ပုခုံးဒဏ်ရာခွဲစိတ်ကုသခံယူစဉ် အသက်ဆုံးရှုံးလုနီးပါးအဖြစ်နဲ့ကြုံခဲ့တဲ့ ဘရိုက်တန်စတားဘစ်ဆူမာ

ဘရိုက်တန်စတားအီဗာလစ်ဆူမာကခွဲစိတ်ကုသမှုခံယူပြီးနောက်အသက်ဆုံးရှုံးရလုနီးပါးအနေအထားမျိုးနှင့်ကြုံခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အသက်၂၄နှစ်ရှိအလယ်တန်းကစားသမားဟာ၂၀၁၈ခုနှစ်တွင်လိုင်လီမှဘရိုက်တန်သို့ရောက်လာပြီးနောက်အကောင်းဆုံးခြေစွမ်းပြကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာလွန်ခဲ့တဲ့၂နှစ်တုန်းကပုခုံးဒဏ်ရာအားခွဲစိတ်ကုသမှုခံယူခဲ့စဉ်တုန်းကအသက်ဆုံးရှုံးရလုနီးပါးအခြေအနေမျိုးနှင့်တုန်လှုပ်ဖွယ်ရာကြုံတွေ့ခဲ့ရပါတယ်။

သူဟာမာလီလက်ရွေးစင်အသင်းအတွက်၁၉ပွဲအထိကစားထားပေမယ့်လည်း၂၀၁၈ခုနှစ်နောက်ပိုင်းမှာကစားလာခဲ့ခြင်းမရှိပါဘူး။သူဟာမာလီမှာကစားဖို့ရွေးချယ်ခြင်းခံခဲ့ရပေမယ့်ဒဏ်ရာကြောင့်နုတ်ထွက်ခဲ့ရပါတယ်။သူဟာလက်ရွေးစင်အတွက်ကာလရှည်မကစားလာမှုအပေါ်မာလီပရိသတ်များကဝေဖန်ခဲ့ကြပါတယ်။

ဘစ်ဆူမာက “ကျွန်တော်နဲ့ပတ်သက်ပြီးလူတွေအများကြီးပြောကြပါတယ်။ဒါပေမယ့်သူတို့ဘာတွေပြောနေသလဲဆိုတာမသိပါဘူး။ကျွန်တော်ဟာဆေးရုံကုတင်ထက်မှာသေလုနီးပါးအခြေအနေမှနိုးထလာခဲ့သူပါ။ပုခုံးဒဏ်ရာကိုခွဲစိတ်ပြီးနှစ်နာရီအကြာနိုးလာဖို့မေ့ဆေးပေးထားခဲ့တာပါ။ဒါပေမယ့်၁၃နာရီကြာပြီးတော့မှနိုးလာခဲ့တယ်။အဲဒီနောက်မှာကျွန်တော့်မိသားစုကကျွန်တော့်ကိုသက်တောင့်သက်သာနေစေချင်ခဲ့ကြတယ်။အခုသူတို့ကလက်ရွေးစင်အသင်းမှာပြန်ကစားစေချင်ကြပါတယ်။ဒါပေမယ့်ထင်သလိုအဆင်မပြေပါဘူး။ခွဲစိတ်ကုသမှုလုပ်ပြီးတဲ့နောက်ကျွန်တော်ဟာအရူးတစ်ယောက်လိုသန်မာတောင့်တင်းလာခဲ့ပါတယ်။မိုဟာမက်မာဂါဆူဘာ(မာလီနည်းပြ)နဲ့ဘာပြဿနာမှမရှိပါဘူး။လက်ရွေးစင်မှာပြန်ကစားဖို့ကျွန်တော့်အေးဂျင့်အမြဲဖုန်းခေါ်ပါတယ်။ဒါပေမယ့်တစ်ခါမှအကြောင်းမပြန်ပါဘူး။သူကကျွန်တော့်ကိုလူထုနဲ့အဆင်မပြေဖြစ်စေချင်ပါဘူး။ဒါကြောင့်လည်းဆက်တိုက်ရွေးနေခဲ့တယ်။ကျွန်တော့်ဒဏ်ရာလုံးဝမပျောက်သေးတာသိရက်သားနဲ့တောင်ရွေးနေခဲ့တယ်။ဒီတော့လူတွေကကျွန်တော်နဲ့မိဘတွေကိုဆဲဆိုကြတယ်။အမေဆိုအရမ်းစိတ်ထိခိုက်ရတယ်။ဒါပေမယ့်ဒါကကျွန်တော်ကိုတစ်စုံတစ်ရာမထိခိုက်စေပါဘူး။ပိုပြီးတော့တောင်စိတ်ဓာတ်မြင့်လာပါသေးတယ်။လူတွေအားလုံးကိုလည်းခွင့်လွှတ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဘစ်ဆူမာဟာဘရိုက်တန်အသင်းအတွက်၉၇ပွဲကစားထားကာ၄ဂိုးသွင်းယူထားသူဖြစ်ပြီးဘရိုက်တန်ရဲ့အရေးပါတဲ့အလယ်တန်းကစားသမားတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။ဘရိုက်တန်ဟာယခုရာသီမှာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲမှာရမှတ်၃မှတ်ရယူထားနိုင်ပါတယ်။

ZawGyi

ပုခုံးဒဏ္ရာခြဲစိတ္ကုသခံယူစဥ္ အသက္ဆုံးရႈံးလုနီးပါးအျဖစ္နဲ႔ႀကဳံခဲ့တဲ့ ဘ႐ိုက္တန္စတားဘစ္ဆူမာ

