ပီအက်စ်ဂျီအတွက် ပထမဆုံးဂိုးအား လှပစွာ သွင်းယူနိုင်ခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာမန်စီးတီးအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာသူ့ရဲ့ပီအက်စ်ဂျီအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပြီးနောက်ဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ကိုင်လီယန်ဘက်ပေးကိုလက်ညှိုးထိုးကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်ဆွတ်ခူးထားနိုင်တဲ့မက်ဆီဟာဆရာဟောင်းဂွါဒီယိုလာရဲ့မန်စီးတီးနှင့်ပွဲစဉ်မှာအကောင်းဆုံးပုံစံတော့မပြသနိုင်ခဲ့ပါဘူး။ဒါပေမယ့်သူဟာဒုတိယပိုင်းမှာသူဟာဘယ်လောက်တော်တဲ့ကစားသမားတစ်ဦးလဲဆိုတာထပ်မံပြသခဲ့ပါတယ်။

ပီအက်စ်ဂျီဟာပွဲချိန်၇မိနစ်မှာဂူယီသွင်းယူတဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပွဲချိန်၇၄မိနစ်မှာအသက်၃၄နှစ်ရှိမက်ဆီဟာညာခြမ်းကနေ မန်စီးတီးဂိုးပေါက်ရှိရာသို့ ဆွဲပြေးခဲ့ပြီးဘက်ပေးနှင့် ဝမ်းတူးရိုက်ကာညာထောင့်သို့လှလှပပကန်သွင်းခဲ့ပါတယ်။

ယင်းဂိုးဟာမက်ဆီအတွက်ချန်ပီယံလိဂ်၁၂၁ဂိုးမြောက်ဂိုးဖြစ်ပြီးပီအက်စ်ဂျီအတွက်ပထမဆုံးသွင်းယူတဲ့ဂိုးဖြစ်ပါတယ်။

မက်ဆီဟာဂိုးသွင်းယူနိုင်ပြီးနောက်အလွန်ပျော်ရွှင်နေတာတွေ့ရပြီးသူ့ကိုပီအက်စ်ဂျီအတွက်ပထမဆုံးဂိုးသွင်းနိုင်အောင်ဖန်တီးပေးခဲ့တဲ့ဘက်ပေးကိုလက်ညှိုးထိုးကာကစားဖော်ရဲ့စွမ်းဆောင်ရည်ကိုအသိအမှတ်ပြုခဲ့ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီအတြက္ ပထမဆုံးဂိုးအား လွပစြာ သြင္းယူႏိုင္ခဲ့တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာမန္စီးတီးအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာသူ႔ရဲ႕ပီအက္စ္ဂ်ီအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ၿပီးေနာက္ဖန္တီးမႈျပဳလုပ္ေပးခဲ့တဲ့ကိုင္လီယန္ဘက္ေပးကိုလက္ညႇိဳးထိုးကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္ဆြတ္ခူးထားႏိုင္တဲ့မက္ဆီဟာဆရာေဟာင္းဂြါဒီယိုလာရဲ႕မန္စီးတီးႏွင့္ပြဲစဥ္မွာအေကာင္းဆုံးပုံစံေတာ့မျပသႏိုင္ခဲ့ပါဘူး။ဒါေပမယ့္သူဟာဒုတိယပိုင္းမွာသူဟာဘယ္ေလာက္ေတာ္တဲ့ကစားသမားတစ္ဦးလဲဆိုတာထပ္မံျပသခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာပြဲခ်ိန္၇မိနစ္မွာဂူယီသြင္းယူတဲ့ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒုတိယပိုင္းပြဲခ်ိန္၇၄မိနစ္မွာအသက္၃၄ႏွစ္ရွိမက္ဆီဟာညာျခမ္းကေန မန္စီးတီးဂိုးေပါက္ရွိရာသို႔ ဆြဲေျပးခဲ့ၿပီးဘက္ေပးႏွင့္ ဝမ္းတူး႐ိုက္ကာညာေထာင့္သို႔လွလွပပကန္သြင္းခဲ့ပါတယ္။

ယင္းဂိုးဟာမက္ဆီအတြက္ခ်န္ပီယံလိဂ္၁၂၁ဂိုးေျမာက္ဂိုးျဖစ္ၿပီးပီအက္စ္ဂ်ီအတြက္ပထမဆုံးသြင္းယူတဲ့ဂိုးျဖစ္ပါတယ္။

မက္ဆီဟာဂိုးသြင္းယူႏိုင္ၿပီးေနာက္အလြန္ေပ်ာ္႐ႊင္ေနတာေတြ႕ရၿပီးသူ႔ကိုပီအက္စ္ဂ်ီအတြက္ပထမဆုံးဂိုးသြင္းႏိုင္ေအာင္ဖန္တီးေပးခဲ့တဲ့ဘက္ေပးကိုလက္ညႇိဳးထိုးကာကစားေဖာ္ရဲ႕စြမ္းေဆာင္ရည္ကိုအသိအမွတ္ျပဳခဲ့ပါတယ္။