ပီအက်စ်ဂျီသို့ရောက်ပြီး လေးလအကြာတွင်ပင် မပျော်ရွှင်တော့ကြောင်း ဝီနယ်ဒမ်ဖွင့်ဟလာ

ဂျီနီဝီနယ်ဒမ်ကပီအက်စ်ဂျီသို့ပြောင်းရွှေ့လာခဲ့တာလေးလမျှသာရှိသေးပေမယ့်နေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူမပျော်မရွှင်ဖြစ်နေကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ဝီနယ်ဒမ်ဟာလီဗာပူးတွင်ကစားခဲ့တဲ့ငါးရာသီတုန်းကအရေးပါတဲ့ကွင်းလယ်ကစားသမားအဖြစ်ကစားခွင့်ရရှိလာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့ရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာပြီးခဲ့တဲ့နွေရာသီမှာတော့လီဗာပူးနှင့်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုမရရှိခဲ့ပြီးနောက်ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့်ဝီနယ်ဒမ်ရဲ့ပဲရစ်ဘဝအစဟာထင်မှတ်ထားသလိုဖြစ်မလာခဲ့ပါဘူး။အစောပိုင်းတုန်းကပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုဟာဝီနယ်ဒမ်ကိုသူ့စီမံကိန်းရဲ့အရေးပါတဲ့နေရာမှာထည့်သွင်းထားခဲ့ပေမယ့်လည်းမက်ဆီရောက်လာမှုနဲ့အတူအပြောင်းအလဲပြုလုပ်ခဲ့ရပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဟာယခုရာသီမှာပီအက်စ်ဂျီအတွက်၁၁ပွဲကစားထားသော်လည်းစုစုပေါင်း၅၀၂မိနစ်တည်းသာကစားခွင့်ရထားပါသေးတယ်။

အသက်၃၀နှစ်ရှိဝီနယ်ဒမ်က “အရမ်းပျော်တယ်လို့မပြောနိုင်ပါဘူး။အခုအခြေအနေမျိုးကကျွန်တော်လိုချင်တဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ဒါပေမယ့်ဘောလုံးမှာကဒီလိုပါပဲ။ကျွန်တော့်အနေနဲ့ဒါကိုရင်ဆိုင်ဖြေရှင်းရပါမယ်။ကျွန်တော်ကတိုက်ခိုက်ရေးသမားတစ်ဦးပါ။အမြဲအပြုသဘောဘဲတွေးပါတယ်။အခြေအနေပြောင်းလဲဖို့အလုပ်ကြိုးစားသွားပါမယ်”လို့ပြောကြားသွားပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာပွဲတွေအများကြီးကစားခဲ့တယ်။အမြဲတမ်းလည်းကြံ့ခိုင်သလိုအကောင်းဆုံးလည်းကစားနိုင်ခဲ့တယ်။အခုအခြေအနေကကွဲပြားပါတယ်။ကျင့်သင့်ရဖို့မလွယ်ဘူး။ခြေလှမ်းသစ်တစ်ခုလှမ်းဖို့မျှော်လင့်ခဲ့ပေမယ့်အခုလိုကြုံလာခဲ့ရပါတယ်။အရမ်းကိုခက်ခဲပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီသို႔ေရာက္ၿပီး ေလးလအၾကာတြင္ပင္ မေပ်ာ္႐ႊင္ေတာ့ေၾကာင္း ဝီနယ္ဒမ္ဖြင့္ဟလာ

ဂ်ီနီဝီနယ္ဒမ္ကပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕လာခဲ့တာေလးလမွ်သာရွိေသးေပမယ့္ေနရာရရွိရန္႐ုန္းကန္ရမႈနဲ႔အတူမေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ဝီနယ္ဒမ္ဟာလီဗာပူးတြင္ကစားခဲ့တဲ့ငါးရာသီတုန္းကအေရးပါတဲ့ကြင္းလယ္ကစားသမားအျဖစ္ကစားခြင့္ရရွိလာခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္ဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔ရရွိေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာၿပီးခဲ့တဲ့ေႏြရာသီမွာေတာ့လီဗာပူးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈမရရွိခဲ့ၿပီးေနာက္ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဒါေပမယ့္ဝီနယ္ဒမ္ရဲ႕ပဲရစ္ဘဝအစဟာထင္မွတ္ထားသလိုျဖစ္မလာခဲ့ပါဘူး။အေစာပိုင္းတုန္းကပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပိုခ်က္တီႏိုဟာဝီနယ္ဒမ္ကိုသူ႔စီမံကိန္းရဲ႕အေရးပါတဲ့ေနရာမွာထည့္သြင္းထားခဲ့ေပမယ့္လည္းမက္ဆီေရာက္လာမႈနဲ႔အတူအေျပာင္းအလဲျပဳလုပ္ခဲ့ရပါတယ္။

ဒတ္ခ်္ကြင္းလယ္ကစားသမားဟာယခုရာသီမွာပီအက္စ္ဂ်ီအတြက္၁၁ပြဲကစားထားေသာ္လည္းစုစုေပါင္း၅၀၂မိနစ္တည္းသာကစားခြင့္ရထားပါေသးတယ္။

အသက္၃၀ႏွစ္ရွိဝီနယ္ဒမ္က “အရမ္းေပ်ာ္တယ္လို႔မေျပာႏိုင္ပါဘူး။အခုအေျခအေနမ်ိဳးကကြၽန္ေတာ္လိုခ်င္တဲ့အေျခအေနမ်ိဳးမဟုတ္ပါဘူး။ဒါေပမယ့္ေဘာလုံးမွာကဒီလိုပါပဲ။ကြၽန္ေတာ့္အေနနဲ႔ဒါကိုရင္ဆိုင္ေျဖရွင္းရပါမယ္။ကြၽန္ေတာ္ကတိုက္ခိုက္ေရးသမားတစ္ဦးပါ။အၿမဲအျပဳသေဘာဘဲေတြးပါတယ္။အေျခအေနေျပာင္းလဲဖို႔အလုပ္ႀကိဳးစားသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာပြဲေတြအမ်ားႀကီးကစားခဲ့တယ္။အၿမဲတမ္းလည္းႀကံ့ခိုင္သလိုအေကာင္းဆုံးလည္းကစားႏိုင္ခဲ့တယ္။အခုအေျခအေနကကြဲျပားပါတယ္။က်င့္သင့္ရဖို႔မလြယ္ဘူး။ေျခလွမ္းသစ္တစ္ခုလွမ္းဖို႔ေမွ်ာ္လင့္ခဲ့ေပမယ့္အခုလိုႀကဳံလာခဲ့ရပါတယ္။အရမ္းကိုခက္ခဲပါတယ္”လို႔ေျပာၾကားသြားပါတယ္။