ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ကာ မက်ဆီနှင့် တွဲကစားလာနိုင်ကြောင်း ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟလာ

ခရစ္စတီယာနိုရော်နယ်ဒိုကလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပီအက်စ်ဂျီအသင်းသို့ပြောင်းရွှေ့ကာလီယွန်နယ်မက်ဆီနှင့်တွဲကစားလာနိုင်ကြောင်းဖွင့်ဟလာပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုရဲ့Talk TV အင်တာဗျူကိုထုတ်လွှင့်ခဲ့ပါတယ်။ယင်းအင်တာဗျူးအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ရဲ့သစ္စာဖောက်ခြင်းခံခဲ့ရတယ်လို့ခံစားရကြောင်း၊သူ့အပေါ်မလေးစားတဲ့နည်းပြအဲရစ်တန်ဟက်အပေါ်မလေးစားကြောင်းဆိုသွားပါတယ်။

ပေါ်တူဂီဂန္ထဝင်ကစားသမားဟာလာမယ့်ဇန်နဝါရီတွင်ယူနိုက်တက်မှထွက်ခွာရန်သေချာနေပြီဖြစ်ပြီးပီအက်စ်ဂျီသို့ပြောင်းနိုင်ကြောင်းဆိုလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုက “ဘောလုံးမှာဘာမဆိုဖြစ်နိုင်ပါတယ်။ဘာလို့မဖြစ်နိုင်ရမလဲ။သေချာတာပေါ့။သူတို့တတွေ အင်္ကျီအများကြီးရောင်းရလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

တကယ်လို့များ ခရစ္စတီယာနိုရော်နယ်ဒိုသာ ပီအက်စ်ဂျီသို့ပြောင်းလာပါက မက်ဆီနှင့်တွဲကစားလာရမှာဖြစ်ပြီး၎င်းတို့နှစ်ဦးအကြား Ballon d’Or ဆု၁၂ကြိမ်အထိဆွတ်ခူးထားကြပါတယ်။

ဒါ့အပြင်မက်ဆီနှင့်ပတ်သက်ပြီး ခရစ္စတီယာနိုရော်နယ်ဒိုက “အံ့ဩစရာကောင်းတယ်။မှော်ဆန်တဲ့ကစားသမားပါ။တကယ့်ထိပ်တန်း။ကျွန်တော်တို့တတွေ၁၆နှစ်တိုင်တိုင်ဒီအဆင့်မှာအတွဲကစားလာခဲ့တယ်။စဉ်းစားကြည့် ၁၆နှစ်တောင်နော်။သူ့နဲ့ကောင်းတဲ့ဆက်ဆံရေးရှိတယ်။သူငယ်ချင်းတော့မဟုတ်ဘူး။သူငယ်ချင်းဆိုတာကအိမ်လာလည်တတ်တဲ့သူမျိုးပေါ့။ဖုန်းဆက်နေတာမျိုး။အဲဒီလိုမျိုး။ဒါပေမဲ့သူကကစားဖော်တစ်ဦးလိုပဲ။သူ့ကကျွန်တော်တကယ့်ကိုလေးစားတဲ့သူပါ။ကျွန်တော်နဲ့ပတ်သက်ပြီးသူပြောဆိုပုံကိုရော။သူ့ဇနီး(သို့မဟုတ်)ကျွန်တော့်ဇနီး၊ကျွန်တော့်ချစ်သူ။သူတို့အကြားမှာလည်းအမြဲတမ်းအပြန်အလှန်လေးစားမှုရှိတယ်။သူတို့တွေကအာဂျင်တီးနားကပါ။ကျွန်တော့်ချစ်သူကလည်းအာဂျင်တီးနားကပါ။ဒီတော့အရမ်းကောင်းတယ်။မက်ဆီနဲ့ပတ်သက်ပြီးကျွန်တော်ဘာပြောရမလဲ။ကြီးကျယ်တာတွေပေါ့။သူကဘောလုံးအတွက်အားလုံးလုပ်တဲ့ကြီးကျယ်တဲ့သူတစ်ဦးပါ”လို့ဆိုသွားပါတယ်။

အဆိုပါအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုက ဆိုးလ်ရှားမှာအလွန်ကောင်းမွန်တဲ့သူတစ်ဦးဖြစ်ပြီး ထုတ်ပယ်ခြင်းခံရရန်မထိုက်တန်တဲ့ အချိန်အနည်းငယ်ပေးသင့်ကြောင်းလည်းပြောကြားသွားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီသို႔ ေျပာင္းေ႐ႊ႕ကာ မက္ဆီႏွင့္ တြဲကစားလာႏိုင္ေၾကာင္း ခရစၥတီယာႏိုေရာ္နယ္ဒိုဖြင့္ဟလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုကလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပီအက္စ္ဂ်ီအသင္းသို႔ေျပာင္းေ႐ႊ႕ကာလီယြန္နယ္မက္ဆီႏွင့္တြဲကစားလာႏိုင္ေၾကာင္းဖြင့္ဟလာပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Talk TV အင္တာဗ်ဴကိုထုတ္လႊင့္ခဲ့ပါတယ္။ယင္းအင္တာဗ်ဴးအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ရဲ႕သစၥာေဖာက္ျခင္းခံခဲ့ရတယ္လို႔ခံစားရေၾကာင္း၊သူ႔အေပၚမေလးစားတဲ့နည္းျပအဲရစ္တန္ဟက္အေပၚမေလးစားေၾကာင္းဆိုသြားပါတယ္။

ေပၚတူဂီဂႏၴဝင္ကစားသမားဟာလာမယ့္ဇန္နဝါရီတြင္ယူႏိုက္တက္မွထြက္ခြာရန္ေသခ်ာေနၿပီျဖစ္ၿပီးပီအက္စ္ဂ်ီသို႔ေျပာင္းႏိုင္ေၾကာင္းဆိုလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုက “ေဘာလုံးမွာဘာမဆိုျဖစ္ႏိုင္ပါတယ္။ဘာလို႔မျဖစ္ႏိုင္ရမလဲ။ေသခ်ာတာေပါ့။သူတို႔တေတြ အက်ႌအမ်ားႀကီးေရာင္းရလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

တကယ္လို႔မ်ား ခရစၥတီယာႏိုေရာ္နယ္ဒိုသာ ပီအက္စ္ဂ်ီသို႔ေျပာင္းလာပါက မက္ဆီႏွင့္တြဲကစားလာရမွာျဖစ္ၿပီး၎တို႔ႏွစ္ဦးအၾကား Ballon d’Or ဆု၁၂ႀကိမ္အထိဆြတ္ခူးထားၾကပါတယ္။

ဒါ့အျပင္မက္ဆီႏွင့္ပတ္သက္ၿပီး ခရစၥတီယာႏိုေရာ္နယ္ဒိုက “အံ့ဩစရာေကာင္းတယ္။ေမွာ္ဆန္တဲ့ကစားသမားပါ။တကယ့္ထိပ္တန္း။ကြၽန္ေတာ္တို႔တေတြ၁၆ႏွစ္တိုင္တိုင္ဒီအဆင့္မွာအတြဲကစားလာခဲ့တယ္။စဥ္းစားၾကည့္ ၁၆ႏွစ္ေတာင္ေနာ္။သူ႔နဲ႔ေကာင္းတဲ့ဆက္ဆံေရးရွိတယ္။သူငယ္ခ်င္းေတာ့မဟုတ္ဘူး။သူငယ္ခ်င္းဆိုတာကအိမ္လာလည္တတ္တဲ့သူမ်ိဳးေပါ့။ဖုန္းဆက္ေနတာမ်ိဳး။အဲဒီလိုမ်ိဳး။ဒါေပမဲ့သူကကစားေဖာ္တစ္ဦးလိုပဲ။သူ႔ကကြၽန္ေတာ္တကယ့္ကိုေလးစားတဲ့သူပါ။ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီးသူေျပာဆိုပုံကိုေရာ။သူ႔ဇနီး(သို႔မဟုတ္)ကြၽန္ေတာ့္ဇနီး၊ကြၽန္ေတာ့္ခ်စ္သူ။သူတို႔အၾကားမွာလည္းအၿမဲတမ္းအျပန္အလွန္ေလးစားမႈရွိတယ္။သူတို႔ေတြကအာဂ်င္တီးနားကပါ။ကြၽန္ေတာ့္ခ်စ္သူကလည္းအာဂ်င္တီးနားကပါ။ဒီေတာ့အရမ္းေကာင္းတယ္။မက္ဆီနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ဘာေျပာရမလဲ။ႀကီးက်ယ္တာေတြေပါ့။သူကေဘာလုံးအတြက္အားလုံးလုပ္တဲ့ႀကီးက်ယ္တဲ့သူတစ္ဦးပါ”လို႔ဆိုသြားပါတယ္။

အဆိုပါအင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုက ဆိုးလ္ရွားမွာအလြန္ေကာင္းမြန္တဲ့သူတစ္ဦးျဖစ္ၿပီး ထုတ္ပယ္ျခင္းခံရရန္မထိုက္တန္တဲ့ အခ်ိန္အနည္းငယ္ေပးသင့္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။