ပီအက်စ်ဂျီအမျိုးသမီးအသင်းကစားသမားတိုက်ခိုက်ရမှုနဲ့ဆက်စပ်ပြီး ဘာစီလိုနာဂန္ထဝင်စစ်ဆေးခံရမည်

ဘာစီလိုနာဂန္ထဝင်အဲရစ်အဘီဒယ်ဟာပီအက်စ်ဂျီအမျိုးသမီးအသင်းကစားသမားခီရာဟမ်မရိုဝီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးဆက်စပ်ပြီးရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးခြင်းခံရမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိပီအက်စ်ဂျီအမျိုးသမီးအသင်းကစားသမားဟာနိုဝင်ဘာလ၄ရက်နေ့တုန်းကမျက်နှာဖုံးစွပ်လူများရဲ့သံပိုက်ဖြင့်ခြေထောက်ကိုရိုက်ခြင်းခံခဲ့ရပါတယ်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးပီအက်စ်ဂျီကစားဖော်အေမီနာတာဒီရယ်လိုကကစားဖော်ကိုနောက်ကွယ်မှတိုက်ခိုက်စေပြီးအသင်းတွင်နေရာရအောင်လုပ်တယ်လို့စွပ်စွဲခံခဲ့ရကာပြီးခဲ့တဲ့အပတ်တုန်းကဖမ်းဆီးထိန်းသိမ်းခြင်းခံခြ့ရပါတယ်။ဒါပေမယ့်ဒီရယ်လိုဟာရဲတပ်ဖွဲ့ရဲ့တစ်စုံတစ်ရာစွဲချက်တင်ခြင်းမခံရဘဲပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဟမ်မရိုဝီဟာယခုလအစောပိုင်းတုန်းကဒီရယ်လိုနှင့်အတူပဲရစ်တွင်ကားမောင်းနေစဉ်ကားပေါ်မှဆွဲချခြင်းခံခဲ့ရပြီးလက်သီးဖြင့်ထိုးခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်မျက်နှာဖုံးလူဆိုးများဟာသူမရဲ့ခြေထောက်ကိုသံပိုက်ဖြင့်ရိုက်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ဒီရယ်လိုကတော့တစ်စုံတစ်ရာဒဏ်ရာမရခဲ့ပါဘူး။

ဒါပေမယ့်ယခုအခါယင်းအမူတွင်ချန်ပီယံလိဂ်နှစ်ကြိမ်ရဘာစီလိုနာဂန္ထဝင်ကစားသမားအဘီဒယ်လည်းပါဝင်လာပါတယ်။

ရဲတပ်ဖွဲ့ဟာဟမ်မရိုဝီရဲ့ဖုန်းကိုစစ်ဆေးမှုပြုလုပ်ခဲ့ရာသူမရဲ့ဖုန်းနံပါတ်ကိုအဲရစ်အဘီဒယ်အမည်ဖြင့်မှတ်ပုံတင်ထားကြောင်းတွေ့ရှိရတာဖြစ်ပါတယ်။

အဘီဒယ်ဟာ၂၀၁၈ခုနှစ်မှ၂၀၂၀ခုနှစ်အထိဘာစီလိုနာတွင်အားကစားဒါရိုက်တာအဖြစ်ဆောင်ရွက်ခ့သူဖြစ်ပြီးသူဆောင်ရွက်စဉ်အတွင်းဘာစီလိုနာအမျိုးသမီးအသင်းအတွက်ဟမ်မရိုဝီကိုခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးပါတယ်။

ပီအက်စ်ဂျီကစားသမားအများစုတို့ဟာအထက်ပါအမှုနဲ့ပတ်သက်ပြီးစစ်ဆေးခြင်းခံခဲ့ရပြီးယင်းတိုက်ခိုက်မှုခံခဲ့ရပြီးနောက်ဟမ်မရိုဝီဟာအဘီဒယ်ကိုဖုန်းဆက်သွယ်ခဲ့ကြောင်းသိရပါတယ်။အဘီဒယ်ရဲ့ဇနီးသည်ဟာလည်းမျက်မြင်သက်သေဖြင့်စစ်ဆေးခြင်းခံရဖို့ရှိပါတယ်။

