ပုခုံးကျွံနေလို့ လာပေါ်တီရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့အငြင်းပွားဖွယ်ရာ VAR ရဲ့ဆုံးဖြတ်ချက်

အေမီရစ်လာပေါ်တီဟာမနေ့ညတုန်းကဝုဗ်ကိုအနိုင်ရရှိတဲ့မန်စီးတီးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာVARရဲ့အငြင်းပွား ဖွယ်ရာဆုံးဖြတ်ချက်ကြောင့်ဂိုးမရရှိခဲ့ပါဘူး။ VAR ဟာနောက်ခံလူကိုပုခုံးလူကျွံနေတယ်ဆိုပြီးလူကျွံဘောအ ဖြစ်သတ်မှတ်ကာဂိုးမပေးခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးဟာမနေ့ညတုန်းကအီတီဟတ်ကွင်းမှာဝုဗ်ကိုဧည့်ခံကစားခဲ့ပါတယ်။မန်စီးတီးဟာပွဲအစ၁၅မိနစ်မှာဘဲလီယန်ဒါဒွန်ဒွန့်ကာရဲ့OG ဂိုးကြောင့်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ပထမပိုင်းပြီးခါနီးမှာမန်စီးတီးဟာဒုတိယဂိုး ရရှိခဲ့ပါတယ်။ဘာနတ်ဒိုဆေးလ်ဗားရဲ့ပေးမှုကနေလာပေါ်တီကဒုတိယဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်VARကအသက်၂၆နှစ်ရှိပြင်သစ်နောက်ခံလူကိုပုခုံးကျွံနေတယ်ဆိုပြီးဂိုးအဖြစ်သတ်မှတ်မပေးခဲ့ပါဘူး။

VAR ရဲ့နောက်ဆုံးအငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကြောင့်မန်စီးတီးပရိသတ်များအကြီးအကျယ်စိတ်ပျက်ခဲ့ရပါ တယ်။

မန်စီးတီးဟာလာပေါ်တီရဲ့ဂိုးမရရှိခဲ့ပေမယ့်လည်းဝုဗ်ကို၄-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။မန်စီးတီးအတွက်ကျန်ဂိုး သုံးဂိုးကိုဂျီးဆပ်စ်ကနှစ်ဂိုးနှင့်မရာ့ဇ်ကတစ်ဂိုးအသီးသီးသွင်းယူခဲ့ပြီးကွာဒီကဝုဗ်အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။

ZawGyi

ပုခုံးကြၽံေနလို႔ လာေပၚတီရဲ႕ဂိုးကို ခြင့္မျပဳခဲ့တဲ့အျငင္းပြားဖြယ္ရာ VAR ရဲ႕ဆုံးျဖတ္ခ်က္

ေအမီရစ္လာေပၚတီဟာမေန႔ညတုန္းကဝုဗ္ကိုအႏိုင္ရရွိတဲ့မန္စီးတီးရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္မွာVARရဲ႕အျငင္းပြား ဖြယ္ရာဆုံးျဖတ္ခ်က္ေၾကာင့္ဂိုးမရရွိခဲ့ပါဘူး။ VAR ဟာေနာက္ခံလူကိုပုခုံးလူကြၽံေနတယ္ဆိုၿပီးလူကြၽံေဘာအ ျဖစ္သတ္မွတ္ကာဂိုးမေပးခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕မန္စီးတီးဟာမေန႔ညတုန္းကအီတီဟတ္ကြင္းမွာဝုဗ္ကိုဧည့္ခံကစားခဲ့ပါတယ္။မန္စီးတီးဟာပြဲအစ၁၅မိနစ္မွာဘဲလီယန္ဒါဒြန္ဒြန႔္ကာရဲ႕OG ဂိုးေၾကာင့္ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ပထမပိုင္းၿပီးခါနီးမွာမန္စီးတီးဟာဒုတိယဂိုး ရရွိခဲ့ပါတယ္။ဘာနတ္ဒိုေဆးလ္ဗားရဲ႕ေပးမႈကေနလာေပၚတီကဒုတိယဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္VARကအသက္၂၆ႏွစ္ရွိျပင္သစ္ေနာက္ခံလူကိုပုခုံးကြၽံေနတယ္ဆိုၿပီးဂိုးအျဖစ္သတ္မွတ္မေပးခဲ့ပါဘူး။

VAR ရဲ႕ေနာက္ဆုံးအျငင္းပြားဖြယ္ရာဆုံးျဖတ္ခ်က္ေၾကာင့္မန္စီးတီးပရိသတ္မ်ားအႀကီးအက်ယ္စိတ္ပ်က္ခဲ့ရပါ တယ္။

မန္စီးတီးဟာလာေပၚတီရဲ႕ဂိုးမရရွိခဲ့ေပမယ့္လည္းဝုဗ္ကို၄-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။မန္စီးတီးအတြက္က်န္ဂိုး သုံးဂိုးကိုဂ်ီးဆပ္စ္ကႏွစ္ဂိုးႏွင့္မရာ့ဇ္ကတစ္ဂိုးအသီးသီးသြင္းယူခဲ့ၿပီးကြာဒီကဝုဗ္အတြက္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။