ပီအက်စ်ဂျီသို့ မက်ဆီပြောင်းသွားပြီးနောက် လီဂူး ၁ ရုပ်သံလွှင့်ခွင့် ဝယ်ယူလိုက်တဲ့ ပီကေး

ဘာစီလိုနာစတားဂါရတ်ပီကေးရဲ့ကုမ္ပဏီဟာကစားဖော်လီယွန်နယ်မက်ဆီ ပြင်သစ်လီဂူး၁ကလပ်ဘာစီလိုနာသို့ပြောင်းရွှေ့သွားပြီးနောက်စပိန်တွင်ပြင်သစ်လီဂူး၁ထုတ်လွှင့်ပြသခွင့်၃နှစ်စာဝယ်ယူလိုက်ပါတယ်။

ESPN ရဲ့ဖော်ပြချက်အရပီကေးပိုင် Kosmos Holding ဟာ Enjoy TV နှင့်ပူးပေါင်းကာလာမယ့်သုံးနှစ်စာအတွက်လီဂူး၁ထုတ်လွှင့်ပြသခွင့်ဝယ်ယူလိုက်ပါတယ်။၎င်းတို့ဟာယင်းလိုင်စင်ကိုအခြားရုပ်သံတစ်ခုထံသို့ ထပ်ဆင့်လိုင်စင်ချသွားဖို့လည်းရှိပါတယ်။

ယခင်တုန်းကစပိန်တွင်လီဂူး၁ပြသခွင့်အား Movistar ကရယူထားတာဖြစ်ပြီးတစ်နှစ်လျှင်ယူရို၂.၅သန်းဖြင့်ရယူခဲ့တာပါ။ဒါပေမယ့်၎င်းတို့ဟာဘာစီလိုနာမှမက်ဆီထွက်ခွာပြီးလီဂူး၁သို့မပြောင်းမီ စာချုပ်သက်တမ်းတိုးရေးကိုပယ်ချခဲ့ပါတယ်။

ဒါကြောင့်လည်းပီကေးဟာစပိန်တွင်ပရိသတ်အခိုင်အမာရရှိထားတဲ့လီယွန်နယ်မက်ဆီရဲ့လီဂူး၁ပွဲစဉ်များကိုထုတ်လွှင့်ပြသမှုအားဝယ်ယူကာအကျိုးအမြတ်ရရှိရန်ကြိုးပမ်းလာခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီသို႔ မက္ဆီေျပာင္းသြားၿပီးေနာက္ လီဂူး ၁ ႐ုပ္သံလႊင့္ခြင့္ ဝယ္ယူလိုက္တဲ့ ပီေကး

ဘာစီလိုနာစတားဂါရတ္ပီေကးရဲ႕ကုမၸဏီဟာကစားေဖာ္လီယြန္နယ္မက္ဆီ ျပင္သစ္လီဂူး၁ကလပ္ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕သြားၿပီးေနာက္စပိန္တြင္ျပင္သစ္လီဂူး၁ထုတ္လႊင့္ျပသခြင့္၃ႏွစ္စာဝယ္ယူလိုက္ပါတယ္။

ESPN ရဲ႕ေဖာ္ျပခ်က္အရပီေကးပိုင္ Kosmos Holding ဟာ Enjoy TV ႏွင့္ပူးေပါင္းကာလာမယ့္သုံးႏွစ္စာအတြက္လီဂူး၁ထုတ္လႊင့္ျပသခြင့္ဝယ္ယူလိုက္ပါတယ္။၎တို႔ဟာယင္းလိုင္စင္ကိုအျခား႐ုပ္သံတစ္ခုထံသို႔ ထပ္ဆင့္လိုင္စင္ခ်သြားဖို႔လည္းရွိပါတယ္။

ယခင္တုန္းကစပိန္တြင္လီဂူး၁ျပသခြင့္အား Movistar ကရယူထားတာျဖစ္ၿပီးတစ္ႏွစ္လွ်င္ယူ႐ို၂.၅သန္းျဖင့္ရယူခဲ့တာပါ။ဒါေပမယ့္၎တို႔ဟာဘာစီလိုနာမွမက္ဆီထြက္ခြာၿပီးလီဂူး၁သို႔မေျပာင္းမီ စာခ်ဳပ္သက္တမ္းတိုးေရးကိုပယ္ခ်ခဲ့ပါတယ္။

ဒါေၾကာင့္လည္းပီေကးဟာစပိန္တြင္ပရိသတ္အခိုင္အမာရရွိထားတဲ့လီယြန္နယ္မက္ဆီရဲ႕လီဂူး၁ပြဲစဥ္မ်ားကိုထုတ္လႊင့္ျပသမႈအားဝယ္ယူကာအက်ိဳးအျမတ္ရရွိရန္ႀကိဳးပမ္းလာခဲ့တာလည္းျဖစ္ပါတယ္။