ပီအက်စ်ဗွီနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် အိမ်ကွင်း/အဝေးကွင်းရောယှက်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်လာရမယ့် အာဆင်နယ်

အာဆင်နယ်ဟာကြာသပတေးနေ့တွင်ဟော်လန်သို့သွားရောက်ရင်ဆိုင်ရမယ့် ပီအက်စ်ဗွီနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်အိမ်ကွင်း/အဝေးကွင်းဝတ်စုံတို့ကိုရောယှက် ဝတ်ဆင်လာရမှာဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်ဟာယူရိုပါလိဂ်အုပ်စု(က)ပွဲစဉ်အဖြစ် ဖီးလစ်ကွင်းသို့သွားရောက်ကာပီအက်စ်ဗွီနှင့်ရင်ဆိုင်ကစားရပါမယ်။

ဒါပေမဲ့အာဆင်နယ်ဟာပီအက်စ်ဗွီရဲ့အိမ်ကွင်းနှင့်အဝေးကွင်းအစင်းဝတ်စုံနှင့်ကိုက်ညီနေမှုနှင့်အတူ အိမ်ကွင်း/အဝေးကွင်းဝတ်စုံကိုရောယှက်ပြီးဝတ်ဆင်လာရမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာအပေါ်ပိုင်းတွင်အနက်ရောင်နှင့်ရွှေရောင်ပါ ဝတ်စုံကိုဝတ်ဆင်ကာအောက်ပိုင်းတွင်အိမ်ကွင်းဝတ်စုံမှ ဘောင်းဘီအဖြူကိုဝတ်ဆင်သွားပါမယ်။ဒါ့အပြင်အာဆင်နယ်ဟာအဝေးကွင်းခြေအိတ် အနက်ရောင်ကိုဝတ်ဆင်သွားရမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာတတိယဝတ်စုံရှိနေပေမဲ့လည်း ပီအက်စ်ဗွီရဲ့အနီရောင်/အဖြူရောင်အစင်းဝတ်စုံနှင့်ကိုက်ညီနေမှုကြောင့်ဝတ်ဆင်နိုင်ခြင်းမရှိပါဘူး။

တကယ်တော့အာဆင်နယ်ဟာဥရောပပြိုင်ပွဲတွေမှာအိမ်ကွင်းနှင့်အဝေးကွင်းဝတ်စုံကိုရောယှက်ဝတ်ဆင်ရတာပထမဆုံးအကြိမ်မဟုတ်ပါဘူး။

၂၀၀၀ခုနှစ်တုန်းက၎င်းတို့ဟာရောမသို့သွားရောက်ကစားရတဲ့ရိုးမားနှင့်ပွဲတွင်အိမ်ကွင်း/အဝေးကွင်းဝတ်စုံကိုရောယှက်ဝတ်ဆင်ခဲ့ရသလိုယင်းမတိုင်မီသုံးနှစ်တုန်းကလည်းနူးကမ့်တွင်ကစားတဲ့ဘာစီလိုနာနှင့်ပွဲမှာအဝေးကွင်းအဝါရောင်ဝတ်စုံ၊အဖြူရောင်ဘောင်းဘီနှင့်အဖြူရောင်ခြေအိတ်ဝတ်ဆင်ကစားခဲ့ဖူးပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့အပတ်တုန်းကအမ်းမရိတ်ကွင်းတွင်ပီအက်စ်ဗွီကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးယူရိုပါလိဂ်နောက်တစ်ဆင့်သို့တက်ရောက်ထားပြီးဖြစ်ပါတယ်။

ZawGyi

ပီအက္စ္ဗြီႏွင့္ ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ အိမ္ကြင္း/အေဝးကြင္းေရာယွက္ထားတဲ့ ဝတ္စုံကို ဝတ္ဆင္လာရမယ့္ အာဆင္နယ္

အာဆင္နယ္ဟာၾကာသပေတးေန႔တြင္ေဟာ္လန္သို႔သြားေရာက္ရင္ဆိုင္ရမယ့္ ပီအက္စ္ဗြီႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္အိမ္ကြင္း/အေဝးကြင္းဝတ္စုံတို႔ကိုေရာယွက္ ဝတ္ဆင္လာရမွာျဖစ္ေၾကာင္းသိရပါတယ္။

အာဆင္နယ္ဟာယူ႐ိုပါလိဂ္အုပ္စု(က)ပြဲစဥ္အျဖစ္ ဖီးလစ္ကြင္းသို႔သြားေရာက္ကာပီအက္စ္ဗြီႏွင့္ရင္ဆိုင္ကစားရပါမယ္။

ဒါေပမဲ့အာဆင္နယ္ဟာပီအက္စ္ဗြီရဲ႕အိမ္ကြင္းႏွင့္အေဝးကြင္းအစင္းဝတ္စုံႏွင့္ကိုက္ညီေနမႈႏွင့္အတူ အိမ္ကြင္း/အေဝးကြင္းဝတ္စုံကိုေရာယွက္ၿပီးဝတ္ဆင္လာရမွာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာအေပၚပိုင္းတြင္အနက္ေရာင္ႏွင့္ေ႐ႊေရာင္ပါ ဝတ္စုံကိုဝတ္ဆင္ကာေအာက္ပိုင္းတြင္အိမ္ကြင္းဝတ္စုံမွ ေဘာင္းဘီအျဖဴကိုဝတ္ဆင္သြားပါမယ္။ဒါ့အျပင္အာဆင္နယ္ဟာအေဝးကြင္းေျခအိတ္ အနက္ေရာင္ကိုဝတ္ဆင္သြားရမွာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာတတိယဝတ္စုံရွိေနေပမဲ့လည္း ပီအက္စ္ဗြီရဲ႕အနီေရာင္/အျဖဴေရာင္အစင္းဝတ္စုံႏွင့္ကိုက္ညီေနမႈေၾကာင့္ဝတ္ဆင္ႏိုင္ျခင္းမရွိပါဘူး။

တကယ္ေတာ့အာဆင္နယ္ဟာဥေရာပၿပိဳင္ပြဲေတြမွာအိမ္ကြင္းႏွင့္အေဝးကြင္းဝတ္စုံကိုေရာယွက္ဝတ္ဆင္ရတာပထမဆုံးအႀကိမ္မဟုတ္ပါဘူး။

၂၀၀၀ခုႏွစ္တုန္းက၎တို႔ဟာေရာမသို႔သြားေရာက္ကစားရတဲ့႐ိုးမားႏွင့္ပြဲတြင္အိမ္ကြင္း/အေဝးကြင္းဝတ္စုံကိုေရာယွက္ဝတ္ဆင္ခဲ့ရသလိုယင္းမတိုင္မီသုံးႏွစ္တုန္းကလည္းႏူးကမ့္တြင္ကစားတဲ့ဘာစီလိုနာႏွင့္ပြဲမွာအေဝးကြင္းအဝါေရာင္ဝတ္စုံ၊အျဖဴေရာင္ေဘာင္းဘီႏွင့္အျဖဴေရာင္ေျခအိတ္ဝတ္ဆင္ကစားခဲ့ဖူးပါတယ္။

အာဆင္နယ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကအမ္းမရိတ္ကြင္းတြင္ပီအက္စ္ဗြီကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးယူ႐ိုပါလိဂ္ေနာက္တစ္ဆင့္သို႔တက္ေရာက္ထားၿပီးျဖစ္ပါတယ္။