ပီအက်စ်ဂျီ-ဘာဆာဆီဟာပွဲစဉ်မှ စတုတ္ထဒိုင်လူကြီးရာထူးမှရပ်ဆိုင်းခြင်းခံရ

ယူအီးအက်ဖ်အေဟာပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကကစားခဲ့တဲ့ပီအက်စ်ဂျီနှင့်အစ္စတန်ဘူလ်ဘာဆာဆီဟာပွဲစဉ်တွင်လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့တယ်လို့စွပ်စွဲခြင်းခံခဲ့ရတဲ့စတုတ္ထဒိုင်လူကြီးကိုရာထူးမှရပ်ဆိုင်းလိုက်ပါတယ်။

အဆိုပါချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်စတုတ္ထဒိုင်လူကြီးဆီဘာစတီယန်ကိုလ်တက်စ်ကူဟာဘာဆာဆီဟာလက်ထောက်ဒိုင်လူကြီးပီယာရီဝီဘိုကိုလူမျိုးရေးခွဲခြားပြုလုပ်ခဲ့တယ်လို့စွပ်စွဲခြင်းခံခဲ့ရပါတယ်။

စတုတ္ထဒိုင်လူကြီးရဲ့အပြုအမူကြောင့်အချင်းများမှုဖြစ်ပွားခဲ့ပြီးနှစ်ဖက်ကစားသမားများဟာပွဲကိုဆက်ကစားရန်ငြင်းဆိုပြီးကွင်းအတွင်းမှထွက်ခွာသွားခဲ့ပါတယ်။

ပွဲရဲ့ကျန်မိနစ်များကိုနောက်တစ်နေ့တွင်ဒိုင်လူကြီးအသစ်များချမှတ်ကာပြန်လည်ကစားပါတယ်။

ယခုအခါယူအီးအက်ဖ်အေဟာအထက်ပါအဖြစ်အပျက်ကိုစစ်ဆေးမှုများပြုလုပ်ပြီးနောက်စတုတ္ထဒိုင်လူကြီးကိုလ်တက်စ်ကူအားလာမယ့်၂၀၂၁ခုနှစ်၊ဇွန်လ၃၀ရက်နေ့မတိုင်မီတွင်ပညာပေးအစီအစဉ်တွင်တက်ရောက်ချမှတ်ခြင်းခံ လိုက်ရပါတယ်။ဒါ့အပြင်ကိုလ်တက်စ်ကူနဲ့အတူလက်ထောက်ဒိုင်အော့တာဗီယန်ဆိုဗရီမှာလည်းပညာပေးအစီအစဉ်ကိုတက်ရောက်သွားရပါမယ်။၎င်းတို့ဟာယင်းကာလနောက်ပိုင်းတွင်မှဒိုင်လူကြီးများအဖြစ်တာဝန်ထမ်းဆောင် နိုင်ကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိရိုမေးနီးယားဒိုင်လူကြီးကိုလ်တက်စ်ကူက၎င်းမှာအသားအရောင်ခွဲခြားမှုပြုလုပ်ခဲ့ခြင်းမရှိကြောင်းငြင်းဆိုထားဆဲဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဂ်ီ-ဘာဆာဆီဟာပြဲစဥ္မွ စတုတၳဒိုင္လူႀကီးရာထူးမွရပ္ဆိုင္းျခင္းခံရ

ယူအီးအက္ဖ္ေအဟာၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကကစားခဲ့တဲ့ပီအက္စ္ဂ်ီႏွင့္အစၥတန္ဘူလ္ဘာဆာဆီဟာပြဲစဥ္တြင္လူမ်ိဳးေရးခြဲျခားမႈျပဳလုပ္ခဲ့တယ္လို႔စြပ္စြဲျခင္းခံခဲ့ရတဲ့စတုတၳဒိုင္လူႀကီးကိုရာထူးမွရပ္ဆိုင္းလိုက္ပါတယ္။

အဆိုပါခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္စတုတၳဒိုင္လူႀကီးဆီဘာစတီယန္ကိုလ္တက္စ္ကူဟာဘာဆာဆီဟာလက္ေထာက္ဒိုင္လူႀကီးပီယာရီဝီဘိုကိုလူမ်ိဳးေရးခြဲျခားျပဳလုပ္ခဲ့တယ္လို႔စြပ္စြဲျခင္းခံခဲ့ရပါတယ္။

စတုတၳဒိုင္လူႀကီးရဲ႕အျပဳအမူေၾကာင့္အခ်င္းမ်ားမႈျဖစ္ပြားခဲ့ၿပီးႏွစ္ဖက္ကစားသမားမ်ားဟာပြဲကိုဆက္ကစားရန္ျငင္းဆိုၿပီးကြင္းအတြင္းမွထြက္ခြာသြားခဲ့ပါတယ္။

ပြဲရဲ႕က်န္မိနစ္မ်ားကိုေနာက္တစ္ေန႔တြင္ဒိုင္လူႀကီးအသစ္မ်ားခ်မွတ္ကာျပန္လည္ကစားပါတယ္။

ယခုအခါယူအီးအက္ဖ္ေအဟာအထက္ပါအျဖစ္အပ်က္ကိုစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္စတုတၳဒိုင္လူႀကီးကိုလ္တက္စ္ကူအားလာမယ့္၂၀၂၁ခုႏွစ္၊ဇြန္လ၃၀ရက္ေန႔မတိုင္မီတြင္ပညာေပးအစီအစဥ္တြင္တက္ေရာက္ခ်မွတ္ျခင္းခံ လိုက္ရပါတယ္။ဒါ့အျပင္ကိုလ္တက္စ္ကူနဲ႔အတူလက္ေထာက္ဒိုင္ေအာ့တာဗီယန္ဆိုဗရီမွာလည္းပညာေပးအစီအစဥ္ကိုတက္ေရာက္သြားရပါမယ္။၎တို႔ဟာယင္းကာလေနာက္ပိုင္းတြင္မွဒိုင္လူႀကီးမ်ားအျဖစ္တာဝန္ထမ္းေဆာင္ ႏိုင္ၾကမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ႐ိုေမးနီးယားဒိုင္လူႀကီးကိုလ္တက္စ္ကူက၎မွာအသားအေရာင္ခြဲျခားမႈျပဳလုပ္ခဲ့ျခင္းမရွိေၾကာင္းျငင္းဆိုထားဆဲျဖစ္ပါတယ္။