ပုလင်းများ၊ ခုံများဖြင့် ပစ်ပေါက်ကာ ဘန်လေနှင့်အာဆင်နယ်ပရိသတ်တို့ ရန်ဖြစ်ခဲ့

မနေ့ညတုန်းက Turf Moore တွင်ဘန်လေကိုအာဆင်နယ်က၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်နှစ်ဖက်ပရိသတ်များဟာရုပ်ဆိုးအကျည်းတန်စွာရန်ဖြစ်ခဲ့ကြပါတယ်။

ဘန်လေနှင့်အာဆင်နယ်ပရိသတ်များဟာပုလင်းများ၊အကြွေစေ့များဖြင့်ပစ်ပေါက်ခဲ့တဲ့အပြင်ထိုင်ခုံများကိုပါချိုးပြီးပစ်ပေါက်ခဲ့ကြပါတယ်။

နှစ်ဖက်ပရိသတ်များဟာပွဲပြီးခရာမှုတ်ချိန်တွင်ရန်ဖြစ်ခဲ့တာဖြစ်ပြီးကွင်းလုံခြုံရေးများကကြားဝင်ထိန်းခဲ့ရပါတယ်။

ပရိသတ်အချို့တို့ဟာအတားအဆီးကိုကျော်ဖြတ်ကာတစ်ဖက်သို့ထိုးဖောက်ပြီးတိုက်ရန်ကြိုးပမ်းခဲ့ကြပါတယ်။

ဒါကြောင့်လည်းဘန်လေအသင်းတာဝန်ရှိသူများကစပီကာဖြင့်ထိန်းထိန်းသိမ်းသိမ်းနေကြရန်တောင်းဆိုမှုပြုလုပ်ခဲ့ရပြီး နောက်ဆုံးတွင်နှစ်ဖက်ပရိသတ်များဟာကွင်းအတွင်းမှထွက်ခွာသွားခဲ့ကြပါတယ်။

ဘန်လေနှင့်ပွဲစဉ်တွင်အာဆင်နယ်ဟာအိုဒီဂတ်ရဲ့တစ်လုံးတည်းသောဖရီးကစ်အနိုင်ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းနိုင်ပွဲဟာအာဆင်နယ်အတွက်ယခုရာသီပထမဆုံးအဝေးကွင်းနိုင်ပွဲဖြစ်ပါတယ်။ပွဲအပြီးတွင်အေရမ်ရမ်ဒဲလ်၊တီယာနေးနှင့်အိုဒီဂတ်တို့ဟာအင်္ကျီချွတ်ကာပရိသတ်များကိုပစ်ပေးခဲ့ကြတာတွေ့ရပါတယ်။

ZawGyi

ပုလင္းမ်ား၊ ခုံမ်ားျဖင့္ ပစ္ေပါက္ကာ ဘန္ေလႏွင့္အာဆင္နယ္ပရိသတ္တို႔ ရန္ျဖစ္ခဲ့

မေန႔ညတုန္းက Turf Moore တြင္ဘန္ေလကိုအာဆင္နယ္က၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ႏွစ္ဖက္ပရိသတ္မ်ားဟာ႐ုပ္ဆိုးအက်ည္းတန္စြာရန္ျဖစ္ခဲ့ၾကပါတယ္။

ဘန္ေလႏွင့္အာဆင္နယ္ပရိသတ္မ်ားဟာပုလင္းမ်ား၊အေႂကြေစ့မ်ားျဖင့္ပစ္ေပါက္ခဲ့တဲ့အျပင္ထိုင္ခုံမ်ားကိုပါခ်ိဳးၿပီးပစ္ေပါက္ခဲ့ၾကပါတယ္။

ႏွစ္ဖက္ပရိသတ္မ်ားဟာပြဲၿပီးခရာမႈတ္ခ်ိန္တြင္ရန္ျဖစ္ခဲ့တာျဖစ္ၿပီးကြင္းလုံၿခဳံေရးမ်ားကၾကားဝင္ထိန္းခဲ့ရပါတယ္။

ပရိသတ္အခ်ိဳ႕တို႔ဟာအတားအဆီးကိုေက်ာ္ျဖတ္ကာတစ္ဖက္သို႔ထိုးေဖာက္ၿပီးတိုက္ရန္ႀကိဳးပမ္းခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းဘန္ေလအသင္းတာဝန္ရွိသူမ်ားကစပီကာျဖင့္ထိန္းထိန္းသိမ္းသိမ္းေနၾကရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ရၿပီး ေနာက္ဆုံးတြင္ႏွစ္ဖက္ပရိသတ္မ်ားဟာကြင္းအတြင္းမွထြက္ခြာသြားခဲ့ၾကပါတယ္။

ဘန္ေလႏွင့္ပြဲစဥ္တြင္အာဆင္နယ္ဟာအိုဒီဂတ္ရဲ႕တစ္လုံးတည္းေသာဖရီးကစ္အႏိုင္ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းႏိုင္ပြဲဟာအာဆင္နယ္အတြက္ယခုရာသီပထမဆုံးအေဝးကြင္းႏိုင္ပြဲျဖစ္ပါတယ္။ပြဲအၿပီးတြင္ေအရမ္ရမ္ဒဲလ္၊တီယာေနးႏွင့္အိုဒီဂတ္တို႔ဟာအက်ႌခြၽတ္ကာပရိသတ္မ်ားကိုပစ္ေပးခဲ့ၾကတာေတြ႕ရပါတယ္။