ပီအက်စ်ဂျီအတွက် ပထမဆုံးကစားတဲ့ပွဲမှာ ရိမ်းစ်ဂိုးသမားရဲ့ကလေးနှင့် ဓာတ်ပုံတွဲရိုက်ပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာရိမ်းစ်ပရိသတ်ငယ်လေးတစ်ဦးရဲ့အိပ်မက်ကိုအမှန်တကယ်ဖြစ်လာအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။

မက်ဆီဟာမနေ့ညတုန်းကရိမ်းစ်ကိုပီအက်စ်ဂျီက၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအရန်ခုံမှထပြီးပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုဝင်ကစားသွားခဲ့ပါတယ်။

မက်ဆီဟာပီအက်စ်ဂျီအတွက်ပထမဆုံးပွဲမှာဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး။ပီအက်စ်ဂျီအတွက်အနိုင်ဂိုးနှစ်ဂိုးလုံးကိုဘက်ပေးကသွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာရိမ်းစ်ဂိုးသမားပရီဒရစ်ရာကိုဗစ်ဟာပွဲကြည့်စဉ်မှသူ့သားငယ်လေးကိုခေါ်ဆောင်ပြီးမက်ဆီနှင့်ဓာတ်ပုံတွဲရိုက်ဖို့ခွင့်တောင်းခဲ့ပါတယ်။မက်ဆီကလည်းရိမ်းစ်ဂိုးသမားရဲ့တောင်းဆိုမှုကိုလက်ခံကာသူ့ရဲ့မေတ္တတရားကိုပြသခဲ့ပါတယ်။

ဒါကိုကြည့်ရင်ပြင်သစ်မှာရှိတဲ့လူတိုင်းဟာမက်ဆီ လီဂူး၁သို့ရောက်လာမှုအတွက်အရမ်းကိုပျော်ရွှင်နေကြတယ်ဆိုတာမြင်တွေ့နိုင်ပါတယ်။

မက်ဆီဟာပွဲချိန်၆၆မိနစ်မှာနေမာအစားလူစားဝင်ကစားပြီးပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုကစားခဲ့တာပါ။အစောပိုင်းတုန်းကအသက်၃၄နှစ်ရှိကစားသမားကိုဒီပွဲမှာပွဲထွက်ကစားလာဖို့လူတိုင်းကမျှော်လင့်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

မက်ဆီဟာပွဲချိန်၅၇မိနစ်မှာလူစားဝင်ရောက်ဖို့သွေးပူလေ့ကျင့်ခန်းဆင်းစဉ်ကတည်းကပရိသတ်များရဲ့အံ့ဩစရာကောင်းတဲ့ကြိုဆိုမှုရရှိခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီအတြက္ ပထမဆုံးကစားတဲ့ပြဲမွာ ရိမ္းစ္ဂိုးသမားရဲ႕ကေလးႏွင့္ ဓာတ္ပုံတြဲ႐ိုက္ေပးခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာရိမ္းစ္ပရိသတ္ငယ္ေလးတစ္ဦးရဲ႕အိပ္မက္ကိုအမွန္တကယ္ျဖစ္လာေအာင္လုပ္ေဆာင္ေပးခဲ့ပါတယ္။

မက္ဆီဟာမေန႔ညတုန္းကရိမ္းစ္ကိုပီအက္စ္ဂ်ီက၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအရန္ခုံမွထၿပီးပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုဝင္ကစားသြားခဲ့ပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲမွာဂိုးေတာ့မသြင္းႏိုင္ခဲ့ပါဘူး။ပီအက္စ္ဂ်ီအတြက္အႏိုင္ဂိုးႏွစ္ဂိုးလုံးကိုဘက္ေပးကသြင္းယူခဲ့ပါတယ္။

ပြဲအၿပီးမွာရိမ္းစ္ဂိုးသမားပရီဒရစ္ရာကိုဗစ္ဟာပြဲၾကည့္စဥ္မွသူ႔သားငယ္ေလးကိုေခၚေဆာင္ၿပီးမက္ဆီႏွင့္ဓာတ္ပုံတြဲ႐ိုက္ဖို႔ခြင့္ေတာင္းခဲ့ပါတယ္။မက္ဆီကလည္းရိမ္းစ္ဂိုးသမားရဲ႕ေတာင္းဆိုမႈကိုလက္ခံကာသူ႔ရဲ႕ေမတၱတရားကိုျပသခဲ့ပါတယ္။

 

ဒါကိုၾကည့္ရင္ျပင္သစ္မွာရွိတဲ့လူတိုင္းဟာမက္ဆီ လီဂူး၁သို႔ေရာက္လာမႈအတြက္အရမ္းကိုေပ်ာ္႐ႊင္ေနၾကတယ္ဆိုတာျမင္ေတြ႕ႏိုင္ပါတယ္။

မက္ဆီဟာပြဲခ်ိန္၆၆မိနစ္မွာေနမာအစားလူစားဝင္ကစားၿပီးပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုကစားခဲ့တာပါ။အေစာပိုင္းတုန္းကအသက္၃၄ႏွစ္ရွိကစားသမားကိုဒီပြဲမွာပြဲထြက္ကစားလာဖို႔လူတိုင္းကေမွ်ာ္လင့္ေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

မက္ဆီဟာပြဲခ်ိန္၅၇မိနစ္မွာလူစားဝင္ေရာက္ဖို႔ေသြးပူေလ့က်င့္ခန္းဆင္းစဥ္ကတည္းကပရိသတ္မ်ားရဲ႕အံ့ဩစရာေကာင္းတဲ့ႀကိဳဆိုမႈရရွိခဲ့သူလည္းျဖစ္ပါတယ္။