
ချဲလ်ဆီးဟာပီအက်စ်ဗွီမှအင်္ဂလန်ယူ-၂၁လက်ရွေးစင်နိုနီမာဒူကီကိုပြောင်းရွှေ့ကြေးပေါင်၃၀.၇သန်းဖြင့်ခေါ်ယူလိုက်ပါတယ်။
အသက်၂၀နှစ်ရှိတောင်ပံကစားသမားဟာချဲလ်ဆီးသို့၇နှစ်ခွဲစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးစာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။
ချဲလ်ဆီးဟာရှက်တာဒိုးနက်စ်မှယူကရိန်းစတားမိုင်ခေလိုမူဒရစ်ကိုပေါင်၈၉သန်းဖြင့်ခေါ်ယူပြိး၅ရက်အကြာတွင်မာဒူကီကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။
ချဲလ်ဆီးဟာဒေးဗစ်ဒါထရိုဖိုဖာနာ၊အင်ဒရေဆန်းတို့စ်၊ဘီနွိုက်ဘာဒီယာရှေးလ်တို့ကိုလည်းခေါ်ယူထားတဲ့အပြင်အက်သလက်တီကိုမှဂျာအိုဖီးလစ်ကိုလည်းအငှားဖြင့်ခေါ်ယူထားပါသေးတယ်။
မာဒူကီဟာခရစ္စတယ်ပဲလေ့စ်၊စပါးစ်လူငယ်စီမံကိန်းမှထွက်ပေါ်လာခဲ့တဲ့သူဖြစ်ပြီး၂၀၁၈ခုနှစ်တွင်ပီအက်စ်ဗွီသို့ပြောင်းခဲ့သူဖြစ်ပါတယ်။
သူဟာဒတ်ချ်ကလပ်အတွက်၇၇ပွဲကစားခဲ့ရာမှာ၂၁ဂိုးသွင်းယူပေးခဲ့ပြီးအင်္ဂလန်ယူ-၂၁အသင်းအတွက်၄ပွဲကစားပေးထားပါတယ်။
ZawGyi
ပီအက်စ်ဗွီမှ မာဒူကီကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူပြီးနောက် ချဲလ်ဆီးရဲ့ဇန်နဝါရီအသုံးစရိတ် ပေါင် ၁၈၉ သန်းအထိရှိလာ
သူဟာဒတ်ခ်ျကလပ်အတွက်၇၇ပွဲကစားခဲ့ရာမှာ၂၁ဂိုးသွင်းယူပေးခဲ့ပြီးအင်္ဂလန်ယူ-၂၁အသင်းအတွက်၎ပွဲကစားပေးထားပါတယ်။