခင္းမရွိေသးပါဘူး။

မန္ယူအေနျဖင့္လာမယ့္ေႏြရာသီတြင္ျပင္သစ္စတားကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရမွာျဖစ္တာေၾကာင့္ယခုေႏြတြင္ေလွ်ာ့ေဈးျဖင့္ေရာင္းခ်ရေတာ့မွာျဖစ္ပါတယ္။

ေပါ့ဘာဟာ၂၀၁၂ခုႏွစ္တုန္းကမန္ယူကိုစြန႔္ခြာၿပီးဂ်ဴဗင္တပ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခဲ့ဖူးပါတယ္။ထိုစဥ္ကမန္ယူဟာေပါ့ဘာအတြက္ျပဳစုပ်ိဳးေထာင္စရိတ္ေပါင္၈၀၀၀၀၀ တည္းသာရရွိခဲ့ပါတယ္။ယင္းေနာက္မန္ယူဟာ၂၀၁၆ခုႏွစ္မွာေပါ့ဘာကိုေပါင္၈၉သန္းအထိေပးကာျပန္ဝယ္ခဲ့ရပါတယ္။

ေပါ့ဘာဟာမန္ယူသို႔ျပန္ေရာက္လာၿပီးေနာက္ဆက္တိုက္ေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ခဲ့ရပါတယ္။

ျပင္သစ္အသင္းႏွင့္ကစားစဥ္တိုင္းေျခစြမ္းျပႏိုင္တဲ့ေပါ့ဘာရဲ႕အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးပီအက္စ္ဂ်ီႏွင့္မန္ယူအၾကားမွာတစ္စုံတစ္ရာေဆြးေႏြးျခင္းမရွိေသးပါဘူး။တစ္ဖက္တြင္ရီးရဲလ္မက္ဒရစ္ကလည္းေပါ့ဘာရဲ႕အေျခအေနကိုအနီးကပ္ေစာင့္ၾကည့္ေနပါတယ္။

ဒါေပမယ့္လက္ရွိအေနအထားအရေပါ့ဘာဟာေမြးရပ္ေျမပဲရစ္သို႔ျပန္ရန္အလြန္အခြင့္အေရးမ်ားေနၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာယခုေႏြရာသီမွာဆာဂ်ီယိုရာမို႔စ္၊ဒြန္နာရမ္မာ၊ဟာကီမီ၊ဝီနယ္ဒမ္တို႔အားေခၚယူအားျဖည့္ထားၿပီးျဖစ္တဲ့အသင္းျဖစ္ပါတယ္။