
နယူးကာဆယ်ပရိသတ်များဟာလီဗာပူးနှင့်ပွဲစဉ်တွင်နံပါတ်တစ်ဂိုးသမားနစ်ပုပ်မှာအနီကတ်ပြသခြင်းခံခဲ့ရမှုကြောင့်ပွဲပယ်ခံလာရမှုနဲ့အတူလိုရစ်ခဲရီးယက်စ်ကိုအသုံးပြုရတော့မှာဖြစ်လို့အစိုးရိမ်ကြီးစိုးရိမ်နေကြပြီဖြစ်ပါတယ်။
နယူးကာဆယ်ဟာလာမယ့်အပတ်အကုန်တွင်ဝင်ဘာလေကွင်းမှာယူနိုက်တက်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲကစားရပါမယ်။
နယူးကာဆယ်ဟာအဓိကကွင်းလယ်ကစားသမားဘရူနိုဂူမာရေးစ်မှာသုံးပွဲပယ်ပြစ်ဒဏ်မှပြန်လည်လွတ်မြောက်လာပြီဖြစ်လို့ခါရာဘောင်ဖလားဗိုလ်လုပွဲအတွက်စိတ်အားတက်နေကြပါတယ်။
ဒါပေမဲ့လည်းယခုအခါမှာတော့အက်ဒီဟောင်းဟာစနေနေ့ညတုန်းကလီဗာပူးနှင့်ပွဲစဉ်မှအနီကတ်ကြောင့်နစ်ပုပ်ကိုဆုံးရှုံးလာရပြီဖြစ်ပါတယ်။
နစ်ပုပ်ဟာလီဗာပူးနှင့်ပွဲတွင်ပွဲအစ၁၇မိနစ်အတွင်းတွင်ပင်၂ဂိုးပေးခဲ့ရပြီးနောက်ပွဲချိန်၂၂မိနစ်တွင်ဧရိယာအပြင်ဘက်မှာဘောလုံးကိုလက်ဖြင့်ထိမှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒါကြောင့်လည်းနစ်ပုပ်ဟာခါရာဘောင်ဖလားဗိုလ်လုပွဲကိုပွဲပယ်ခံထားရပါတယ်။
နယူးကာဆယ်ဟာဗိုလ်လုပွဲတွင်အရန်ဂိုးသမားခဲရီးယက်စ်ကိုအသုံးပြုလာရတော့မှာဖြစ်ပါတယ်။နယူးကာဆယ်ဟယူနိုက်တက်သို့အငှားချထားတဲ့ဒူဗရာကာကိုပြန်ခေါ်ထားပေမဲ့၎င်းမှာယူနိုက်တက်နှင့်ခါရာဘောင်ဖလားကစားခဲ့တာကြောင့်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
နယူးကာဆယ်အနေဖြင့်ခဲရီးယက်စ်ကိုမသုံးလိုပါကဟားလ်တွင်အငှားဖြင့်ကစားခဲ့တဲ့ကားလ်ဒါလောကိုသုံးနိုင်ပါတယ်။
ခဲရီးယက်စ်ဟာယခုရာသီတွင်နယူးကာဆယ်အတွက်တစ်ပွဲမျှကစားခင့်ရရှိထားခြင်းမရှိပါဘူး။သူဟာ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလကတည်းကပွဲကစားခွင့်မရရှိလာတာကြောင့်ပွဲမကစားခဲ့တာ၂နှစ်တောင်ရှိပါပြီ။
အင်္ဂလန်ကလပ်အတွက်သူနောက်ဆုံးကစားခဲ့တဲ့၂၀၁၈ခုနှစ်ရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလီဗာပူးအတွက်ကစားခဲ့တာဖြစ်ပါတယ်။ယင်းပွဲတွင်သူဟာရီးရဲလ်မက်ဒရစ်ဘက်သို့လက်ဆောင်ဂိုးနှစ်ဂိုးပေးခဲ့ပါတယ်။
လက်ရှိအချိန်တွင်ခဲရီးယက်စ်ဟာအီတလီရုပ်သံတင်ဆက်သူဒီလက်တာလီယော့တာနှင့်ချစ်ကြိုက်နေပါတယ်။
ZawGyi
