
မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာပုခုံးဒဏ်ရာအားခွဲစိတ်ကုသမှုခံယူပြီးနောက်အံ့ဩသင့်ဖွယ်ဒဏ်ရာမှစောစောစီးစီးပြန်လည်ကောင်းမွန်ကာမန်ယူအသင်းနှင့်အတူပထမဆုံးအကြိမ်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာယခုနှစ်အစောပိုင်းတုန်းကတည်းကပုခုံးဒဏ်ရာရရှိခဲ့ပြီးနွေရာသီတုန်းကယူရို၂၀၂၀ပြိုင်ပွဲရှိနေမှုကြောင့်ခွဲစိတ်ကုသရေးကိုရွှေ့ဆိုင်းခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ပုခုံးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးနောက် မန်ယူကြံ့ခိုင်ရေးနည်းပြများရဲ့လမ်းညွှန်ချက်ဖြင့်ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများပြုလုပ်နိုင်ခဲ့ပါတယ်။
ယခုအခါရပ်ရှ်ဖို့ဒ်ဟာမန်ယူကစားဖော်များနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းလာနိုင်မှုနဲ့အတူလာမယ့်လတွင်မန်ယူအတွက်ပြန်လည်ကစားလာနိုင်ဖို့ရှိနေပါတယ်။
သူဟာလွန်ခဲ့တဲ့သုံးပတ်တုန်းကခွဲစိတ်ကုသမှုခံယူပြီးပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်း၂ပတ်လုပ်ပြီးနောက်အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
ပုခုံးဒဏ်ရာမှအံ့ဩသင့်ဖွယ်အလျှင်အမြန်ပြန်ကောင်းကာ လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်