
လူးကပ်စ်ပါကွီတာဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ဖို့ရှိနေတဲ့နောက်ဆုံးပရီးမီးယားလိဂ်စတားဖြစ်လာဖို့ရှိနေပါတယ်။
ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ကဘရာဇီးစတားမှာဆောက်သမ်တန်နှင့်သရေကျတဲ့ပွဲစဉ်တွင်ပုခုံးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းအတည်ပြုလာပါတယ်။
အသက်၂၅နှစ်ရှိပါကွီတာဟာပုခုံးဒဏ်ရာကြောင့်မနေ့ညတုန်းကအန်ဖီးလ်တွင်လီဗာပူးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။
သူဟာပုခုံးဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာအနားယူလာရဖို့ရှိနေပြီးနိုဝင်ဘာလတွင်ကျင်းပမဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုပါလွဲချော်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။
ဒေးဗစ်မိုယက်စ်က “သူဒဏ်ရာရထားတယ်။ဒီဒဏ်ရာကနိုဝင်ဘာလကာတာကမ္ဘာ့ဖလားကိုတောင်လွဲချော်လာနိုင်တယ်။ဘယ်လောက်အနားယူရမလဲဆိုတာအတိအကျမသိသေးပါဘူး။ဒါပေမဲ့သူကပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာကျွန်တော်တို့ရဲ့အရေးပါတဲ့ကစားသမားအဖြစ်ကစားလာခဲ့သူဖြစ်ပါတယ်။သူကအကောင်းဆုံးပုံစံရခါစပဲရှိသေးတယ်။သူ့ကြောင့်ကျွန်တော်တို့ကွဲပြားတဲ့တိုက်စစ်ကစားဟန်နဲ့ကစားလာနိုင်တယ်။သူ့ကိုဆုံးရှုံးရလို့အရမ်းစိတ်ပျက်ပါတယ်”လို့ပြောကြားသွားပါတယ်။
ပါကွီတာဟာဘရာဇီးအသင်းတွင်ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပြီး ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းဘရာဇီးအသင်းတွင်ပါဝင်လာရန်သေချာနေသူဖြစ်ပါတယ်။
ဘရာဇီးဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဆားဘီးယား၊ဆွစ်ဇာလန်၊ကင်မရွန်းတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
ZawGyi
ပုခုံးဒဏ္ရာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ပါဝင္ရန္ မေသခ်ာျဖစ္လာတဲ့ ဘရာဇီးႏွင့္ဝက္စ္ဟမ္းစတားပါကြီတာ
လူးကပ္စ္ပါကြီတာဟာကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ဖို႔ရွိေနတဲ့ေနာက္ဆုံးပရီးမီးယားလိဂ္စတားျဖစ္လာဖို႔ရွိေနပါတယ္။
ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ကဘရာဇီးစတားမွာေဆာက္သမ္တန္ႏွင့္သေရက်တဲ့ပြဲစဥ္တြင္ပုခုံးဒဏ္ရာအျပင္းအထန္ရရွိခဲ့ေၾကာင္းအတည္ျပဳလာပါတယ္။
အသက္၂၅ႏွစ္ရွိပါကြီတာဟာပုခုံးဒဏ္ရာေၾကာင့္မေန႔ညတုန္းကအန္ဖီးလ္တြင္လီဗာပူးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာပါဝင္ကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။
သူဟာပုခုံးဒဏ္ရာေၾကာင့္ ရက္သတၱပတ္အတန္ၾကာအနားယူလာရဖို႔ရွိေနၿပီးႏိုဝင္ဘာလတြင္က်င္းပမဲ့ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုပါလြဲေခ်ာ္ႏိုင္တဲ့အေျခအေနမွာရွိေနပါတယ္။
ေဒးဗစ္မိုယက္စ္က “သူဒဏ္ရာရထားတယ္။ဒီဒဏ္ရာကႏိုဝင္ဘာလကာတာကမာၻ႔ဖလားကိုေတာင္လြဲေခ်ာ္လာႏိုင္တယ္။ဘယ္ေလာက္အနားယူရမလဲဆိုတာအတိအက်မသိေသးပါဘူး။ဒါေပမဲ့သူကၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာကြၽန္ေတာ္တို႔ရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ကစားလာခဲ့သူျဖစ္ပါတယ္။သူကအေကာင္းဆုံးပုံစံရခါစပဲရွိေသးတယ္။သူ႔ေၾကာင့္ကြၽန္ေတာ္တို႔ကြဲျပားတဲ့တိုက္စစ္ကစားဟန္နဲ႔ကစားလာႏိုင္တယ္။သူ႔ကိုဆုံးရႈံးရလို႔အရမ္းစိတ္ပ်က္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ပါကြီတာဟာဘရာဇီးအသင္းတြင္ပုံမွန္ကစားခြင့္ရရွိေနသူျဖစ္ၿပီး ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းဘရာဇီးအသင္းတြင္ပါဝင္လာရန္ေသခ်ာေနသူျဖစ္ပါတယ္။
ဘရာဇီးဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဆားဘီးယား၊ဆြစ္ဇာလန္၊ကင္မ႐ြန္းတို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။