ဘ႐ိုက္တန္စတားအီဗာလစ္ဆူမာကခြဲစိတ္ကုသမႈခံယူၿပီးေနာက္အသက္ဆုံးရႈံးရလုနီးပါးအေနအထားမ်ိဳးႏွင့္ႀကဳံခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၂၄ႏွစ္ရွိအလယ္တန္းကစားသမားဟာ၂၀၁၈ခုႏွစ္တြင္လိုင္လီမွဘ႐ိုက္တန္သို႔ေရာက္လာၿပီးေနာက္အေကာင္းဆုံးေျခစြမ္းျပကစားလာခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာလြန္ခဲ့တဲ့၂ႏွစ္တုန္းကပုခုံးဒဏ္ရာအားခြဲစိတ္ကုသမႈခံယူခဲ့စဥ္တုန္းကအသက္ဆုံးရႈံးရလုနီးပါးအေျခအေနမ်ိဳးႏွင့္တုန္လႈပ္ဖြယ္ရာႀကဳံေတြ႕ခဲ့ရပါတယ္။

သူဟာမာလီလက္ေ႐ြးစင္အသင္းအတြက္၁၉ပြဲအထိကစားထားေပမယ့္လည္း၂၀၁၈ခုႏွစ္ေနာက္ပိုင္းမွာကစားလာခဲ့ျခင္းမရွိပါဘူး။သူဟာမာလီမွာကစားဖို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရေပမယ့္ဒဏ္ရာေၾကာင့္ႏုတ္ထြက္ခဲ့ရပါတယ္။သူဟာလက္ေ႐ြးစင္အတြက္ကာလရွည္မကစားလာမႈအေပၚမာလီပရိသတ္မ်ားကေဝဖန္ခဲ့ၾကပါတယ္။

ဘစ္ဆူမာက “ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီးလူေတြအမ်ားႀကီးေျပာၾကပါတယ္။ဒါေပမယ့္သူတို႔ဘာေတြေျပာေနသလဲဆိုတာမသိပါဘူး။ကြၽန္ေတာ္ဟာေဆး႐ုံကုတင္ထက္မွာေသလုနီးပါးအေျခအေနမွႏိုးထလာခဲ့သူပါ။ပုခုံးဒဏ္ရာကိုခြဲစိတ္ၿပီးႏွစ္နာရီအၾကာႏိုးလာဖို႔ေမ့ေဆးေပးထားခဲ့တာပါ။ဒါေပမယ့္၁၃နာရီၾကာၿပီးေတာ့မွႏိုးလာခဲ့တယ္။အဲဒီေနာက္မွာကြၽန္ေတာ့္မိသားစုကကြၽန္ေတာ့္ကိုသက္ေတာင့္သက္သာေနေစခ်င္ခဲ့ၾကတယ္။အခုသူတို႔ကလက္ေ႐ြးစင္အသင္းမွာျပန္ကစားေစခ်င္ၾကပါတယ္။ဒါေပမယ့္ထင္သလိုအဆင္မေျပပါဘူး။ခြဲစိတ္ကုသမႈလုပ္ၿပီးတဲ့ေနာက္ကြၽန္ေတာ္ဟာအ႐ူးတစ္ေယာက္လိုသန္မာေတာင့္တင္းလာခဲ့ပါတယ္။မိုဟာမက္မာဂါဆူဘာ(မာလီနည္းျပ)နဲ႔ဘာျပႆနာမွမရွိပါဘူး။လက္ေ႐ြးစင္မွာျပန္ကစားဖို႔ကြၽန္ေတာ့္ေအးဂ်င့္အၿမဲဖုန္းေခၚပါတယ္။ဒါေပမယ့္တစ္ခါမွအေၾကာင္းမျပန္ပါဘူး။သူကကြၽန္ေတာ့္ကိုလူထုနဲ႔အဆင္မေျပျဖစ္ေစခ်င္ပါဘူး။ဒါေၾကာင့္လည္းဆက္တိုက္ေ႐ြးေနခဲ့တယ္။ကြၽန္ေတာ့္ဒဏ္ရာလုံးဝမေပ်ာက္ေသးတာသိရက္သားနဲ႔ေတာင္ေ႐ြးေနခဲ့တယ္။ဒီေတာ့လူေတြကကြၽန္ေတာ္နဲ႔မိဘေတြကိုဆဲဆိုၾကတယ္။အေမဆိုအရမ္းစိတ္ထိခိုက္ရတယ္။ဒါေပမယ့္ဒါကကြၽန္ေတာ္ကိုတစ္စုံတစ္ရာမထိခိုက္ေစပါဘူး။ပိုၿပီးေတာ့ေတာင္စိတ္ဓာတ္ျမင့္လာပါေသးတယ္။လူေတြအားလုံးကိုလည္းခြင့္လႊတ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဘစ္ဆူမာဟာဘ႐ိုက္တန္အသင္းအတြက္၉၇ပြဲကစားထားကာ၄ဂိုးသြင္းယူထားသူျဖစ္ၿပီးဘ႐ိုက္တန္ရဲ႕အေရးပါတဲ့အလယ္တန္းကစားသမားတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။ဘ႐ိုက္တန္ဟာယခုရာသီမွာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲမွာရမွတ္၃မွတ္ရယူထားႏိုင္ပါတယ္။