ပုခုံးဒဏ်ရာမထင်မှတ်ထားလောက်အောင် တိုးတက်နေ၍ ယခုလအကုန်တွင် ရပ်ရှ်ဖို့ဒ်ပြန်လာဖွယ်ရှိ

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာပုခုံးခွဲစိတ်ကုသမှအံ့ဩစရာကောင်းလောက်အောင်တိုးတက်ကောင်းမွန်နေမှုကြောင့်ယခုလအကုန်ပိုင်းတွင်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိမန်ယူနှင့်အင်္ဂလန်တိုက်စစ်မှူးဟာလွန်ခဲ့တဲ့နှစ်ပတ်တုန်းကပုခုံးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာယခုနှစ်အစောပိုင်းတုန်းကကတည်းကပုခုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီးယူရို၂၀၂၀ပြိုင်ပွဲဝင်ရောက်ကစားရန်အတွက်ခွဲစိတ်ကုသရေးကိုရွှေ့ဆိုင်းခဲ့တာလည်းဖြစ်ပါတယ်။

သူဟာခွဲစိတ်ကုသမှုခံယူပြီးနောက်ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်မှုကိုတစ်ပတ်လျှင်နှစ်ကြိမ်ပြုလုပ်နေပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ပါဝင်နိုင်ခဲ့ခြင်းမရှိမှုကြောင့်ယခုလနှောင်းပိုင်းတွင်လေ့ကျင့်ခန်းဆင်းနိုင်ပါကလည်းစက်တင်ဘာလနှောင်းပိုင်းတွင်မှပြန်လည်ကစားနိုင်ဖို့ရှိပါတယ်။

ZawGyi

ပုခုံးဒဏ္ရာမထင္မွတ္ထားေလာက္ေအာင္ တိုးတက္ေန၍ ယခုလအကုန္တြင္ ရပ္ရွ္ဖို႔ဒ္ျပန္လာဖြယ္ရွိ

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာပုခုံးခြဲစိတ္ကုသမွအံ့ဩစရာေကာင္းေလာက္ေအာင္တိုးတက္ေကာင္းမြန္ေနမႈေၾကာင့္ယခုလအကုန္ပိုင္းတြင္ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖြယ္ရွိေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိမန္ယူႏွင့္အဂၤလန္တိုက္စစ္မႉးဟာလြန္ခဲ့တဲ့ႏွစ္ပတ္တုန္းကပုခုံးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာယခုႏွစ္အေစာပိုင္းတုန္းကကတည္းကပုခုံးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္ေရာက္ကစားရန္အတြက္ခြဲစိတ္ကုသေရးကိုေ႐ႊ႕ဆိုင္းခဲ့တာလည္းျဖစ္ပါတယ္။

သူဟာခြဲစိတ္ကုသမႈခံယူၿပီးေနာက္ျပန္လည္ထူေထာင္ေရးေလ့က်င့္ခန္းလုပ္မႈကိုတစ္ပတ္လွ်င္ႏွစ္ႀကိမ္ျပဳလုပ္ေနပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ပါဝင္ႏိုင္ခဲ့ျခင္းမရွိမႈေၾကာင့္ယခုလေႏွာင္းပိုင္းတြင္ေလ့က်င့္ခန္းဆင္းႏိုင္ပါကလည္းစက္တင္ဘာလေႏွာင္းပိုင္းတြင္မွျပန္လည္ကစားႏိုင္ဖို႔ရွိပါတယ္။