ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်အုပ်စုဒုတိယအဖြစ်သာ ရပ်တည်မှုနဲ့အတူ အင်္ဂလိပ်ပရိသတ်များ အကြီးအကျယ်စိုးရိမ်နေကြ

အင်္ဂလိပ်ဘောလုံးပရိသတ်များဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင်ပီအက်စ်ဂျီအသင်းမှာအုပ်စုဒုတိယအဖြစ်သာရပ်တည်ပြီး ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်အုပ်စုပထမအသင်းနှင့်ရင်ဆိုင်ရမှာဖြစ်လို့အကြီးအကျယ်စိုးရိမ်နေကြပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင်ဂျူဗင်တပ်ကို၂-၁ဖြင့်အနိုင်ရရှိကာ၁၄မှတ်အထိရရှိခဲ့ပေမဲ့လည်းဘင်ဖီကာကမက္ကဖီဟိုက်ဖာကို၆-၁ဂိုးဖြင့်အနိုင်ရရှိခဲ့မှုနှင့်အတူဂိုးကွာခြားချက်အုပ်စုဗိုလ်နေရာကိုရယူသွားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာချန်ပီယံလိဂ်အုပ်စုအဆင့်တွင်နှစ်နှစ်ဆက်အုပ်စုဒုတိယအဖြစ်သာရပ်တည်နိုင်ခဲ့တာဖြစ်ပြီး၁၆သင်းရှုံးထွက်အဆင့်တွင်အုပ်စုဗိုလ်အသင်းနှင့်ရင်ဆိုင်ရပါမယ်။

မက်ဆီ၊နေမာ၊ဘက်ပေးတို့ဦးဆောင်နေတဲ့ပီအက်စ်ဂျီဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်အုပ်စုအသင်းများဖြစ်တဲ့မန်စီးတီး၊ရီးရဲလ်မက်ဒရစ်၊ချဲလ်ဆီး၊စပါးစ်၊နာပိုလီ၊ပေါ်တို(သို့မဟုတ်)ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ဒါပေမဲ့ချဲလ်ဆီး၊စပါးစ်၊မန်စီးတီးပရိသတ်များဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်ပီအက်စ်ဂျီအသင်းနှင့်ထိပ်တိုက်ရင်ဆိုင်ကစားရမည်ကိုစိုးရိမ်နေကြပါတယ်။

ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မဲခွဲမှုကိုလာမယ့်တနင်္လာနေ့တွင်ပြုလုပ်သွားမှာဖြစ်ပြီးဖေဖော်ဝါရီလတွင်ကစားရပါမယ်။

ပီအက်စ်ဂျီဟာပြီးခဲ့တဲ့နှစ်တုန်းကချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင် ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာထွက်ခဲ့ရပါတယ်။

ZawGyi

ပီအက္စ္ဂ်ီအသင္း ခ်န္ပီယံလိဂ္အုပ္စုဒုတိယအျဖစ္သာ ရပ္တည္မႈနဲ႔အတူ အဂၤလိပ္ပရိသတ္မ်ား အႀကီးအက်ယ္စိုးရိမ္ေနၾက

အဂၤလိပ္ေဘာလုံးပရိသတ္မ်ားဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္တြင္ပီအက္စ္ဂ်ီအသင္းမွာအုပ္စုဒုတိယအျဖစ္သာရပ္တည္ၿပီး ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္အုပ္စုပထမအသင္းႏွင့္ရင္ဆိုင္ရမွာျဖစ္လို႔အႀကီးအက်ယ္စိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္တြင္ဂ်ဴဗင္တပ္ကို၂-၁ျဖင့္အႏိုင္ရရွိကာ၁၄မွတ္အထိရရွိခဲ့ေပမဲ့လည္းဘင္ဖီကာကမကၠဖီဟိုက္ဖာကို၆-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့မႈႏွင့္အတူဂိုးကြာျခားခ်က္အုပ္စုဗိုလ္ေနရာကိုရယူသြားခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္တြင္ႏွစ္ႏွစ္ဆက္အုပ္စုဒုတိယအျဖစ္သာရပ္တည္ႏိုင္ခဲ့တာျဖစ္ၿပီး၁၆သင္းရႈံးထြက္အဆင့္တြင္အုပ္စုဗိုလ္အသင္းႏွင့္ရင္ဆိုင္ရပါမယ္။

မက္ဆီ၊ေနမာ၊ဘက္ေပးတို႔ဦးေဆာင္ေနတဲ့ပီအက္စ္ဂ်ီဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္အုပ္စုအသင္းမ်ားျဖစ္တဲ့မန္စီးတီး၊ရီးရဲလ္မက္ဒရစ္၊ခ်ဲလ္ဆီး၊စပါးစ္၊နာပိုလီ၊ေပၚတို(သို႔မဟုတ္)ဘိုင္ယန္ျမဴးနစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ဒါေပမဲ့ခ်ဲလ္ဆီး၊စပါးစ္၊မန္စီးတီးပရိသတ္မ်ားဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္ပီအက္စ္ဂ်ီအသင္းႏွင့္ထိပ္တိုက္ရင္ဆိုင္ကစားရမည္ကိုစိုးရိမ္ေနၾကပါတယ္။

ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မဲခြဲမႈကိုလာမယ့္တနလၤာေန႔တြင္ျပဳလုပ္သြားမွာျဖစ္ၿပီးေဖေဖာ္ဝါရီလတြင္ကစားရပါမယ္။

ပီအက္စ္ဂ်ီဟာၿပီးခဲ့တဲ့ႏွစ္တုန္းကခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္ ရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ကာထြက္ခဲ့ရပါတယ္။