ပုခုံးဒဏ်ရာမှပျောက်ကင်းကာ မန်ယူအတွက် ကစားဖို့ အသင့်ဖြစ်နေပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာပုခုံးဒဏ်ရာမှပြန်လည်ကောင်းမွန်ကာမန်ယူကစားဖော်များနှင့်အတူအပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပြီးပွဲကစားရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာယူရို၂၀၂၀ပြိုင်ပွဲပြီးနောက်ဇူလိုင်လတုန်းကပုခုံးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးမန်ယူရဲ့ရာသီအစပွဲစဉ်များကိုလွဲချော်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာအင်္ဂါနေ့တုန်းကယန်းဘွိုင်းစ်ကိုမထင်မှတ်ဘဲ၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပိုင်းတွင်မန်ယူကစားဖော်များနှင့်အတူအပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပါတယ်။

သူဟာအစောပိုင်းတုန်းကအောက်တိုဘာလတွင်မှပြန်လည်ကစားနိုင်မယ်လို့ယူဆပေမယ့်လည်းအံ့ဩသင့်ဖွယ်ဒဏ်ရာမှအလျှင်အမြန်ပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဒဏ်ရာမှပြန်လည်ကောင်းမွန်မှုကမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားအတွက် ခေါင်းကိုက်စရာတစ်ခုဖြစ်လာဖို့သေချာနေပါတယ်။

ဆိုးလ်ရှားဟာတိုက်စစ်အတွက်ခရစ္စတီယာနိုရော်နယ်ဒို၊ဆန်ချို၊ဂရင်းဝုဒ်တို့အား အဓိကထားအသုံးပြုနေပြီးရပ်ရှ်ဖို့ဒ်ပြန်လည်ကောင်းမွန်လာမှုနဲ့အတူ ဂရင်းဝုဒ်(သို့မဟုတ်)ဆန်ချိုကိုအရန်ခုံသို့ပို့ရဖို့ရှိနေပါတယ်။တစ်ဖက်တွင်မန်ယူဝါရင့်တိုက်စစ်မှူးကာဗာနီမှာဒဏ်ရာကြောင့်နှစ်ပတ်ခန့်အနားယူရဖို့ရှိနေပါတယ်။

ZawGyi

ပုခုံးဒဏ္ရာမွေပ်ာက္ကင္းကာ မန္ယူအတြက္ ကစားဖို႔ အသင့္ျဖစ္ေနၿပီျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာပုခုံးဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာမန္ယူကစားေဖာ္မ်ားႏွင့္အတူအျပည့္အဝေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္ၿပီးပြဲကစားရန္အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲၿပီးေနာက္ဇူလိုင္လတုန္းကပုခုံးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ၿပီးမန္ယူရဲ႕ရာသီအစပြဲစဥ္မ်ားကိုလြဲေခ်ာ္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာအဂၤါေန႔တုန္းကယန္းဘြိဳင္းစ္ကိုမထင္မွတ္ဘဲ၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ပိုင္းတြင္မန္ယူကစားေဖာ္မ်ားႏွင့္အတူအျပည့္အဝေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္ပါတယ္။

သူဟာအေစာပိုင္းတုန္းကေအာက္တိုဘာလတြင္မွျပန္လည္ကစားႏိုင္မယ္လို႔ယူဆေပမယ့္လည္းအံ့ဩသင့္ဖြယ္ဒဏ္ရာမွအလွ်င္အျမန္ျပန္လည္ေကာင္းမြန္လာခဲ့တာျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဒဏ္ရာမွျပန္လည္ေကာင္းမြန္မႈကမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားအတြက္ ေခါင္းကိုက္စရာတစ္ခုျဖစ္လာဖို႔ေသခ်ာေနပါတယ္။

ဆိုးလ္ရွားဟာတိုက္စစ္အတြက္ခရစၥတီယာႏိုေရာ္နယ္ဒို၊ဆန္ခ်ိဳ၊ဂရင္းဝုဒ္တို႔အား အဓိကထားအသုံးျပဳေနၿပီးရပ္ရွ္ဖို႔ဒ္ျပန္လည္ေကာင္းမြန္လာမႈနဲ႔အတူ ဂရင္းဝုဒ္(သို႔မဟုတ္)ဆန္ခ်ိဳကိုအရန္ခုံသို႔ပို႔ရဖို႔ရွိေနပါတယ္။တစ္ဖက္တြင္မန္ယူဝါရင့္တိုက္စစ္မႉးကာဗာနီမွာဒဏ္ရာေၾကာင့္ႏွစ္ပတ္ခန႔္အနားယူရဖို႔ရွိေနပါတယ္။