ပုပ္ပြဲပယ္ခံထားရလို႔ ယူႏိုက္တက္ႏွင့္ ခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္ ခဲရီးယက္စ္ကို သုံးရေတာ့မွာ ျဖစ္လို႔ နယူးကာဆယ္ပရိသတ္မ်ား စိုးရိမ္ေန
နယူးကာဆယ္ပရိသတ္မ်ားဟာလီဗာပူးႏွင့္ပြဲစဥ္တြင္နံပါတ္တစ္ဂိုးသမားနစ္ပုပ္မွာအနီကတ္ျပသျခင္းခံခဲ့ရမႈေၾကာင့္ပြဲပယ္ခံလာရမႈနဲ႔အတူလိုရစ္ခဲရီးယက္စ္ကိုအသုံးျပဳရေတာ့မွာျဖစ္လို႔အစိုးရိမ္ႀကီးစိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။
နယူးကာဆယ္ဟာလာမယ့္အပတ္အကုန္တြင္ဝင္ဘာေလကြင္းမွာယူႏိုက္တက္ႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲကစားရပါမယ္။
နယူးကာဆယ္ဟာအဓိကကြင္းလယ္ကစားသမားဘ႐ူႏိုဂူမာေရးစ္မွာသုံးပြဲပယ္ျပစ္ဒဏ္မွျပန္လည္လြတ္ေျမာက္လာၿပီျဖစ္လို႔ခါရာေဘာင္ဖလားဗိုလ္လုပြဲအတြက္စိတ္အားတက္ေနၾကပါတယ္။
ဒါေပမဲ့လည္းယခုအခါမွာေတာ့အက္ဒီေဟာင္းဟာစေနေန႔ညတုန္းကလီဗာပူးႏွင့္ပြဲစဥ္မွအနီကတ္ေၾကာင့္နစ္ပုပ္ကိုဆုံးရႈံးလာရၿပီျဖစ္ပါတယ္။
နစ္ပုပ္ဟာလီဗာပူးႏွင့္ပြဲတြင္ပြဲအစ၁၇မိနစ္အတြင္းတြင္ပင္၂ဂိုးေပးခဲ့ရၿပီးေနာက္ပြဲခ်ိန္၂၂မိနစ္တြင္ဧရိယာအျပင္ဘက္မွာေဘာလုံးကိုလက္ျဖင့္ထိမႈေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
ဒါေၾကာင့္လည္းနစ္ပုပ္ဟာခါရာေဘာင္ဖလားဗိုလ္လုပြဲကိုပြဲပယ္ခံထားရပါတယ္။
နယူးကာဆယ္ဟာဗိုလ္လုပြဲတြင္အရန္ဂိုးသမားခဲရီးယက္စ္ကိုအသုံးျပဳလာရေတာ့မွာျဖစ္ပါတယ္။နယူးကာဆယ္ဟယူႏိုက္တက္သို႔အငွားခ်ထားတဲ့ဒူဗရာကာကိုျပန္ေခၚထားေပမဲ့၎မွာယူႏိုက္တက္ႏွင့္ခါရာေဘာင္ဖလားကစားခဲ့တာေၾကာင့္အသုံးျပဳႏိုင္မွာမဟုတ္ပါဘူး။
နယူးကာဆယ္အေနျဖင့္ခဲရီးယက္စ္ကိုမသုံးလိုပါကဟားလ္တြင္အငွားျဖင့္ကစားခဲ့တဲ့ကားလ္ဒါေလာကိုသုံးႏိုင္ပါတယ္။
ခဲရီးယက္စ္ဟာယခုရာသီတြင္နယူးကာဆယ္အတြက္တစ္ပြဲမွ်ကစားခင့္ရရွိထားျခင္းမရွိပါဘူး။သူဟာ၂၀၂၁ခုႏွစ္၊ေဖေဖာ္ဝါရီလကတည္းကပြဲကစားခြင့္မရရွိလာတာေၾကာင့္ပြဲမကစားခဲ့တာ၂ႏွစ္ေတာင္ရွိပါၿပီ။
အဂၤလန္ကလပ္အတြက္သူေနာက္ဆုံးကစားခဲ့တဲ့၂၀၁၈ခုႏွစ္ရီးရဲလ္မက္ဒရစ္ႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလီဗာပူးအတြက္ကစားခဲ့တာျဖစ္ပါတယ္။ယင္းပြဲတြင္သူဟာရီးရဲလ္မက္ဒရစ္ဘက္သို႔လက္ေဆာင္ဂိုးႏွစ္ဂိုးေပးခဲ့ပါတယ္။
လက္ရွိအခ်ိန္တြင္ခဲရီးယက္စ္ဟာအီတလီ႐ုပ္သံတင္ဆက္သူဒီလက္တာလီေယာ့တာႏွင့္ခ်စ္ႀကိဳက္ေနပါတယ္။