ပီအက်စ်ဂျီသို့ အပြောင်းအရွှေ့ပျက်ပြယ်သွားပြီးနောက် ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလေးထံ မက်ဆေ့ချ်ပို့ခဲ့တဲ့ ဇီယက်ချ်

ဟာကမ်ဇီယက်ချ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ပီအက်စ်ဂျီသို့ပြောင်းရွှေ့မှုပျက်ပြယ်သွားပြီးနောက်အကြီးအကျယ်တုန်လှုပ်နေခဲ့ပြီး အသင်းပိုင်ရှင်တော့ဒ်ဘိုလေးထံသို့မက်ဆေ့ချ်ပို့ခဲ့ကြောင်းသိရပါတယ်။

ဇီယက်ချ်ဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၁၀ပွဲတည်းသာကစားခွင့်ရထားသူဖြစ်ပြီးအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်ပီအက်စ်ဂျီသို့ပြောင်းရန်သဘောတူညီမှုရရှိခဲ့ပါတယ်။

သူဟာပီအက်စ်ဂျီအပြောင်းအရွှေ့အပြီးသတ်ရန်အတွက်ပဲရစ်သို့ရောက်ရှိနေခဲ့ပါတယ်။ဒါပေမဲ့အသက်၂၉နှစ်ရှိမော်ရိုကိုစတားရဲ့ပီအက်စ်ဂျီအပြောင်းအရွှေ့မှာဒရမ်မာဆန်ဆန်ပျက်ပြယ်သွားခဲ့ပါတယ်။

ပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရချဲလ်ဆီးဘက်ကပီအက်စ်ဂျီထံသို့စာရွက်စာတမ်းအမှားသုံးကြိမ်တိုင်တိုင်မှားယွင်းပေးပို့မှုနဲ့အတူ အပြောင်းအရွှေအပြီးမသတ်နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ယခုအခါမှာတော့သူဟာလန်ဒန်သို့ပြန်ကာရာသီကုန်တဲ့အထိချဲလ်ဆီးတွင်ကစားသွားရတော့မှာဖြစ်ပါတယ်။

ဇီယက်ချ်ဟာပီအက်စ်ဂျီသို့ပြောင်းရွှေ့လိုမှုနဲ့အတူအပြောင်းအရွှေ့ဖြစ်မြောက်လာရန်အတွက်အစွမ်းကုန်လုပ်ပေးရန် တော့ဒ်ဘိုလေးထံသို့ပင်မက်ဆေ့ချ်ပို့ခဲ့ကြောင်း Sky Sports ရဲ့ဖော်ပြချက်အရသိရပါတယ်။

ဒါ့အပြင် The Daily Telegraph ကလည်းအေဂျက်စ်စတားဟောင်းဟာအပြောင်းအရွှေ့ပျက်ပြယ်သွားမှုကြောင့်အကြီးအကျယ်တုန်လှုပ်လျက်ရှိကြောင်းသိရပါတယ်။

ဇီယက်ချ်ဟာအပြောင်းအရွှေ့မဖြစ်မြောက်လာပြီးနောက် သောကြာနေ့ဖူလ်ဟမ်နှင့်ပွဲတွင်ချဲလ်ဆီးလူစာရင်းတွင်ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာအဆင့်၄နေရာမှယူနိုက်တက်နှင့်ရမှတ်၁၀မှတ်အထိကွာဟနေမှုနဲ့အတူဖူလ်ဟမ်နှင့်ပွဲတွင်မဖြစ်မနေအနိုင်ရရှိရန်လိုအပ်နေပါတယ်။

ချဲလ်ဆီးဟာဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မူဒရစ်၊ဖာနန်ဒက်ဇ်တို့ကိုခေါ်ယူထားရာချန်ပီယံလိဂ်လူစာရင်းတင်သွင်းရာမှာဇီယက်ချ်ကိုချန်လှပ်လာဖို့ရှိနေပါတယ်။

ZawGyi

ပီအက်စ်ဂျီသို့ အပြောင်းအရွှေ့ပျက်ပြယ်သွားပြီးနောက် ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလေးထံ မက်ဆေ့ခ်ျပို့ခဲ့တဲ့ ဇီယက်ခ်ျ

ဟာကမ်ဇီယက်ခ်ျဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ပီအက်စ်ဂျီသို့ပြောင်းရွှေ့မှုပျက်ပြယ်သွားပြီးနောက်အကြီးအကျယ်တုန်လှုပ်နေခဲ့ပြီး အသင်းပိုင်ရှင်တော့ဒ်ဘိုလေးထံသို့မက်ဆေ့ခ်ျပို့ခဲ့ကြောင်းသိရပါတယ်။

ဇီယက်ခ်ျဟာယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၁၀ပွဲတည်းသာကစားခွင့်ရထားသူဖြစ်ပြီးအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်ပီအက်စ်ဂျီသို့ပြောင်းရန်သဘောတူညီမှုရရှိခဲ့ပါတယ်။




ဇီယက်ခ်ျဟာပီအက်စ်ဂျီသို့ပြောင်းရွှေ့လိုမှုနဲ့အတူအပြောင်းအရွှေ့ဖြစ်မြောက်လာရန်အတွက်အစွမ်းကုန်လုပ်ပေးရန် တော့ဒ်ဘိုလေးထံသို့ပင်မက်ဆေ့ခ်ျပို့ခဲ့ကြောင်း Sky Sports ရဲ့ဖော်ပြချက်အရသိရပါတယ်။


ဇီယက်ခ်ျဟာအပြောင်းအရွှေ့မဖြစ်မြောက်လာပြီးနောက် သောကြာနေ့ဖူလ်ဟမ်နှင့်ပွဲတွင်ချဲလ်ဆီးလူစာရင်းတွင်ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။

ချဲလ်ဆီးဟာအဆင့်၎နေရာမှယူနိုက်တက်နှင့်ရမှတ်၁၀မှတ်အထိကွာဟနေမှုနဲ့အတူဖူလ်ဟမ်နှင့်ပွဲတွင်မဖြစ်မနေအနိုင်ရရှိရန်လိုအပ်နေပါတယ်။

ချဲလ်ဆီးဟာဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မူဒရစ်၊ဖာနန်ဒက်ဇ်တို့ကိုခေါ်ယူထားရာချန်ပီယံလိဂ်လူစာရင်းတင်သွင်းရာမှာဇီယက်ခ်ျကိုချန်လှပ်လာဖို့ရှိနေပါတယ်။