ZawGyi

ပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းကစားသမားတိုက္ခိုက္ရမႈနဲ႔ဆက္စပ္ၿပီး ဘာစီလိုနာဂႏၴဝင္စစ္ေဆးခံရမည္

ဘာစီလိုနာဂႏၴဝင္အဲရစ္အဘီဒယ္ဟာပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းကစားသမားခီရာဟမ္မ႐ိုဝီတိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီးဆက္စပ္ၿပီးရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးျခင္းခံရမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၀ႏွစ္ရွိပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းကစားသမားဟာႏိုဝင္ဘာလ၄ရက္ေန႔တုန္းကမ်က္ႏွာဖုံးစြပ္လူမ်ားရဲ႕သံပိုက္ျဖင့္ေျခေထာက္ကို႐ိုက္ျခင္းခံခဲ့ရပါတယ္။

အထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးပီအက္စ္ဂ်ီကစားေဖာ္ေအမီနာတာဒီရယ္လိုကကစားေဖာ္ကိုေနာက္ကြယ္မွတိုက္ခိုက္ေစၿပီးအသင္းတြင္ေနရာရေအာင္လုပ္တယ္လို႔စြပ္စြဲခံခဲ့ရကာၿပီးခဲ့တဲ့အပတ္တုန္းကဖမ္းဆီးထိန္းသိမ္းျခင္းခံျခ့ရပါတယ္။ဒါေပမယ့္ဒီရယ္လိုဟာရဲတပ္ဖြဲ႕ရဲ႕တစ္စုံတစ္ရာစြဲခ်က္တင္ျခင္းမခံရဘဲျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

ဟမ္မ႐ိုဝီဟာယခုလအေစာပိုင္းတုန္းကဒီရယ္လိုႏွင့္အတူပဲရစ္တြင္ကားေမာင္းေနစဥ္ကားေပၚမွဆြဲခ်ျခင္းခံခဲ့ရၿပီးလက္သီးျဖင့္ထိုးျခင္းခံခဲ့ရပါတယ္။ဒါ့အျပင္မ်က္ႏွာဖုံးလူဆိုးမ်ားဟာသူမရဲ႕ေျခေထာက္ကိုသံပိုက္ျဖင့္႐ိုက္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ဒီရယ္လိုကေတာ့တစ္စုံတစ္ရာဒဏ္ရာမရခဲ့ပါဘူး။

ဒါေပမယ့္ယခုအခါယင္းအမူတြင္ခ်န္ပီယံလိဂ္ႏွစ္ႀကိမ္ရဘာစီလိုနာဂႏၴဝင္ကစားသမားအဘီဒယ္လည္းပါဝင္လာပါတယ္။

ရဲတပ္ဖြဲ႕ဟာဟမ္မ႐ိုဝီရဲ႕ဖုန္းကိုစစ္ေဆးမႈျပဳလုပ္ခဲ့ရာသူမရဲ႕ဖုန္းနံပါတ္ကိုအဲရစ္အဘီဒယ္အမည္ျဖင့္မွတ္ပုံတင္ထားေၾကာင္းေတြ႕ရွိရတာျဖစ္ပါတယ္။

အဘီဒယ္ဟာ၂၀၁၈ခုႏွစ္မွ၂၀၂၀ခုႏွစ္အထိဘာစီလိုနာတြင္အားကစားဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ခ့သူျဖစ္ၿပီးသူေဆာင္႐ြက္စဥ္အတြင္းဘာစီလိုနာအမ်ိဳးသမီးအသင္းအတြက္ဟမ္မ႐ိုဝီကိုေခၚယူရန္ႀကိဳးပမ္းခဲ့ဖူးပါတယ္။

ပီအက္စ္ဂ်ီကစားသမားအမ်ားစုတို႔ဟာအထက္ပါအမႈနဲ႔ပတ္သက္ၿပီးစစ္ေဆးျခင္းခံခဲ့ရၿပီးယင္းတိုက္ခိုက္မႈခံခဲ့ရၿပီးေနာက္ဟမ္မ႐ိုဝီဟာအဘီဒယ္ကိုဖုန္းဆက္သြယ္ခဲ့ေၾကာင္းသိရပါတယ္။အဘီဒယ္ရဲ႕ဇနီးသည္ဟာလည္းမ်က္ျမင္သက္ေသျဖင့္စစ္ေဆးျခင္းခံရဖို႔ရွိပါတယ္။