
ပီအက်စ်ဂျီစတားလီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကနိုက်စ်နှင့်ပွဲစဉ်တွင်လည်းဖရီးကစ်မှတဆင့်ဂိုးသွင်းယူကာသူ့ရဲ့အကောင်းဆုံးဂိုးသွင်းပုံစံကိုဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။
အသက်၃၅နှစ်ရှိမက်ဆီဟာပီအက်စ်ဂျီပထမဆုံးရာသီတွင်ရုန်းကန်ခဲ့ရပေမဲ့လည်းယခုရာသီတွင်မူအကောင်းဆုံးပုံစံရရှိနေခဲ့ပါတယ်။
သူဟာနိုက်စ်နှင့်ပွဲမတိုင်မီယခုရာသီမှာပီအက်စ်ဂျီအတွက်၆ဂိုးသွင်းထားကာ၈ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။ဒါ့အပြင်သူဟာအာဂျင်တီးနားအတွက်နိုင်ငံတကာပွဲနှစ်ပွဲကစားခဲ့ရာမှာလည်း၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာစနေနေ့ညတုန်းကနိုက်စ်နှင့်ပွဲစဉ်တွင်လည်းဖရီးကစ်မှတဆင့်ပီအက်စ်ဂျီအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။သူဟာသူ့ကြောင့်ရတဲ့ဖရီးကစ်ကနေသွင်းယူခဲ့တာဖြစ်ပြီးနိုက်စ်ဂိုးသမားရှမိုက်ကယ်မကာကွယ်နိုင်ခဲ့ပါဘူး။
စိတ်ဝင်စားဖို့ကောင်းတာကတော့မက်ဆီကဖရီးကစ်ကန်လိုက်ချိန်မှာ ကွင်းဘေးရှိ LED ကြော်ငြာကလည်း GOAT ဆိုပြီးပေါ်လာတာပါ။
ဒါကြောင့်လည်းပီအက်စ်ဂျီနှင့်မက်ဆီပရိသတ်တွေကနိုက်စ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးမှာမက်ဆီကို GOAT သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုပြီးချီးမွမ်းခန်းဖွင့်နေကြပါတယ်။
ZawGyi
ပီအက္စ္ဂ်ီအတြက္ မက္ဆီ ဖရီးကစ္ဂိုးသြင္းလိုက္ခ်ိန္တြင္ ကြင္းေဘးေၾကာ္ျငာက GOAT လို႔ ေထာက္ခံခဲ့
ပီအက္စ္ဂ်ီစတားလီယြန္နယ္မက္ဆီဟာမေန႔ညတုန္းကႏိုက္စ္ႏွင့္ပြဲစဥ္တြင္လည္းဖရီးကစ္မွတဆင့္ဂိုးသြင္းယူကာသူ႔ရဲ႕အေကာင္းဆုံးဂိုးသြင္းပုံစံကိုဆက္လက္ထိန္းထားႏိုင္ခဲ့ပါတယ္။
အသက္၃၅ႏွစ္ရွိမက္ဆီဟာပီအက္စ္ဂ်ီပထမဆုံးရာသီတြင္႐ုန္းကန္ခဲ့ရေပမဲ့လည္းယခုရာသီတြင္မူအေကာင္းဆုံးပုံစံရရွိေနခဲ့ပါတယ္။
သူဟာႏိုက္စ္ႏွင့္ပြဲမတိုင္မီယခုရာသီမွာပီအက္စ္ဂ်ီအတြက္၆ဂိုးသြင္းထားကာ၈ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။ဒါ့အျပင္သူဟာအာဂ်င္တီးနားအတြက္ႏိုင္ငံတကာပြဲႏွစ္ပြဲကစားခဲ့ရာမွာလည္း၄ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
သူဟာစေနေန႔ညတုန္းကႏိုက္စ္ႏွင့္ပြဲစဥ္တြင္လည္းဖရီးကစ္မွတဆင့္ပီအက္စ္ဂ်ီအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။သူဟာသူ႔ေၾကာင့္ရတဲ့ဖရီးကစ္ကေနသြင္းယူခဲ့တာျဖစ္ၿပီးႏိုက္စ္ဂိုးသမားရွမိုက္ကယ္မကာကြယ္ႏိုင္ခဲ့ပါဘူး။
စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့မက္ဆီကဖရီးကစ္ကန္လိုက္ခ်ိန္မွာ ကြင္းေဘးရွိ LED ေၾကာ္ျငာကလည္း GOAT ဆိုၿပီးေပၚလာတာပါ။
ဒါေၾကာင့္လည္းပီအက္စ္ဂ်ီႏွင့္မက္ဆီပရိသတ္ေတြကႏိုက္စ္ကို၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးမွာမက္ဆီကို GOAT သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆိုၿပီးခ်ီးမြမ္းခန္းဖြင့္ေနၾကပါတယ္။