ပူလီဆစ်နှင့်ဇင်ချန်ကိုတို့ကို အငှားဖြင့်ခေါ်ယူရန် ဂျီနိုအာနည်းပြသစ်ရှက်ဗ်ချင်ကိုပစ်မှတ်ထားနေ

ဂျီနိုအာနည်းပြသစ်အင်ဒရေရှက်ဗ်ချင်ကိုဟာချဲလ်ဆီးစတားခရစ္စတီယန်ပူလီဆစ်နှင့်မန်စီးတီးစတားအိုလီဆန္ဒားဇင်ချန်ကိုတို့ကိုအငှားဖြင့်ခေါ်ယူရန်ပစ်မှတ်ထားလာကြောင်းသိရပါတယ်။

အေစီမီလန်နှင့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာမကြာသေးမီတုန်းကဂျီနိုအာနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ဂျီနိုအာဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၁၇နေရာတွင်ရပ်တည်နေပြီးတန်းမဆင်းရရေးတိုက်ပွဲဝင်နေရပါတယ်။

Secolo XIX ရဲ့ဖော်ပြချက်အရအေစီမီလန်ဂန္ထဝင်တိုက်စစ်မှူးဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခေါ်ယူအားဖြည့်ပြီးတန်းမဆင်းရရေးတိုက်ပွဲဝင်ရန်စီစဉ်နေပါတယ်။

အသက်၄၅နှစ်ရှိယူကရိန်းနည်းပြဟောင်းဟာအသင်းဟောင်းချဲလ်ဆီးမှပူလီဆစ်နှင့်လက်ရွေးစင်အသင်းတွင်ကာလရှည်ကြာလက်တွဲခဲ့တဲ့ဇင်ချန်ကိုတို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

ပူလီဆစ်ဟာယခုရာသီတွင်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရသူဖြစ်ပြီးယခုအခါပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။ဒါပေမယ့်သူဟာချဲလ်ဆီးတင်နေရာရရှိရန်ရုန်းကန်လာရဖို့ရှိပါတယ်။ယူကရိန်းလက်ရွေးစင်ဇင်ချန်ကိုမှာလည်းမန်စီးတီးတွင်ပုံမှန်ပွဲကစားခွင့်ရရန်ရုန်းကန်နေရသူဖြစ်ပါတယ်။

ရှက်ဗ်ချင်ကိုဟာပူလီဆစ်နှင့်ဇင်ချန်ကိုတို့အပြင်ကလပ်ဟောင်းဒိုင်နမိုကိဗ်မှ မိုင်ကိုလန်ကိုနှင့်ဆာမြူးကာစတဲလ်လီဂျိုတို့ကိုလည်းပစ်မှတ်ထားနေပါတယ်။

ရှက်ဗ်ချင်ကိုဟာဂျီနိုအာနည်းပြဘဝပထမဆုံးပွဲစဉ်အဖြစ်နိုင်ငံတကာပွဲစဉ်များအပြီးတွင်ချဲလ်ဆီးတွင်လက်တွဲခဲ့ဖူးတဲ့ဆရာဟောင်းမော်ရင်ဟိုရဲ့ရိုးမားနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ပူလီဆစ္ႏွင့္ဇင္ခ်န္ကိုတို႔ကို အငွားျဖင့္ေခၚယူရန္ ဂ်ီႏိုအာနည္းျပသစ္ရွက္ဗ္ခ်င္ကိုပစ္မွတ္ထားေန

ဂ်ီႏိုအာနည္းျပသစ္အင္ဒေရရွက္ဗ္ခ်င္ကိုဟာခ်ဲလ္ဆီးစတားခရစၥတီယန္ပူလီဆစ္ႏွင့္မန္စီးတီးစတားအိုလီဆႏၵားဇင္ခ်န္ကိုတို႔ကိုအငွားျဖင့္ေခၚယူရန္ပစ္မွတ္ထားလာေၾကာင္းသိရပါတယ္။

ေအစီမီလန္ႏွင့္ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာမၾကာေသးမီတုန္းကဂ်ီႏိုအာနည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ဂ်ီႏိုအာဟာစီးရီးေအအမွတ္ေပးဇယားအဆင့္၁၇ေနရာတြင္ရပ္တည္ေနၿပီးတန္းမဆင္းရေရးတိုက္ပြဲဝင္ေနရပါတယ္။

Secolo XIX ရဲ႕ေဖာ္ျပခ်က္အရေအစီမီလန္ဂႏၴဝင္တိုက္စစ္မႉးဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားသစ္ေခၚယူအားျဖည့္ၿပီးတန္းမဆင္းရေရးတိုက္ပြဲဝင္ရန္စီစဥ္ေနပါတယ္။

အသက္၄၅ႏွစ္ရွိယူကရိန္းနည္းျပေဟာင္းဟာအသင္းေဟာင္းခ်ဲလ္ဆီးမွပူလီဆစ္ႏွင့္လက္ေ႐ြးစင္အသင္းတြင္ကာလရွည္ၾကာလက္တြဲခဲ့တဲ့ဇင္ခ်န္ကိုတို႔ကိုေခၚယူရန္ပစ္မွတ္ထားေနပါတယ္။

ပူလီဆစ္ဟာယခုရာသီတြင္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနရသူျဖစ္ၿပီးယခုအခါျပန္လည္ေကာင္းမြန္လာၿပီျဖစ္ပါတယ္။ဒါေပမယ့္သူဟာခ်ဲလ္ဆီးတင္ေနရာရရွိရန္႐ုန္းကန္လာရဖို႔ရွိပါတယ္။ယူကရိန္းလက္ေ႐ြးစင္ဇင္ခ်န္ကိုမွာလည္းမန္စီးတီးတြင္ပုံမွန္ပြဲကစားခြင့္ရရန္႐ုန္းကန္ေနရသူျဖစ္ပါတယ္။

ရွက္ဗ္ခ်င္ကိုဟာပူလီဆစ္ႏွင့္ဇင္ခ်န္ကိုတို႔အျပင္ကလပ္ေဟာင္းဒိုင္နမိုကိဗ္မွ မိုင္ကိုလန္ကိုႏွင့္ဆာျမဴးကာစတဲလ္လီဂ်ိဳတို႔ကိုလည္းပစ္မွတ္ထားေနပါတယ္။

ရွက္ဗ္ခ်င္ကိုဟာဂ်ီႏိုအာနည္းျပဘဝပထမဆုံးပြဲစဥ္အျဖစ္ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္ခ်ဲလ္ဆီးတြင္လက္တြဲခဲ့ဖူးတဲ့ဆရာေဟာင္းေမာ္ရင္ဟိုရဲ႕႐ိုးမားႏွင့္ရင္ဆိုင္ကစားရပါမယ္။