
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုမှာပုံမှန်ပွဲကစားခွင့်မရရှိမှုကြောင့်မပျော်မရွှင်ဖြစ်နေကြောင်းပြောကြားလာပါတယ်။
အသက်၃၇နှစ်ရှိယူနိုက်တက်စူပါစတားဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်တစ်ပွဲတည်းသာပွဲထွက်ကစားခွင့်ရရှိထားပြီး ယူရိုပါလိဂ်တွင်နှစ်ပွဲပွဲထွက်ခွင့်ရထားပါတယ်။
သူဟာတနင်္ဂနွေနေ့တုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးအား၆-၃ဂိုးဖြင့်ရှုံးနိမ့်တဲ့မန်ချက်စတာဒါဘီပွဲစဉ်တွင်အရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။
အဲရစ်တန်ဟက်က “တနင်္ဂနွေနေ့တုန်းကမကစားခဲ့ရလို့သူပျော်မနေပါဘူး။သူကစားချင်နေပါတယ်။ပွဲကစားခွင့်မရတော့စိတ်ပျက်နေတယ်။ဒါကရှင်းရှင်းလေးပါ။သူပြိုင်ဆိုင်မှုပြင်းထန်သူပါ။ပွဲမကစားရလို့မပျော်ပါဘူး။ဒါပေမဲ့အရင်တုန်းကပြောသလိုပဲသူဟာကောင်းကောင်းလေ့ကျင့်တယ်။စိတ်အားထက်သန်တယ်။အကောင်းဆုံးပုံစံမှာရှိတယ်။အကောင်းဆုံးလည်းပေးဆပ်နေတယ်။ဒါကကျွန်တော်တို့မျှော်လင့်ထားတာပါ”လို့ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညတွင်နီကိုရှားနှင့်ရင်ဆိုင်ရမယ့်ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာတော့ယူနိုက်တက်တိုက်စစ်ကိုဦးဆောင်လာဖို့ရှိနေပါတယ်။
ဆက်လက်ပြီးအဲရစ်တန်ဟက်ကမန်ချက်စတာဒါဘီရှုံးပွဲကြောင့်အသင်းရဲ့လိုအပ်ချက်များကိုအသေးစိတ်ပြန်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ရပြီး ယင်းသင်ခန်းစာအတွက်ဂွါဒီယိုလာနှင့်မန်စီးတီးကိုကျေးဇူးတင်ကြောင်းဆိုသွားပါတယ်။
ZawGyi
ပုံမွန္ပြဲမကစားရလို႔ ခရစၥတီယာႏိုေရာ္နယ္ဒို မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္း အဲရစ္တန္ဟက္ဖြင့္ဟလာ
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာပုံမွန္ပြဲကစားခြင့္မရရွိမႈေၾကာင့္မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းေျပာၾကားလာပါတယ္။
အသက္၃၇ႏွစ္ရွိယူႏိုက္တက္စူပါစတားဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္တစ္ပြဲတည္းသာပြဲထြက္ကစားခြင့္ရရွိထားၿပီး ယူ႐ိုပါလိဂ္တြင္ႏွစ္ပြဲပြဲထြက္ခြင့္ရထားပါတယ္။
သူဟာတနဂၤေႏြေန႔တုန္းကအီတီဟတ္ကြင္းတြင္မန္စီးတီးအား၆-၃ဂိုးျဖင့္ရႈံးနိမ့္တဲ့မန္ခ်က္စတာဒါဘီပြဲစဥ္တြင္အရန္အျဖစ္ပင္ဝင္ေရာက္ကစားခြင့္မရခဲ့ပါဘူး။
အဲရစ္တန္ဟက္က “တနဂၤေႏြေန႔တုန္းကမကစားခဲ့ရလို႔သူေပ်ာ္မေနပါဘူး။သူကစားခ်င္ေနပါတယ္။ပြဲကစားခြင့္မရေတာ့စိတ္ပ်က္ေနတယ္။ဒါကရွင္းရွင္းေလးပါ။သူၿပိဳင္ဆိုင္မႈျပင္းထန္သူပါ။ပြဲမကစားရလို႔မေပ်ာ္ပါဘူး။ဒါေပမဲ့အရင္တုန္းကေျပာသလိုပဲသူဟာေကာင္းေကာင္းေလ့က်င့္တယ္။စိတ္အားထက္သန္တယ္။အေကာင္းဆုံးပုံစံမွာရွိတယ္။အေကာင္းဆုံးလည္းေပးဆပ္ေနတယ္။ဒါကကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားတာပါ”လို႔ေျပာၾကားသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညတြင္နီကိုရွားႏွင့္ရင္ဆိုင္ရမယ့္ယူ႐ိုပါလိဂ္အုပ္စုပြဲစဥ္မွာေတာ့ယူႏိုက္တက္တိုက္စစ္ကိုဦးေဆာင္လာဖို႔ရွိေနပါတယ္။
ဆက္လက္ၿပီးအဲရစ္တန္ဟက္ကမန္ခ်က္စတာဒါဘီရႈံးပြဲေၾကာင့္အသင္းရဲ႕လိုအပ္ခ်က္မ်ားကိုအေသးစိတ္ျပန္လည္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရၿပီး ယင္းသင္ခန္းစာအတြက္ဂြါဒီယိုလာႏွင့္မန္စီးတီးကိုေက်းဇူးတင္ေၾကာင္းဆိုသြားပါတယ္။