ပီအက်စ်ဂျီသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်နောက်ခံလူ

ဆာဂျီယိုရာမို့စ်ဟာပီအက်စ်ဂျီသို့ ၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ဂန္ထဝင်နောက်ခံလူဟာလာမယ့်ရက်များမှာဆေးစစ်မှုခံယူပြီးပီအက်စ်ဂျီသို့တရားဝင်ပြောင်းရွှေ့ပါမယ်။

အသက်၃၅နှစ်ရှိရာမို့စ်ဟာပြီးခဲ့တဲ့လတုန်းကရီးရဲလ်မက်ဒရစ်မှထွက်ခွာတော့မှာဖြစ်ကြောင်းတရားဝင်ကြေညာခဲ့သူဖြစ်ပြီးမန်ယူ၊မန်စီးတီး၊ချဲလ်ဆီးတို့ရဲ့ဆက်သွယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ရာမို့စ်ဟာပဲရစ်အခြေစိုက်ပီအက်စ်ဂျီသို့ပြောင်းရွှေ့ကစားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ရာမို့စ်ဟာရီးရဲလ်မက်ဒရစ်တွင်၁၆နှစ်ကြာကစားခဲ့စဉ်အတွင်းလာလီဂါဖလား၅ကြိမ်၊ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ရာမို့စ်ဟာအသင်းသစ်ပီအက်စ်ဂျီကိုချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေးအတွက်ကူညီပေးသွားရပါမယ်။

ပီအက်စ်ဂျီဟာရာမို့စ်မတိုင်မီဒွန်နာရမ်မာ၊ဝီနယ်ဒမ်နှင့်ဟာကီမီတို့ကိုခေါ်ယူအားဖြည့်ထားပြီးဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီသို႔ ၂ ႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းရန္ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္တဲ့ ဂႏၴဝင္ေနာက္ခံလူ

ဆာဂ်ီယိုရာမို႔စ္ဟာပီအက္စ္ဂ်ီသို႔ ၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ရန္သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။ဂႏၴဝင္ေနာက္ခံလူဟာလာမယ့္ရက္မ်ားမွာေဆးစစ္မႈခံယူၿပီးပီအက္စ္ဂ်ီသို႔တရားဝင္ေျပာင္းေ႐ႊ႕ပါမယ္။

အသက္၃၅ႏွစ္ရွိရာမို႔စ္ဟာၿပီးခဲ့တဲ့လတုန္းကရီးရဲလ္မက္ဒရစ္မွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းတရားဝင္ေၾကညာခဲ့သူျဖစ္ၿပီးမန္ယူ၊မန္စီးတီး၊ခ်ဲလ္ဆီးတို႔ရဲ႕ဆက္သြယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ရာမို႔စ္ဟာပဲရစ္အေျခစိုက္ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ကစားရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ရာမို႔စ္ဟာရီးရဲလ္မက္ဒရစ္တြင္၁၆ႏွစ္ၾကာကစားခဲ့စဥ္အတြင္းလာလီဂါဖလား၅ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ရာမို႔စ္ဟာအသင္းသစ္ပီအက္စ္ဂ်ီကိုခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေရးအတြက္ကူညီေပးသြားရပါမယ္။

ပီအက္စ္ဂ်ီဟာရာမို႔စ္မတိုင္မီဒြန္နာရမ္မာ၊ဝီနယ္ဒမ္ႏွင့္ဟာကီမီတို႔ကိုေခၚယူအားျဖည့္ထားၿပီးျဖစ္ပါတယ္။